Chapter 2 ပင်လယ်ငိုချင်း

73 8 1
                                    

မောပန်းလှသည်၊၊ တောင်ကမ်းပါရံကို ရောက်ဖို့ သူ အားကုန်သုံး ပြေးတက်နေပါသော်လည်း သူ ခြေလှမ်းများက နှေးကွေးသယောင်၊၊ သူ၏ သိန်းချီသော စစ်သည်တို့လည်း တစ်ယောက်မှ မရှိ။ သူ ယုံကြည်ရသော ကိုယ်ရံတော်များလည်း မရှိ၊၊ အမှောင်ထု အလယ် တစ်ဦးတည်းသာ။

အဆုံးမရှိသော အမှောင်ထုကို မျက်နှာမူလျှက် လူတစ်ဦးက သူကို ကျောပေးရပ်နေသည်၊၊ ကမ်းပါးယံထက်တွင် တိုက်ခက်နေသော လေရိုင်းများကြောင့် ထိုသူ၏ အပိုင်းပိုင်းစုတ်ပြဲနေသော ဝတ်ရုံစ များက လွင့်ထွက်တော့ မရောင်၊၊ သွေးစိမ်းတို့ စိုရွဲနေသောကြောင့် အနီးဆွေးဆွေး ဝတ်ရုံက ပို၍ပင် တောက်ပနေသလို။ ‌ပြေလျော့နေသော ဆံနွယ်ရှည်များကလည်း လေထဲတွင် လျွင်ပျံနေသည်၊၊

သူ အော်ခေါ်သည်၊၊ သို့ပင်မဲ့ သူအသံက ထွက်မလာ၊၊ သူ ဆွဲခေါ်ဖို့ ကြိုးစားပင်မဲ့ သူ ကိုယ်က လူပ်မရ။ မွန်းကျပ် နာကျင်နေသော သူကို ကမ်းပါးစွန်းမှာ ရပ်နေသူက တရွေ့ရွေ့ လှည့်ကြည့်လာသည်၊၊ နှင်းပွင့်ပမာ ဖြူစွတ်နေသော မျက်နှာထက်က ဖျော့တော့တော့ အပြုံးနှင့် သွေးသံရဲရဲများ၊၊ သူ လက်ကို ကြိုးစားကမ်းလှမ်းလိုက်ပင်မဲ့ ........ လေအဟုန်မှာ လွင့်ထွက်သွားသော.....တိမ်စတွေလို........သူ...အားကုန်းသုံး ရုန်းကန်ရင် ဖမ်းဆုတ်လိုက်ပင်မဲ့ တို့ထိလိုက်ရသည့်က ဆံနွယ်များသာ။ သူ ရင်ကွဲလုထိ အော်ဟစ်လိုက်သည်၊၊

"အား.............."

"အရှင်.........အဆင်ပြေရဲ့လား၊၊"

"ဘာမှ မဟုတ်ဘူး။ သွားတော့"

စိုးရိမ်းတကြီး ပြေးဝင်လာသော တပ်မှူးလေးကို အပြင်ပြန်ထွက်ခိုင်းလိုက်ပြီ သူ ကိုယ်သူ ပြန် ကြည့်မိသည်၊၊ ဇောချွေးတို့က မြင်မအောင် ထွက်နေသည်၊၊ သူ ဘဝတွင် ထမဆုံးအကြိမ် ကြောက်လန့်ခြင်းကို ခံစားဖူးခြင်းပင်၊၊

"အရှင်....ကျွန်တော် တပ်မှူးလီပါ၊၊ "

"အင်း....ဝင်ခဲ့၊၊"

တပ်မှူးလီက သူ အားကိုးရသော လူယုံ တစ်ဦးပင်၊၊

"အရှင်.......ညက မှာကြားတာတွေ အားလုံး စီစဉ်ပြီပါြပီ။ အိမ်ရှေ့ကြင်ယာတော် အတုကတော့ စစ်ဆေးရင်း သတိလစ်သွားတာမို့ အခု ခဏရပ်ထားပါတယ်၊၊"

ညို့သော ပင်လယ် ဆွဲငင်သော လမင်းNơi câu chuyện tồn tại. Hãy khám phá bây giờ