Chapter 14 အကြောက်တရား

19 2 2
                                    

“ထားခဲ့လိုက်.....ငါ.......ဒါပြီးမှ စားလိုက်မယ်၊၊”
တစ်စုံတစ်ခုကို ရေးနေပုံရတဲ့ သခင်က ရှောင်ရဲကို မော့မကြည့်ဘဲ ပြောလာပြန်သည်၊၊ ရေးနေသည့်စာ ပြီးမှဆိုလျှင် သခင်စားတော့မည် မဟုတ်မှန်း ရှောင်ရဲသိသည်၊၊ ရှောင်ရဲ၏ မူရင်းစရိုက်အရ စိတ်ရှည်တက်သူမဟုတ်ပင်မဲ့ သခင်ကို စောင့်ရှောက်ရတာ ကြာလို့ထင်သည်၊၊ ရှောင်ရဲ တော်တော် သည်းခံတက်နေပြီ။
“စားတော်ကဲ ချောင်က သခင်အတွက် စွပ်ပြုတ်တစ်ခု လုပ်ပေးလိုက်တယ်.........၊၊ သခင်ကြိုက်တဲ့စွပ်ပြုတ်လို့ သူက ပြောတယ်၊၊’’
“ထားခဲ့လိုက်............”
“တိမ်လွှာမျှင်စွပ်ပြုတ်က ....... အေးရင်မကောင်းဘူးတဲ့၊၊”
“တိမ်လွှာမျှင်စွပ်ပြုတ်...............စားတော်ကဲချောင် ချက်တာလား...၊၊”
“ဟုတ်တယ်..... သခင်………မကြိုက်လို့လား၊၊ သူကတော့ သခင်ကြိုက်တယ်လို့ပြောတယ်၊၊”
သူ အစားသိပ်မစားသည့်အတွက် ဧကရာဇ်ကျန်းက သူဝေ့နန်းတော်မှာ နေဖူးတာသိကတည်းက  စားတော်ကဲဟောင်းတွေကို ပြန်စစ်ဆေးပြီ သူအတွက် ပြန်ခန့်အပ်တယ်လို့ စုရန်ဆီက သူကြားမိသည်။ ဒါပင်မဲ့ သူကြားလိုက်ရသည့် အရာသည် သိပ်ရင်နှီးသည့် လက်ရာတစ်ခု.....သို့ပင်မဲ့ မဖြစ်နိုင်တဲ့.........လက်ရာလည်းဖြစ်နေပြန်သည်၊၊
သခင်က စာရေးနေရာမှ ထလာကာ စွပ်ပြုတ်ကို သေချာစိုက်ကြည့်နေသည်၊၊ ထိုနောက်........မထိတထိစားကြည့်နေရင်းမှ...............၊၊
“စားတော်ကဲချောင်ကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ။
“ဘာလိုသေးလဲ ........သခင်၊၊”
“.........မလိုဘူး။ မင်းလုပ်စရာရှိတာ လုပ်ပါ၊၊”
ရှောင်ကျိုရဲ...သခင်.မျက်နှာကို ခေါင်းမော့ကြည့်မိသည်၊၊ သခင်ကတော့ ခေါင်းငုတ်ထားဆဲ။ သခင်သည်.......ခုနောက်ပိုင်း.......သူနှင့် စုရန်ကို မောင်းမထုတ်တော့။ သတိမေ့နေစဉ်တုန်းကလို ရယ်မောနေတဲ့ ပုံစံတော့ မရှိတော့၊၊ တစ်ခါတစ်ရံ တစ်ခုခုကို နက်နက်နဲနဲ တွေးတောနေသလို၊၊
“စုရန်‌ရော.........”
“အရှင်ခေါ်လို့.........သွားပါတယ်၊၊ သခင်တစ်ခုခု..........လိုလို့လား၊၊”
“သူလာရင်သာ.....ငါဆီ........လွှတ်လိုက်ပါ၊၊”
“ဟုတ်ကဲ့...အင့်၊”
“ဘာဖြစ်တာလဲ.............။
“ဘာမှ မဟုတ်ပါဘူး၊၊ ဒါဆို.....ရှောင်ရဲကို.......သွားခွင့်ပြုပါ၊၊ .....”
