Chapter 5 ချစ်သူ ဖန်တီးေသာ အလှ

48 5 1
                                    

လျှောင်တွေ ရှုံးပြီ။............ဟေး............၊၊
အား..........ပြေး........အ........၊၊
ကယ်ကြပါ၊၊
အရှင့်သား.............၊၊
မြင်တွေသမျှ အရာအားလုံးတွင် အနီရောင် လတ်ဆတ်သော သွေးများ စွန်းထင်လျှက်၊၊ ထိလာသော အရာများကလည်း အေးမြသော ရေမဟုတ် ပူနွေးသော သွေးများသာ........၊၊
ကုန်းကျွင်း.......ကုန်းကျွင်း
အင်း၊၊
ကိုယ်ရှိတယ်၊၊ မကြောက်နဲ့၊၊ ........အိမ်မက်ဆိုးတွေ မက်နေတာ၊၊
တုန်ရီနေသော ကိုယ်လေးကို အသာပွေ့ဖက်ပေးရင် ကျန်းကျယ်ဟန် မသိမသာ အံကြိတ်မိသည်၊၊
သွေးတွေ..........နောက် မီးတွေ။
အိမ်မက်........ အိမ်မက်ပါ၊၊
ကျောကုန်းကို ဖွဖွလေး ပုတ်ပေးရင် တဆက်ဆက်တုန်ရီနေသော ခန္ဓာကိုယ်လေးကို တဖြည်းဖြည်း ငြိမ်သက်လာစေသည်၊၊ သူကိုယ်သူ အံသြမိသည်၊၊ သိတက်စကတည်းက နိုင်ငံရေး၊ စစ်ရေးတွေ ကြားထဲ နှစ်မြုတ်ထားသော သူထံ တစ်ပါးသူကို နှစ်သိမ့် တက်သော စွမ်းရည်ရှိနေတာလား၊၊
အသင်......အသင်က။
သြ....လပြည်ညက တွေတဲ့ လူလေ၊၊ မမှတ်မိဘူးလား။
သူ ရင်ခွင်မှ ရုန်းထွက်ရင် စမ်းတဝါးဝါး မေးနေသော ကောင်လေး၏ မျက်နှာတွင် ရှက်စိတ်ကြောင့် ထင်သည် အနီနုနု သန်နေသည်၊၊
လမ်း.....လမ်းပျောက်တဲ့......လူ
အင်း......ဟုတ်တယ်၊၊ မှတ်မိပြီလား။
ကျွန်တော် အိပ်နေတာ ကြာပြီလား၊၊
အင်း မင်း သုံးရက်တောင် အိပ်နေတာလေ၊၊
ရှောင်ရဲ.......ရှောင်ရဲရော။
သြ.... သူ ........စားစရာ သွားရှာတယ်၊၊
အသင်က မပြန်သေးဘူးလား၊၊
ပြန်စေချင်လို့လား၊၊
ဟမ်...ဟို.........အသင်မှာ .....လုပ်စရာ ....ကိစ္စတွေ ရှိမှာပေါ့။ ကျွန်တော်ကြောင့် ကြန့်ကြာသွားရင်.......။
မရှိဘူး..........၊၊ ကဲ........ရှောင်ရဲက စွပ်ပြုတ်လုပ်ထားတယ်။ အားရှိအောင် စားလိုက်ဉီး။ ခွမ်း........အ..........၊၊
ဘာဖြစ်တာ.............။
