But _ 30

1.1K 101 27
                                    

Unicode

ဆော့ဂျင်တို့သုံးယောက်အခုကျောင်းသွားကာ y/nကိုသွားကြိုကြသည်။ကျောင်းရှေ့ကားရပ်လိုက်တော့ y/nသည်သူတို့ကားစီပြေးလာသည်။

"Y/n ငါ့ဘေးမှာ လာထိုင်"

"အင်းအင်း"
Loveseatနေရာတွင်နေရာတကျထိုင်ပြီး ကားနောက်ခန်းတွင် ထိုင်နေကြသော ommoni နဲ့ chiwoo hyungကို  နှုတ်ဆက်လိုက်သော y/n။
ကားပေါ်တွင် လေးယောက်သား စကားတွေပျော်ပျော်ရွှင်ရွှင် ပြော၍ Jin အမေအိမ်ဆီသို့။

ဂျင်တို့အိမ်ရောက်တော့ ဂျင့်အဖေသည် အလုပ်မသွားသေးကြောင်းသိရသည်။Appaမှလွဲ၍ ommaကို ချီဝူးဟျောင်းအကြောင်း ommoni ကပြောပြထားသည်။သို့သော် မသိသလို ဟန်ဆောင်ရင်း နှုတ်ဆက်ကြသည်။
Appa အလုပ်သွားမဲ့အချိန်ကို စောင့်ရင်း ပြောမကုန်နိုင်မဲ့ စကား‌တွေပြောကြတော့သည်။

မနက်စာစားပြီး၍ထွက်လာသော Appa.
"ခွင့်ပြုကြပါဦး ဒီနေ့ Entertainment တစ်ခုနဲ့စာချုပ်ချုပ်ရမှာမို့"

"ရှင့်ရဲ့စာချုပ်ချုပ်တာတွေကို ယုံကြည်ရတဲ့ရှင့်အတွေးရေးမှူးကို လုပ်ခိုင်းပါလို့ ကျွန်မပြောထားတယ်လေ"

"အော် မိန်းမရယ် ယောက်ျားကိုယ်တိုင် လုပ်လိုက်တော့မကောင်းဘူးလား"

"ပြောရဆိုရခက်လိုက်တာရှင်"
Ommaကမျက်မှောင်ကြီးကြုတ်ကာ မကျေမနပ်ဖြင့် Appaကိုစိုက်ကြည့်နေတော့သည်။  Appaအပါအဝင် ကျန်တဲ့သူတွေအကုန်လုံး Ommaကို ပြုံးပြီးကြည့်နေတော့သည်။

"ကဲပါ Ommaရယ် မျက်မှောင်ကြီးကြုတ်တာကို လျော့ပါဦး"

"သွား တော့ ရှင့်ကိုစိတ်ပူလို့ပြောနေရတာ ခေါင်းကိုက်ရင် ခေါင်းကိုက်တယ်လို့မပြောတတ်တဲ့ ရှင့်ကိုစိတ်ပူလို့ရှင့် စိတ်ပူလို့ ဟင်း"

"ကဲပါကွာ ကိုယ် ဂရုစိုက်ပါ့မယ် သွားပြီနော်"

"အင်း အင်း"

Appa အိမ်ကနေ ကားမောင်းကာ ထွက်သွားပြီးနောက်

"နင်ကလည်းဟယ် မျက်မှောင်ကြီးကို မကြုတ်ထားစမ်းပါနဲ့ skin careထားပေမဲ့ အဲ့လိုကြီး ကြုတ်ရင် ရုပ်ဆိုးတယ်ဟဲ့"

But~~~[Complete]Where stories live. Discover now