စွပ်ပြုတ်ကိုသာငုံစားနေရင်း....သခင်ကခေါင်းငြိမ့်ပြသည်၊၊ ရှောင်ရဲ ကိုယ်တွင်းမှာ ထူးခြားတဲ့ နာကျင်မှုတစ်ခု ထိုးတက်လာတာမို့ရှောင်ရဲ....အဆောင်အပြင်ရောက်ရောက်ချင်း  .........ပုန်းကွယ်စောင့်နေသောလူတစ်ယောက်ကို...ခေါ်လိုက်သည်။
“ဒီနေ့ ........စားဖိုးဆောင်က .......ဝေ့စာဖိုးမှူးချောင်......... အ........အရှင့်ကို”
“ခေါင်းဆောင်...........”
ပြတင်းတံခါးက .....တိုးဝင်လာသော ....လေကြောင့် .....ကုန်းကျွင်းဆံစလေးများက ....ပါးပြင်ထက်ထိလာတာမို့ လက်ဖျားလေးနှင့် ဖယ်လိုက်ပင်မဲ့ ထိုလက်တွေက မသိမသာတုန်ရီနေသည်၊၊
“အမတော်........”
နူတ်ဖျားမှ တိုးတိုးညှင်းညှင်းရေရွက်လိုက်သည်။ မျက်တောင်ရှည်များအောက် ဖုန်းကွယ်ထားသော မျက်လုံးအိမ်ထက်မှာ ဝေ့လာသော မျက်ရည်ကြည်များကြောင့် သူ ရှေ့က စွပ်ပြုတ်များကို သည်းကွဲစွာမမြင်ရတော့။
                                                                  xxxxxxxxxxxxx
“စုရန်...........ကိုယ်တော်ကို......အလျှော့ ပေးစရာ မလိုဘူး...........၊၊ မင်းငါကို အလျှော့ပေးရင်.........အပြစ်ပေးမယ်၊၊”
သူနှင့် ဓါးရေးလေ့ကျင့်တိုင်း ......... စုရန်က ........အလျှော့ပေးတက်သည်၊၊ တကယ်တော့ စုရန်က အမှုထမ်းမျိုးရိုးမဟုတ်၊၊ သိုင်းလောက ဂိုဏ်းပြိုင်ဆိုင်မှုခြားမှာ မိဘနှင့် ချစ်သူကို ဆုံးရှုံးထားပြီ ကိုယ်တိုင် သေလုဆဲဆဲ ဖြစ်ခဲ့သူမို့ စိတ်နာကာ သိုင်းလောကမှ ထွက်ပြေးနေသော ပါရမီရှင်တစ်ယောက်သာ၊၊ ဧကရာဇ်ကျန်းငယ်စဉ်က စုရန်အဖေဆီမှာ သိုင်းပညာသင်ခဲ့ဖူးတာမို့ သူက စုရန်ကို ခေါ်ထားနိုင်ခြင်းသာ။ ၁၃ နှစ်အရွယ်ထဲက စုရန်တို့ မျိုးရိုးစဉ်ဆက်သာ လက်ဆင့်ကမ်းသည့် ရှားပါသော ဓါးသိုင်းတစ်ခုကို နောက်ဆုံးအဆင့်ထိ အောင်မြင်ထားသူပင်၊၊
“မင်း..စျေးထဲက.....မေဟွားအရက်တွေ.......ဝယ်နေတယ်လို့ လီဝေ့ပြောတယ်၊၊ ငါ....နန်းတော်မှာ.........အကောင်းဆုံး အရက်တွေ ရှိရဲ့သားနဲ့ ဘာလို့ စျေးထဲက ဝယ်တာလဲ၊၊”
ဓါးနှစ်ခုဆုံချိန် အနီးကပ်မှာ ကျန်းကျယ်ဟန် စုရန် မျက်လုံးများကို စိုက်ကြည့်ရင်း မေးလိုက်သည်၊၊ သတိမလွှတ်တက်သော ဓါးသမားလေးမျက်နှာက မသိမသာ ပျက်ယွင်းသွားသလို.....
