Chapter 12 ချစ်သူ၏ နှလုံးသားကို စတေးခဲ့သော..

27 3 2
                                    

‌ကျိုးအင်ပါယာ ညီလာခံခန်းမ။

ခမ်းနားကြီးကျယ်လှသော ညီလာခံ ခန်းမတစ်ခု။ ရာချီသော မှူးမတ်များက ခစားနေကြသည်၊၊  နဂါးပုလ္လင်ထက် ရှိနေသူမှာ ခန့်ညားတင်တယ်လွန်ပြီ ချောမောငယ်ရွယ်သည့် ဧကရာဇ် ကျန်းကျယ်ဟန် ။ သဝဏ်လွှာများကို ကြည့်နေသည့် သူ၏ မျက်နှာထက်က အေးစက်မှုကြောင့် ညီလာခံ ခန်းမက အပ်ကျသံပင် ကြားလောက်အောင် တိတ်ဆိတ်နေသည်။ 

သို့ပင်မဲ့ တိတ်ဆိတ်မှုကို ညီလာခံ တံခါးဝကနေ ဝင်ရောက်လာသည့် စစ်သည်တစ်ဦးကြောင့် ပြောင်းလဲသွားသည်၊၊

 “အရှင်ဧကရာဇ် ..........အနောက်ကျွန်းနိုင်ငံက ကုန်သည်မင်ဆီက အခစားဝင်ခွင့်တောင်းလာပါတယ်”

ကျောက်သားပမာ အေးစက်နေသည့် ဧကရာဇ်၏ မျက်ခုံးများက အနည်းငယ်တွန့်ချိုးသွားပြီ ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။ တိတ်ဆိတ်နေသော ခန်းမထက်သို့ ပူပင်မှုတွေ တောက်လောင်နေပုံပေါ်သော အနောက်ကျွန်းသားကုန်သည်လူငယ်တစ်ဦးက အပြေးအလွှားဝင်လာသည်။

“ကုန်သည်မင်က ဘာသတင်းပို့လိုက်လဲ။”

“အနောက်ကျွန်းနိုင်ငံကို အနောက်လွင်ပြင်ဒေသက သိမ်းယူလိုက်ပါတယ်။”

“အို...၊၊ ” “အနောက်နယ်စပ်စစ်တပ်က ဘာလုပ်နေတာလဲ။”

ဧကရာဇ်လက်ထဲက သဝဏ်လွှာက တင်းကျပ်စွာ ဆုတ်ကိုင်ခြင်းခံလိုက်ရသည်။ တိတ်ဆိတ်နေသော ခန်းမက ဆူညံလာသည်။

 ကျိုး၏ ပြည်တွင်းရေးရူတ်ထွေးနေချိန် ကုန်းရင်းက သူ၏ကြင်ယာတော် နိုင်ငံကို အခြေပြုကာ အနောက်ပိုင်းနိုင်ငံငယ်တွေကို သိမ်းယူတာ တော်တော်များနေပြီ။ လျှောင်ကို ခြေဦးမလှည့်ဘဲ အနောက်ပိုင်းကို ဦးတည်သည့် တိုက်ပွဲတွေက သူကို အံအားသင့်စေသည်၊၊ သူနှင့် ကုန်းရင်း အချိန်တော်ကြာ အတူတူစာသင်ဖူးတာမို့ ကုန်းရင်း၏ နိုင်ငံရေးဗျူဟာ ကို သူသိသည်၊၊ ကုန်းရင်းသည် စစ်ရေးနှင့် ကျန်သော ပညာရပ်တွေမှာ တော်ပင်မဲ့ နိုင်ငံရေးဗျူဟာ ဘာသာရပ်တွင် အားနည်းသည်၊၊ လျှောင်ကိုသိမ်းသည့် တိုက်ပွဲမှာ သူလျှောင်ကိုရပင်မဲ့ တကယ်တော့ သူရှုံးသည်၊၊ လျှောင်၏ တော်ဝင်မိသားစုဝင်တွေမှာ ကုန်းကျွင်းနှင့် အသက်ကင်းမဲ့သော လျှောင်ဘုရင်နှင့် မိဘုရားသာ ရခဲ့သည်၊၊ လျှောင်မင်းသမီးတွေလည်း လွှတ်မြောက်ခဲ့သည်၊၊ ထို အစီအစဉ်များကို ရေးဆွဲနိုင်သူ တစ်ဉီးတော့ ကုန်းရင်းထံတွင် ရှိနေလောက်သည်၊၊

ညို့သော ပင်လယ် ဆွဲငင်သော လမင်းNơi câu chuyện tồn tại. Hãy khám phá bây giờ