ကုန်းကျွင်းစကားကို ဖြတ်ချရင်း..... သူစွတ်ပြုတ်ထည်ဖို့ ထလိုက်ပင်မဲ့ မူးမိုက်သွားသော ခေါင်းကြောင့် လက်ထဲက ပန်းကန်းက ကျကွဲသွားသလို သူ ခန္ဓာကိုယ်လည်း ကုန်းကျွင်းပေါ်ကို ကျသွားသည်၊၊
ရှောင်ရဲ..........ရှောင်ရဲ.........လာပါဦး........သူ.........ဘာဖြစ်တာလဲ မသိဘူး၊၊
အရှင်......၊၊
အမဲလိုက်က ပြန်လာသော ရှောင်ရဲ သခင်၏ အသံကြောင့် ပြေးဝင်လာ ပင်မဲ့ မြင်လိုက်ရသော မြင်ကွင်းကြောင့် အနည်းငယ် တွန်ဆုတ်သွားမိသည်။
ရှောင်ရဲ ပြန်လာပြီလာ။ သူ ဘာဖြစ်တာလဲ မသိဘူး။ လဲကျလာတယ်။
သခင်ကိုယ်ပေါ် လဲကျနေသော အရှင်ကို အသာဖယ်ချရင်း သခင်ဘေးမှာသာ နေရာချထားလိုက်သည်၊၊
သူ ပင်ပန်းသွားတာပါ၊၊ အိပ်လိုက်ရင် ကောင်းသွားမှာပါ၊၊၊ ကို ရော ဘယ်လိုနေလဲ၊၊ ၅ ရက်တောင် အိပ်နေလို့ ဆရာတော်တောင် လာကြည့်သွားသေးတယ်၊၊ ကို အိမ်မက်ဆိုးတွေ မက်သေးလာ၊၊
၅ ရက်......
အင်း.......၊၊
၅ ရက်လုံး ဒီလူက အကို အနားမှာလား၊၊
အင်း.....သူက .... သူလည်း ကုန်ရောင်း သွားပြီရင်း ဒီကိုပဲ ပြန်လာတာ၊၊ ဒီက သူ သွားမယ်စျေးနဲ့ ပိုနီးလိုတဲ့၊၊
သူမ စကားကို နားထောင်ရင်း သခင်က တစ်ခုခုကို စဉ်းစားနေပုံပင်၊၊ ကျိုးရဲ အရှင်မျက်နှာကို ကြည့်မိသည်၊၊ အရှင်၏ မျက်နှာကြမ်းတမ်းသော ရာသီဉတုကြား လပေါင်းများစွာ မအိပ်မနေ တိုက်ပွဲဝင်နေတုန်းကတောင် ဤမျှ ချောင်ကြမနေခဲ့၊၊ သခင်အတွက် ...အရှင် ဘယ်လောက်တောင် စိတ်ဖိစီးနေသလဲ၊၊
တပ်မှူး..... တပ်မှူး၊၊
ဘာဖြစ်တာလဲ.......၊၊
ဟို....မုဆိုးတစ်ယောက်က အရှင်ကို တွေ့ ချင်လို့ပါတဲ့၊၊
မုဆိုး......
အစောင့် တပ်သား၏ စကားကို သံယောင်လိုက်ရင်း နန်းဆောင်၏ အပြင်ဘက်ကို  တပ်မှူးချန် ကြည့်မိတော့ အစောင့် စစ်သည်များကြား အသားညိုညို နှင့် တောင့်တင်းသော ခန္ဓာရှိသည့် လူငယ်တစ်ဦး ရပ်နေတာကို တွေ့ရသည်၊၊
ဘာ ကိစ္စလဲ၊၊
အရှင်တို့ ရှာနေတဲ့ လူ ရှိတဲ့ နေရာကို သိပါတယ်။
ငါတို့ရှာနေတာ ဘယ်သူလဲ ဆိုတာ မင်းသိလို့လား၊၊
လျှောင် ဒုတိယ မင်းသား ၊၊
ဟုတ်ပြီ၊၊ သူ့ အလောင်းမှန်း မင်းဘယ်လိုသိလဲ၊၊
အလောင်းမဟုတ်ဘူး၊၊
ဘာ.......