“ကျွန်တော်မျိုးသောက်ချင်လို့ပါ..........၊၊”
“မင်းအတွက်လား......ကုန်းကျွင်းအတွက်လား......၊၊”
“အရှင်.....”
“သတိကပ်လေ......စုရန်.........၊၊”
သူရဲ့ ဓါးချက်တစ်ခုက .......စုရန်၏ လည်ပင်းနားဝေ့ဝဲသွားသည်၊၊
“နားရအောင်..........၊၊”
သူ ကျောက်စိမ်းကျောက်ဖျားထက် ထိုင်ချလိုက်ပင်မဲ့ စုရန်ကတော့ ဓါးကို ကိုင်လျှက် ရပ်နေဆဲ၊၊ သူရှေ့က စုရန်သည် တော်တော်ြမင့်သည် အရပ်ကို ပိုင်ဆိုင်ထားပြီ ပိန်သွယ်သည်၊၊ ဂိုဂူလျော လူမျိုးစပ်သူမို့ မျက်လုံးအိမ်များက ရှည်လျှာပြီး မှေးပင်မဲ့ ကြည့်ကောင်းသည်၊၊ ကိုယ်ရံတော် ဝတ်စုံက သူ၏ လွတ်လပ်သော အသွင်ကို ဖုံးထားပင်မဲ့ ကျန်းဟူ အရိပ်အယောင်များက တစွန်းတစ ပေါ်နေသေးသည်၊၊
“မင်းက.....ကျန်းဟူးအငွေ့အသက်ဖုံးလွှမ်းတဲ့ အရာတွေကို မကြိုက်ဘူးလို့ ကိုယ်တော်သိထားတာ၊၊”
“အရှင်မင်းသားကို........မေဟွားအရက်ဝယ်ပေးမယ်လို့.......ကတိပေးဖူးလို့ပါ၊၊ ဒါပင်မဲ့.......သခင်လေးက ........မမှတ်မိတော့ပါဘူး၊၊”
သူနှင့် စုရန်က အသက်မကွာလှပင်မဲ့ သူက ရက်စက်သော မာယာများသော နန်းေတာ်မှာ ကြီးပြင်းသူမို့ လူကဲခက်ပိုတော်သည်၊၊ သူ ကုန်းကျွင်းအနား စုရန်ကို ထားခဲ့ခြင်းက စုရန်၏ နွေးထွေးသောစရိုက်ကြောင့်ပင်၊၊ ခုတော့ ထိုအချက်က သူကို ဝန်တိုစိတ်များဖြစ်လာစေသည်၊၊
“ထားပါတော့လေ.......၊၊ သူ အခုတလော.....ဘယ်လိုနေလဲ၊၊”
စုရန်က ကုန်းကျွင်း၏ အကြောင်းတွေကို အာရုံစိုက်ရှင်းပြနေတော့ သူရဲ့  မနာလိုစိတ်ပိုတောင်တိုးလာသလို၊၊ ဒါပင်မဲ့ စုရန်မဟုတ်တဲ့ တစ်ခြားသူကိုလည်း ကုန်းကျွင်းနားမထားနိုင်၊၊ တချိန် ကုန်းကျွင်းကို မကာကွယ်နိုင်တော့သည့် တနေ့ စုရန်ကတော့ ကာကွယ်နိုင်လိမ့်မည်၊၊ သူမှာ ယုံကြည်ချက်တွေရှိသည်၊၊ အာဏာတွေ ရှိသည်၊၊ ဒါပင်မဲ့ သူ ကံကြမ္မာကို မယုံကြည်ပါ၊၊ စစ်‌ဗျူဟာတစ်ခုကို ရေးဆွဲလျှင် အရှုံးကိုလည်း တွက်ဆရသည်မို့ သူ ကံကြမ္မာနှင့် တိုက်ပွဲမှာ ရှုံးခဲ့သည်ရှိသော် ထိုသူကို ကာကွယ်ဖို့ သူ ပြင်ဆင်ထားမိသည်၊၊
“သူရယ်တောင် မရယ်ဘူးပေါ့။”
စုရန်ပြောသော ထိုသူအကြောင်းတွေကို နားထောင်ရင်း ဧကရာဇ် ကျန်းကျယ်ဟန် သက်ပြင်းယဲ့ယဲ့ချမိသည်၊၊ တစ်ခါတစ်ရံ သူ စုရန်သာ ဖြစ်ချင်မိသည်၊၊ သူသာ စုရန်ဆို ကုန်းကျွင်းက ဒီလောက်မုန်းမည်မထင်၊၊
“ အရှင်.........”
