But _ 22

1.3K 115 25
                                    

Unicode

အချိန်အားဖြင့် ညနေ (၅)နာရီ

ဘေးကအနွေးလုံးလေး မရှိတော့သည်ကို ခံစားမိသည်နှင့်တစ်ပြိုင်နက် ထယ်ယောင်း နိုးလာရသည်။ရေချိုးခန်းတွေ အဝတ်တွေထားတဲ့အခန်းထဲမှာ ဆော့ဂျင်ကို သွားရှာသော်လည်း အရိပ်အယောင်တောင်မတွေ့။

ဒီလိုနဲ့ထယ်ယောင်းအောက်ထပ်သို့ဆင်းလာရသည်။ဧည့်ခန်းထဲမှာလည်းမရှိ၊ခြံထဲသို့ဆင်းကြည့်တော့ Taesoo hyungနဲ့စကားပြောရင်းရယ်မောနေသော ဆော့ဂျင်ကို တွေ့ရသည်။သူအိမ်တံခါးတွင်မတ်တပ်ရပ်လက်ပိုက်ကာ ဆော့ဂျင်ကို ကြည့်မိသည်။

ထယ်ယောင်း စဉ်းစားမိသည်။သူနဲ့ဆိုရင် ဆော့ဂျင်ရဲ့ဒီလိုအပြုံးကို မမြင်ရပေ။ထို‌အတွေးနဲ့အတူ ထယ်ယောင်း မျက်နှာ‌မဲမှောင်လာကာ Taesoo hyungနဲ့ဆော့ဂျင်ကို သဝန်တိုလာသည်။

"‌ဆော့ဂျင်"

ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ  ခပ်မဲ့မဲ့အပြုံးနဲ့တစ်လှမ်းစီလျှောက်လာသော ထယ်ယောင်းသည် ဆော့ဂျင်နှလုံးသား ခုန်ဖို့ လုံလောက်ပါသည်။

ဆော့ဂျင်ထယ်ယောင်းကို ကြည့်သည့်အကြည့်ကို ပြန်ရုတ်သိမ်းပြီး

"မင်းနိုးလာပြီလား"
ဆော့ဂျင်မေးလိုက်သည်။

"အင်း အနွေး‌လုံးလေး ပျောက်သွားလို့လေ "

ဆော့ဂျင် ပိုရန်ကော ဆိုသည့် ပုံစံဖြင့် မျက်နှာမဲ့ပြမိသည်။

"အိမ်ထဲဝင်ကြ‌ေတာ့လေ hyungရောပဲ အေးနေပြီ"

"အင်း ဝင်ကြတာပေါ့ "

ထယ်ဆူ အရှေ့ကနေအိမ်ထဲဝင်သွားပြီး ဆော့ဂျင် အနောက်ကလိုက်ဖို့လမ်းလျှောက်တုန်းမှာပဲ ဆော့ဂျင်ရဲ့လက်မောင်းကို ထယ်ယောင်း ဆုတ်ကိုင်ကာ ‌ေြခလှမ်းတို့ကို ရပ်စေသည်။

"ပျော်နေလား ငါ့အကိုနဲ့လေ"

ထို‌အမေးကြောင့် ဆော့ဂျင် မျက်နှာတွင် ခက်ထန်မှု့အရိပ်အယောင်များ။

"မင်း ဘာစကားပြောတာလဲ"

"ကိုယ့်ယောက်ျားကို ပစ်ပြီး တခြားယောက်ျားလေးနဲ့ရယ်ရယ်မောမောစကားပြောကတာ ပျော်ရဲ့လားလို့လေ"

But~~~[Complete]Where stories live. Discover now