အရှင်ပါ၊၊ လျောင် မင်းသားက အသက်ရှင်လျှက် ရှိပါတယ်၊၊
သေချာလား၊၊
သေချာပါတယ်၊၊
မင်းက လျှောင် နိုင်ငံသား မဟုတ်လား။ ဘာကြောင့် ငါတို့ကို သတင်းပေးတာလဲ။ လှည့်ဖြားဖို့ မကြိုးစားနဲ့ ။
အဆုံးမရှိ ချောက်ကနေ လျှောင် မင်းသား ကျသွားကတည်းက နည်းမျိုးစုံ သုံး၍ ရှာပင်မဲ့ တော၏ ပရိယာယ်ထဲမှာ အသက်ပေးရသူ မနည်းတော့။ တောကို နာလည်းသည့် မုဆိုးတွေကလည်း အသက်သာ အသေခံသည် ၊၊ တောရဲ့ လျှို့ဝှက်ချက်ကို မပြောကြ။ ပြောသူတွေကလည်း ထောင်ချောက်တွေပင်။
လျှောင် ဘုရင်နဲ့ ကြှနျုပျကွားမှာ သွေးကြွေးရှိပါတယ်၊၊ ကြှနျုပျ ဖခင်ကို သေဒဏ်ပေးဖူးပါတယ်၊၊ အရှင်တို့ မယုံလျှင် မှတ်တမ်းဟောင်းများနဲ့ တိုက်စစ်နိုင်ပါတယ်
ကောင်းပြီလေ.......သင် ဖခင်က ဘယ်သူလဲ၊၊
မုဆိုးချူးပါ။ လျှောင်မှာ မင်းသားနှစ်ပါး ရှိတာကို သိသွားလို့ အသတ်ခံရတာပါ၊၊ မှတ်တမ်းမှာတော့ လျှောင် အိမ့်ရှေ့စံကို လုပ်ကြံမူလို့ ပြောထားပါတယ်၊၊
မုန်ယဲ့ နဲ့ ဝေ့မင်  လျှောင် တရားရုံး မှတ်တမ်းနဲ့ စစ်ဆေးစမ်း၊၊ ကဲ ပြော သူ ဘယ်မှာလဲ
အရှင် တို့ရှာနေတဲ့ တောမှာပဲ သူရှိပါတယ်။
ဘာ..
တောကို မှော်ပညာ သုံးပြီ ကာကွယ်ထားတာပါ၊ နဂါးသွေးကို သုံးရင် ဝင်မယ် လမ်းကို တွေ့ပါမယ်။
ဒါဆို........၊ အရှင်သွေးဆိုရတာပေါ့ ၊ ဒါပင်မဲ့ အရှင်က ဝေ့ပြည်ဘက် သွားနေတယ်၊၊ အ၇ှငျဆီ သတင်းပေး လွှတ်မှပဲ။.........
တပ်မှူးချန် မင်းသားငယ်လေးရောက်လာတယ်။
ဘာ...သူက ဘယ်လိုရောက်လာတာလဲ၊၊ ဟို ဟုတ်သားပဲ မင်းသားငယ်လေး ရှိတာပဲ၊၊ သူလည်း နဂါးသွေးပဲ၊၊ လျှောင် မင်းသားရေ မင်း ဒီတစ်ခါ ပြေးလို့ မလွှတ်ဘူး၊၊
လမ်းတစ်လျှောက်လုံးမှာ သွေးသံတရဲရဲ အလောင်းများသာ၊၊
မင်းက မကောင်းဆိုးဝါး.......၊၊
ဒေါသတကြီး အော်ဟစ်နေသည့် လူများ၊၊ အေးစက်စွာ ပြုံးလိုက်ရင်း ကျန်းကျယ်ဟန် ဓါးကို မြောက်လိုက်သည်။
မကောင်းဆိုးဝါး ဆိုတာ ဘာလဲ သိချင်တယ်ပေါ့၊၊
အကို.......အကို ဘယ်မှာလဲ၊၊
သြရှရှ ခေါ်သံလေး တစ်ခုက သူ လက်ကို ရပ်တန့်စေလိုက်သည်၊၊
ကုန်းကျွင်း........