“ဘာဖြစ်တာလဲ.......လီဝေ့။”
“ကိုယ်ရံတော် ရှောင်............အဆိပ်မိထားတယ်”
လက်ထဲက လက်ဖက်ရည်ပန်းကန်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်၊၊ ရှောင်ရဲက အဆိပ်ခံနိုင်ရည် ရှိသူပင်၊၊ ဘယ်လို အဆိပ်မို့ ရှောင်ရဲကို ထိခိုက်စေတာလဲ၊၊
“ရှောင်ရဲ.............အခြေအနေဘယ်လိုလဲ၊၊”
“လက္ခဏာအရတော့ နှင်းတောင်သည်းခြေအဆိပ်ပါ...အရှင်၊၊ ခေါင်းဆောင်က အဆိပ်အားလုံးကို ခံနိုင်ရည်ရှိသူမို့ အသက်တော့ မသေပါဘူး၊၊ သူ သိုင်းပညာကတော့ ......... ပျောက်ဆုံးသွားမှာပါ၊၊ “
“သူ...ဘယ်လို အဆိပ်မိတာလဲ၊၊”
မဟူရာသမားတော်ကြီးက သက်ပြင်းယဲ့ယဲ့ချရင်း..... ဧကရာဇ်နားတိုးကပ်ကာ တီးတိုးလျှောက်တင်လိုက်သည်၊၊
“အဲ့တာကို စဉ်စားမရတာပါ၊၊ ခေါင်းဆောင်ရှောင်က အဆိပ်အားလုံးကို ခံနိုင်ရည်ရှိပါတယ်၊၊ ဒီ အဆိပ်ကိုလည်း စမ်းသပ်ဖူးပါတယ်၊၊ ဘာလို့ ခုလို ဖြစ်လဲ............
မဟူရာသမားတော်၏ စကားသံများက သူ့နားထဲသို့ မိုးခြိမ်သံပမာဝင်လာသည်၊၊ ရှောင်ရဲက အဆိပ်ကြောင့် ခုလို ဖြစ်တာမဟုတ်၊၊ သွေးသစ္စာကြောင့်ပင်။ ဒါဆို အဆိပ်မိသူက ရှောင်ရဲမဟုတ် ကုန်းကျွင်းမဟုတ်၊၊ ရှောင်ရဲ၏ သွေးသစ္စာက....ကုန်းကျွင်း...........တစ်ယောက်ယောက်က ကုန်းကျွင်းကို .........လုပ်ကြံပြီ။
“ဘာ.........၊၊ စုရန်......တားမြစ်နန်းဆောင်ကို သွားမယ်.............”
“................”
