But _ 28

1.3K 108 78
                                    

Unicode

မျက်လုံးနှစ်ဖက်တို့ကျိန်းစက်နေခဲ့ပြီး အောက်ပိုင်းတစ်နေရာကလည်းအောင့်သက်သက်။လည်ချောင်းကလည်းခြောက်ကပ်နေခဲ့ပြီး စကားတစ်ခွန်းပြောဖို့ အသံပင်မထွက်လာ။စကားပြောဖို့အချိန်ယူနေစဉ် ဘေးက ထယ်ယောင်းအိပ်သည့်နေရာကို လက်ဖြင့် စမ်းမိချိန်အေးစက်နေသော နေရာအလွတ်။

ထယ်ယောင်းအိပ်သည့်ဘက်ကို မျက်နှာလေးလှည့်ကာ ကြည့်မိသည်။လည်‌ေချာင်းတို့ခြောက်ကပ်သည့်ကြားမှ အော်ခေါ်သည့် နာမည်လေးက တိုးညှင်းစွာ။အသက်ကလည်းအက်ကွဲနေခဲ့သည်။

"ထယ်...ယောင်း"

ပထမတစ်ကြိမ်ခေါ်သည့်အသံမှာတိုးညှင်းသလောက် နှစ်ကြိမ်သုံးကြိမ်ထပ်‌ကာ ခေါ်မိတော့

ဂျောက်!

ထယ်ယောင်းတို့အခန်းတွင်ရှိသည့် စာကြည့်ခန်းကနေ ဆော့ဂျင်ရဲ့အော်ခေါ်သံကြား၍ ထယ်ယောင်း ထိုအခန်းထဲမှ ထွက်လာခဲ့သည်။

ကုတင်ပေါ်တွင် လှဲကာ သူ့ကို မျက်ရည်တွေဝဲနေသော မျက်ဝန်းများဖြင့် ကြည့်နေသော ဆော့ဂျင်ကို ကြည့်၍ ထယ်ယောင်း သက်ပြင်းချလိုက်သည်။ဆော့ဂျင်ကို စိတ်ဆိုးမည်ဆိုသည့် ရည်ရွယ်ချက်လေးက ပျောက်ကွယ်လုနီးပါး။

"နိုးပြီလား ထနိုင်လား "

"ဟင့်အင်း...ငါ့ကိုချီပါ ထယ်ယောင်း"

ကုတင်ပေါ်တွင် လှဲ၍ သူ့ကိုကြည့်ရင်း လက်ဆန့်တန်းလာသော ဆော့ဂျင်သည် ကလေးတစ်ယောက်ချွဲမည့်လူရှာတွေ့သည့်နှယ်။

ထယ်ယောင်း ဆော့ဂျင်နားသို့ရောက်ကာ ကုတင်ပေါ်သို့တက်ပြီး ဆန့်တန်းသော လက်ကြားထဲသို့ဝင်ကာ ဆော့ဂျင်ကို အရင်ဆုံးထိုင်စေပြီး ပွေ့ချီမည်အပြု...

သူ့ပုခုံးပေါ်မ‌ေရာက်ခင် သူ၏ညှပ်ရိုးနားတွင်ကြောင်လေးတစ်ကောင်လို ခေါင်းတိုးဝင်လာသော ဆော့ဂျင်။

ထယ်ယောင်းအသာပြုံးလိုက်ပြီး
"ဆော့ဂျင် မျက်နှာသစ်ရေချိုးရမယ်လေ"

"ဟင့်အင်း..."

"အာ့ဆိုပြန်အိပ်မလား"

"........"
အသံတိတ်ကာ သူ့ခါးကို တင်း"ကြပ်"ဖက်ပြီး ရင်ဘတ်နားတွင် ပါးအပ်ထားပြန်သည်။
ပြီးနောက် ကွဲရှရှအသံလေး ထွက်လာကာ

But~~~[Complete]Where stories live. Discover now