သူဆီ ပြေးလုမတက်လာနေသော ဖြူလွှလွှ ပုံရိပ်တစ်ခု၊၊ အေးစက်သော လေထုက နွေးလာသလို သူ ရှေ့က အော်ဟစ်နေသော သူများက ပျောက်ကွယ်ကုန်သည်၊၊ ထိုအစား ပြေးလွှားနေသော ယုန်လေးများသာ။ သွေးရောင်ရဲနေသော လမ်းတစ်ခုလုံးက မေပယ်တွေ ကြွေလွင့်နေသော လမ်း အဖြစ် ပြောင်းသွားသည်၊၊
အဲမှာ ဘာလုပ်နေတာလဲ၊၊ ကျွန်တော် အကိုကို လိုက်ရှာနေတာ၊၊
ယပ်တောင်ဖြူလေးကို ခေါက်သိမ်းရင်း သူကို ရယ်မောရင်း မေးနေသည့် ကုန်းကျွင်း....
အကို..........
အင်း.......
ဘာကြည့်နေတာလဲ
လှလို့.......
ဟုတ်တယ်၊၊ ဟိုဘက်မှာ ပိုတောင်လှသေးတယ်၊၊ ဒီနေ့........ ရာသီဉတုသာယာတယ်လေ၊၊
ရာသီဉတုကို ပြောတာမဟုတ်ဘူး၊၊
ဟမ်........
တော်ဝင်မဆန်သော လူရမ်းကားတစ်ယောက်လို ကျန်းကျယ်ဟန် ပြုံးလိုက်ရင် ပတ်ဝန်ကျင်ကို အထူးအဆန်းလို ငေးနေသော ကောင်လေးကို သူ နဲ့ အနီဆုံး ရောက်အောင် ဆွဲခေါ်လိုက်သည်၊၊  
အကို.......၊၊
ငါပြောတာ မင်းကို
အပြောနှင့် အတူ အံသြ မင်သက်၍ ခပ်ဟဟ ဖြစ်နေသော နူတ်ခမ်းလေးတွေကို ဆုပ်ယူ နမ်းရှိုက်လိုက်သည်၊၊ နွေးထွေးသည်။ အေးမြသည်။ ထိုနောက် ချိုသည်၊၊ ဆာလောင်သူ တစ်ဦးလို သူ အငမ်းမရ ယူဆောင်နေမိသည်၊၊ ချိုမိန်မူနှင့် အတူ နာကျင်လာသော သူ့ နှလုံးသား ဒါပင်မဲ့ သူရင်ဘတ်ကို စိုက်လာသော ဓါးတစ်ချောင်း..........၊၊
ကုန်း...ကုန်းကျွင်း.......
ခမည်းတော် အတွက်၊ မယ်တော် အတွက်၊ အကိုတော် အတွက်၊ လျှောင်အတွက်..........။
သူနှလုံးသားကို ဆင့်ကာဆင်ကာ ထိုးနေသော ဓါးချက်များနှင့်အတူ သွေးများဖြင့် စိုရွှဲနေသော လက်ချောင်းများ၊၊
လူကြီးမင်း........လူကြီးမင်း.........၊၊
သြ ရှရှ အသံနှင့် အတူ ချိုမိန်သော အနမ်းတွေ ရောနာကျင်စေသော ဓါးချက်များရော ပျောက်ကွယ်သွားသည်၊၊ ထိုအစား သူ လက်မောင်းကို ကိုင်ရင်း သူကို လူပ်နှိုးနေသော ဖြူလွှလွှ လက်လေးများ၊၊ စိမ်းဖျော့ဖျော့ ချည်ထည်လေးသာ ဝတ်ဆင်ထားသော ထိုကောင်လေးက ကျောက်စိမ်းရုပ်ထုလေးပမာ။ သူကို ငုပ်၍ နိုးနေသော ကြောင့် ယပ်တောင်ပမာ မျက်တောင်ရှည်တွေက ပို၍ ရှည်လျှားနေသယောင်၊၊ ရှေ့က ကျောက်စိမ်းရုပ်လေးကို သူ မပျောက်ကွယ်အောင် ဖက်ထားချင်မိသည်၊၊ သိုပင်မဲ့ ရောက်လု ရောက်ဆဲ လက်တွေကို သူ ရုပ်သိမ်းလိုက်သည်၊၊