အဆောင်ထဲကို..........သူ ဧကရာဇ်သိက္ခာတွေ မထောက်ထားနိုင်ပဲ အပြေးဝင်သွားပင်မဲ့ ........သူကို စာရေးနေရာမှ........သူကို.........တည်တည်ငြိမ်ငြိမ် ကြည့်နေသော ကုန်းကျွင်း၊၊
“မင်းဘာမှ မဖြစ်ဘူးနော်။”
အပြောနှင့်အတူ ဖယောင်းရုပ်လေးလို ဖြစ်နေသော ထိုသူကို တင်းတင်းကျပ်ကျပ် ‌ပွေ့ဖက်ထားမိသည်။ ပျောက်ဆုံးသွားမှာ ကြောက်မိပါသည်၊၊ ကြောက်ရွံခြင်းကင်းသော သူထံ ချစ်ခြင်းတရားကို စတင်ခံစားမိကတည်းက ကြောက်ရွံမှုကို ခံစားခဲ့ရသည်။
“မင်း.....တစ်ခုခု.....ဖြစ်သွားမှာ .......ကိုယ်တော်......ကြောက်ခဲ့တာ။”
“ဘာြဖစ်လို့လဲ.......၊၊”
“ဘာမှ...........မဟုတ်ဘူး၊၊ ဘာမှ...မဖြစ်ရင် ပြီးရော...........။ ဒါပင်မဲ့ ..........ကိုယ်တော်........တောင်ပန်းပါတယ်၊၊”
သူကို နားမလည်သလိုကြည့်နေသော မင်းသားလေး၏ ဆံပင်များကို သပ်တင်ပေးရင်း လက်ကို ကုတ်ကို ခပ်ဖွဖွရိုက်ချလိုက်တော့ ပါးပါးလျလျကိုယ်လေးက သူဆီ ခွေကျလာသည်၊၊ လက်ထဲက ပုလင်းတစ်ခုကို ဖွင့်ပြီ နှာခေါင်းနားတေ့ ရူသွင်းစေလိုက်သည်၊၊ မင်းသား၏ အသက်ရူနူန်းက တဖြည်းဖြည်း‌နှေးလာကာ နောက်ဆုံး မိန်ပြပြသာ ရှိတော့သည်၊၊ တရားခံက ဘယ်သူမှန်းမသိပင်မဲ့ ရှောင်ရဲ.........နဲ့ ကုန်းကျွင်းကြားက ဆက်နွယ်မှုကို သိလို့မဖြစ်ပေ၊၊
“မင်းကို ထိခိုက်စေတဲ့ သူ ဘယ်သူဖြစ်ပါစေ၊၊ ကိုယ်တော် ခွင့်မလွှတ်ဘူး၊၊”
လီဟွေ့၏ အာဏာပြည့်သော အသံက နန်းဆောင်တစ်ခုသို့ လွှမ်းမိုးလာသည်၊၊
“သမားတော်တွေ ..အကုန်ခေါ်.....တားမြစ်နန်းဆောင်က တစ်ယောက်မကျန် အကုန်ဖမ်း၊၊”
တားမြစ်နန်းဆောင်တစ်ခုလုံး အပြေးအလွှားဖြစ်နေမှုကို အဝေးကနေ ကြည့်နေသော အဖြူရောင်ဝတ်ရုံဝတ်ထားသော လူတစ်ဉီးနှင့် အနက်ရောင် ဝတ်ရုံဝတ်ထားသော လူတစ်ဉီး ရှိနေသည်၊၊ သို့ပင်မဲ့ ထို လူနှစ်ဉီး ၏ လာရားက မတူသလို ဉီးတည်ရာလည် မတူပေ၊၊ အဖြူရောင်လူ၏ မျက်နှာဖုံးအောက်က နူတ်ခမ်းများက တဆက်ဆက် တုန်ရီနေပင်မဲ့ အနက်ရောင်ဝတ်ရုံရှင်၏ နူတ်ခမ်းများကတော့ ပြုံးနေသည်။
နန်းဆောင်ထဲ စိုးရိမ်းကြီးစွာဝင်လာသော သမားတော်တွေဟာ အဆိပ်မိထားသည်ဆိုသော် မင်းသားလေးကို မကုသရဘဲ အဝေးကသာ ကြည့်ပြီး ဘာလုပ်ရမှန်းမသိတော့၊၊
