Uni
Cafeဆိုင်ထောင့်ကျသည့်နေရာတွင်ထယ်ယောင်းနဲ့ဆော့ဂျင်တို့နှစ်ယောက် ယူမင်နဲ့ချယ်ဘင်းကို စောင့်နေကြတာဖြစ်သည်။ဆိုင်လေးကလူရှင်းသည် ကျယ်လည်းမကျယ် ကျဉ်းလည်းမကျဉ်း ကော်ဖီနံ့လေးတွင်သင်းနေသောကြောင့် ဆော့ဂျင် ဒီဆိုင်ကို တော်တော်သဘောကျသည်။ထယ်ယောင်းကတော့ ဖုန်းအသုံးမပျက် ဆော့ဂျင်နှာခေါင်းရှုံ့လိုက်ကာ အရှေ့က ကော်ဖီအေးကိုပဲ သောက်နေသည်။
ခနအကြာ ချယ်ဘင်းဆိုသည့် ကောင်မလေးနဲ့ ယူမင်ရောက်လာသည်။
ချယ်ဘင်းထိုင်ထိုင်ချင်း ဆော့ဂျင်ကို ကြည့်၍ဆိုလာသည့်စကားက"အဲ့နေ့က ဖြစ်ပျက်သွားတာတွေအတွက် တကယ် တောင်းပန်ပါတယ် seokjin shi..."
"ဟုတ်ကဲ့...."
"ချယ်ဘင်းက သကြားလုံးကြိုက်တော့ သကြားလုံးလှလှလေးတွေမြင်တာနဲ့ စားချင်လာတာ။အဲ့တာကသူများအတွက်အသုံးချစရာဖြစ်သွားမယ်လို့ မထင်ထားမိခဲ့ဘူး။ပြောရမယ်ဆိုရင် ချယ်ဘင်းလည်း ထယ်ယောင်းကို အပျော်တွဲရုံပါပဲ...ဘာခံစားမှု့မှမရှိခဲ့ဘူး..။အဲ့နေ့ကလည်း အသိစိတ်ရှိတာနဲ့လွတ်နေတာနဲ့ဒွန်တွဲနေတာကြောင့် တစ်ချို့ကိစ္စကိုပဲမှတ်မိတာ မှတ်မိသလောက်ပြောရမယ်ဆိုရင် ထယ်ယောင်းဆီသွားရင် ထယ်ယောင်းက ယူမင်ကို ခေါ်ပေးမယ်လို့အတပ်သိတယ် ဒါမဲ့လိုချင်စိတ်ကပြင်းပြနေတော့လားမသိဘူး ထယ်ယောင်းကို နမ်းမိသွားတယ်ထင်တယ် ဘာပဲဖြစ်ဖြစ် ချယ်ဘင်း ဆော့ဂျင်ကို တောင်းပန်ပါတယ်"
ချယ်ဘင်းရဲ့ ရှင်းပြမှု့အရှည်ကြီးပြီးသွားချိန်မှာ ထယ်ယောင်းကို တစ်ချက်ကြည့်လိုက်တော့ "တွေ့လားမဟုတ်တာမလုပ်ဘူး"ဆိုသည့်ပုံစံဖြင့် မေးဆတ်ပြလာသည်။
"ဟုတ်ကဲ့ ကျွန်တော်သိပါပြီ။ဒါနဲ့ နှစ်ယောက်ကရောအဆင်ပြေရဲ့လား"
"ဟုတ်အဆင်ပြေပါတယ်"
ဟု ယူမင်ကပြောလာသည်။"အဆိုးထဲကအကောင်းဖြစ်သွားတယ်ပြောရမလားဘဲ မင်ယူရီသာ ဆေးရှိတဲ့သကြားလုံးသာ မကျွေးခဲ့ရင် ယူမင်က ဖွင့်ပြောပါ့မလားတောင်မသိဘူး "
ပြောပြောဆိုဆို ဘေးတွေင်ထိုင်နေသော ယူမင်ကို မျက်စောင်းထိုးလိုက်သော ချယ်ဘင်း။