အင်း.........၊၊ ဒါက......၊၊
လူကြီးမင်း အိမ်မက်မက်နေတယ် တယ်၊၊
အင်း.............မင်း..သက်သာရဲ့လား၊၊
သက်သာတယ်၊၊ ကျွန်တော်ကြောင့် လူကြီးမင်း ပင်ပန်းသွားတယ် ထင်တယ်၊၊ တောင်ပန်းပါတယ်၊၊
မလိုပါဘူး၊၊ ဒါနဲ့ လူကြီးမင်းလို့ မခေါ်ပါနဲ့လား၊၊ ကိုယ်တော်..အဲ့ ...ကိုယ်နဲ့ အသက်မကွာတော့ အကိုလိုပဲ သဘောထားပေါ့၊၊
အဲ့တာက.....၊၊
မခေါ်ချင်ဘူးလား၊၊
ဟို....လူကြီး...အဲ့....အကို .....မကြိုက်မှာ ဆိုးလို့ပါ၊၊ ကျွန်တော်တို့ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်၊၊
ယဲ့ယဲ့လေးပြုံးရင်းပြောလာသော ကုန်းကျွင်းစကားတွေက သူကို နာကျင်စေလှသည်၊၊ နှလုံးသားကို စိုက်ဖူးသော ဓါးဒဏ်ရာထက်လည်း နာသည်၊၊
ကိုယ်က ဘာလို မကြိုက်ရမှာလဲ၊၊ ကိုယ်က  ကျွင်းကျွင်း........လိုခေါ်မယ်ရလား။
ကျွင်းကျွင်း.......၊၊ အ...ဘာ..ဘာ ..ဖြစ်လို့လဲ
ရူး......ခဏ.......အသံတွေကြားတယ်၊။
သူ၏ စကားမဆုံးခင် သွေးသံရဲရဲနှင့် ဝင်လာသော ရှောင်ကျိုးရဲ၊၊ သူ အခြေအနေကို နားလည်းသဘောပေါက်တာမို့ ကုန်ကျွင်း၏မေ့ကြောကို အသာရိုက်ချလိုက်သည်၊၊
ကျိုးတပ်တွေ ထိုးဖောက်လာပါပြီ၊၊
ဘာ....ဘယ်သူက၊၊
တပ်မှူးချန် ဉီးဆောင်လာတာပါ၊၊
စည်းတွေက......
မင်းသားငယ်လေးနဲ့ ဒုတိယ မင်းသားပါ ပါလာတယ် အရှင့်၊၊
တူရီတော်က ထားပါတော့ သူက...ဘယ်လို....၊၊
သခင် အသက်ရှင်တာကို ကျိုးရော၊ လျှောင် အားလုံးသိကုန်ပါပြီ၊၊
ဒုတိယ မင်းသား မင်းက....ငါ့လမ်းကို ဝင်လျှောက်ရဲတယ်ပေါ့........၊၊ ရှောင်ရဲ ခု ချက်ချင်း ကျိုးကို သူတို့ လွှတ်လိုက်တဲ့ သတင်းပေးတွေနောက်လိုက် သူတို့ ပို့သမျှ သတင်းအားလုံး အစဖျောက်၊၊ မင်း ကိုယ်တိုင် ခမည်းတော်ကို ငါ ပို့ခိုင်းတဲ့ စာကိုပို့၊၊
အရှင်...ကျွန်မက
မင်း သခင်ကို ကယ်ချင်တယ် မဟုတ်လား ရှောင်ရဲ၊၊ မင်းက ငါ လူ မဟုတ်တော့ပင်မဲ့ မင်းသူကို ကယ်တင်ဖို့ မဟူရာ မျက်နှာဖုံး ခဏ ပြန်ဝတ်ရမယ်၊၊

ညို့သော ပင်လယ် ဆွဲငင်သော လမင်းOpowieści tętniące życiem. Odkryj je teraz