“ကျွန်တော်မျိုးတို့ စမ်းသပ်ကြည့်ရင်.........။”
“မလိုဘူး..........၊၊”
စမ်းသပ်ကြည့်လို့တောင်မရဘဲ ..........အတင်းနှင်နေသည့် ဧကရာဇ်ကြောင့် သူတို့ဘာလုပ်ရမည်မသိ၊၊ မင်းသားငယ်ကို ဆုံးရှုံးရတာမို့ ဧကရာဇ်က ရူးများသွားတာလား၊၊ မကုသစေဘူး ဆိုလည်း ဘာကြောင့်များ သူတို့ကို ဒီအခန်းထဲ ခေါ်ထားတာလဲ စဉ်စားမရချေ၊၊
“မင်းတို့ သွား‌ပြီ........နှင်းတောင်သည်းခြေ အဆိပ်ဖြေဆေးရအောင်ရှာ၊၊ ”
မင်းသားငယ်၏ မျက်နှာကို တဖွဖွကိုင်နေသောဧကရာဇ်ကို ထိုင်ကြည့်နေရသော အခြေအနေက လွှတ်တာမို့ သမားတော် တသိုက်ဟာ အပြေးတစ်ပိုင်း ဆေးကုသဆောင်ကို သွားကြပြန်သည်။ သမားတော်တွေ ထွက်သွားသည့် အခါ စုရန်က ဧကရာဇ်ကို ဉီးညွတ်ပြီ တံခါးခုနှစ်လွှာကို တစ်ဆင့်ပြီ တစ်ဆင့်ပိတ်သွားသည်၊၊
                                             Xxxxxxxxxxxxxxxxxxxxxx
ရန်သူ၏ လုပ်ရပ်သည် ပိရိသေသပ်လှသည်၊၊ ဓားစာခံ မင်းသားတစ်ပါးက ရန်သူ မရှိနိုင်ပင်မဲ့ အရင်ကတည်းက သူကို ဆက်သသည့် အတိုင်း ကုန်းကျွင်းအတွက် အစားအစာ ဆေးအားလုံးကို မဆက်သခင် အဆိပ်စစ်ဆေးဖို့ ပညာရှင်ရော စတေးခံတွေရော ထားပင်မဲ့ ဒီနေ့ ထိုသူ အားလုံးက ခံနိုင်ရည်ရှိသည့်ဆေး အကျွေးခံရပြီ ခု စစ်ဆေးချိန်မှ အဆိပ်စွမ်းရည်က ပြသလာ၍ အားလုံးသေကုန်သည်၊၊ ဖြစ်နိုင်ခြေမှန်သမျှဆွဲထုတ်ပင်မဲ့ ဆွဲထုတ်ခံရသူတိုင်းက သေခြင်းဖြစ်နေတာမို့ အလောင်းတွေသာထိုင်ကြည့်ရမလိုပင်။
“အရှင်.......၊၊ ကိုယ်ရံတော်ချုပ်လီဝေ့က.......တွေ့ခွင့်တောင်းနေပါတယ်၊၊”
“အင်း.........ဝင်လာခိုင်းလိုက်.၊၊”
အခန်းထဲသို့ လီဟွေ့တစ်ဉီးတည်းဟုထင်မိပင်မဲ့ လီဟွေ့နောက်မှာ မိန်းကလေးငယ်တစ်ယောက်ကို တွေ့ရသည်၊၊
“သူက.........ဘယ်သူလဲ၊၊ “
“ဝေ့မင်းဆက်တုန်းက စားတော်ကဲ ချောင်ရဲ့ အကူပါ၊၊ ”
“ခုနစစ်တော့သူမပါဘူးလား။”
“မပါပါဘူး၊၊ ဝေ့မင်းဆက်တုန်းက ကြင်ယာတော်ရူယိကို မိဖုရားကြီးကအဆိပ်နဲ့ လုပ်ကြံခဲ့လို့ အဲ့တုန်းက တာဝန်ကျ သူမတို့ပါ အလုပ်ကြမ်းဘက် အပို့ခံခဲ့ရတာပါ၊၊ သူမက စားတော်ကဲ ချောင်ဆီမှာ ကလေးဘဝတည်းက နောက်လိုက် ဖြစ်ခဲ့ဖူးပါတယ်၊၊ အခု သူမကို စစ်ကြည့်တော့ ထူးဆန်းတာတွေ့လို့ပါ၊၊”
“ဘာလဲ.....”
“ငါကို.........ပြောတဲ့အတိုင်း...... အရှင်ကိုလျှောက်တင်လိုက်.........၊၊”
တုန်ရီနေသောမိန်းကလေးသည် အသံထွက်မလာခဲ့၊၊
“မင်းအသံမထွက်ရင်.....မင်းမှပါ အပြစ်ရှိတယ်လို့ ကိုယ်တော် သတ်မှတ်ရမလား၊၊”
“မ...မဟုတ်ပါဘူး....အရှင်။”
“မင်း....ဘာပြောချင်တာလဲ၊၊”
“တိမ်မျှင်လွှာစွပ်ပြုတ်မှာ အဆိပ်ပါတာ....မဖြစ်နိုင်ပါဘူး။’’
“ဘာပြောတာလဲ......”
“ဆရာ...ဆရာက...... တိမ်မျှင်လွှာစွပ်ပြုတ် ကို မချက်တက်ပါဘူး၊၊”
“ဘာ.....၊၊ သူကိုယ်တိုင် တိမ်မျှင်လွှာစွပ်ပြုတ် လို့ အစေခံတွေကို ပြောခဲ့တာမဟုတ်လား။ မင်းသားကို ဆက်သခဲ့တဲ့ အတိုင်းလို့၊၊ ”
“ဝေ့နန်းတော်မှာ တိမ်မျှင်လွှာစွပ်ပြုတ် ချက်နိုင်သူ မရှိတော့ပါဘူး၊၊”
“မရှိနိုင်တော့ဘူး၊၊ မင်းလိုရာကို ပြောစမ်း၊၊”
“တိမ်မျှင်လွှာစွပ်ပြုတ်ကို အစကတည်းက ကြင်ယာတော်ရူယိပဲ ချက်တက်တာပါ၊၊ အထဲမှာ ဘာအမယ်တွေ ပါတယ်ဆိုတာတောင် ဘယ်သူမှ သိခွင့်မရှိပါဘူး၊၊ ကြင်ယာတော်တွေ မီးဖိုဆောင်ဝင်ခွင့်မရှိတော့ အားလုံးကို ဆရာချောင် ချက်တယ်လို့ပဲ လိမ်ခဲ့တာပါ၊၊သခင်လေး၊ ကျွန်မနဲ့ ဆရာချောင်ပဲ သိခဲ့ပါ၊၊  အခု ကြင်ယာတော်ရူယိက မရှိတော့ အဲ့တာ အတုပါ။”
“ကြင်ယာတော် ရူယိ၊၊.....လီဝေ့..........သူမကို....ခေါ်သွားပြီ........လုံခြုံအောင် စောင့်ရှောက်ထား။ခဏ.........သခင်လေး....ဆိုတာ”
“ကြင်ယာတော် ရူယိရဲ့ မောင်တော်ပါ............၊၊ တိမ်မျှင်လွှာ စွပ်ပြုတ်ကို အဓိကက သခင်လေးအတွက်ချက်တာပါ၊၊ မင်းကြီးအတွက်က ရတနာရှစ်ပါး စွပ်ပြုတ်ပါ၊၊ ”
ပေလွှာကိုင်ထားတဲ့ ကျန်းဧကရာဇ်လက်တွေက ပိုမိုတင်းကျပ်သွားသည်၊၊ အကယ်၍ စွပ်ပြုတ်က အတုဆို ဘာကြောင့် ကုန်းကျွင်းက စားခဲ့ရတာလဲ၊၊ ဒါဆို စွပ်ပြုတ်က အစစ်ဆိုရင်ရော....။ ကြင်ယာတော်က အသက်ရှင်နေသေးတာလား။ ရှင်နေတယ် ဆိုရင်တောင် ....ဘာကြောင့် သူမက အဲ့စွပ်ပြုတ်မှာမှ အဆိပ်ခပ်ရတာလဲ၊၊ သူမမောင်တော် စားမယ်ဆိုတာသိရက်နဲ့ .......... ဧကန.........သိနေတာလား၊၊ ဧကရာဇ် ကျန်းမျက်ဝန်းတွေက အကန့် ၇ လွှာနောက်မှာ အိပ်ပျော်နေဆဲ မင်းသားလေးရှိရာကို လှမ်းမျော်ကြည့်မိသည်၊၊
“အရှင်.......အဲ့တာဆို.........။”
“........။”
မသိစိတ်က နိူးဆော်လိုက်သော အရာ.....သူလီ‌ဟွေ့ကို တစ်ချက်မျက်ရိပ်ပြလိုက်ရင် အကန့် ၇ လွှာကို ဖွင့် တစ်ရှိန်ထိုးပြေးဝင်သွားပင်မဲ့ အရာရာဟာ ငြိမ်သက်စွာပင်၊၊ သူတစ်ခန်းလုံးဝေ့ကြည့်ပင်မဲ့ ထူခြားမှုမရှိ။ သို့ပင်မဲ့ ကုန်းကျွင်း၏ လက်တစ်ဖက်က ခြုံထဲအပြင်ရောက်နေသည်၊၊ ကျိန်းသေ သူ ခြုံလွှာအောက် ထည့်ခဲ့တာပင်၊၊
“အရှင်........ဟို...မိန်းကလေး၊၊”
“သူကို သေချာ စောင့်ရှောက်ထား.........သူဆီက တခြားသဲလွန်စ.......၊၊ ဘာြဖစ်လို့လဲ”
“သေသွားပါပြီ။ အဆိပ်အပ်ပါ၊၊”
သူ အောက်နူတ်ခမ်းကိုသာ ဖိကိုက်လိုက်မိသည်၊၊
“ကောင်းကောင်းမြုပ်နှံပေးလိုက်........။”
သူကုန်းကျွင်းဘေးက သလွန်ပေါ်မှာ ထိုင်ချလိုက်ရင်း အိပ်ပျော်နေသော မျက်နှာလေးကို ဖွဖွလေးတိုထိလိုက်မိသည်၊၊ ထိုနောက် သက်ပြင်းယဲ့ယဲ့ချကာ........ တစ်ဖက်က နံရံကို ကြည့်ရင်း........
“မင်းဘာလိုချင်တာလဲ........ရူယိ၊၊ မင်း ရှိနေတာ ကိုယ်တော် သိပါတယ်၊၊ ဝေ့နဲ့ ကျိုးစစ်ပွဲမှာကတည်းက မင်းလိုလူက လွယ်လွယ်မသေဘူးဆိုတာ သိတယ်၊၊ မင်းလိုချင်တာ ကိုယ်တော် အသက်ဆို ကိုယ်တော်နဲ့ တိုက်ရိုက်ဖြေရှင်းပါ၊၊”
“ဝှစ်........”
တစ်စုံတစ်ရာကို ရိပ်စားမိတာကြောင့် သူ ထဖို့ပြင်လိုက်ပင်မဲ့ ပြေးဝင်လာသောအရာတစ်ခုကို သူသာ မရှောင်တိမ်းလိုက်နိုင်ရင်.....၊၊ မြင်ကွင်းရှေ့ကို ဝင်လာသည့်က ဖြူလွှလွှ......အရိပ်တစ်ခု........။
၁၃.၉.၂၀၂၂

ညို့သော ပင်လယ် ဆွဲငင်သော လမင်းWhere stories live. Discover now