Chapter 8 - အရိပ်

36 6 1
                                    

"ဒီနေ့ နှင်းတွေ အရမ်းကျ နေတာလား ၊၊"

မှန်းဆကာ ဖွင့်လိုက်သော ပြတင်းတံခါးကို ဖြတ်သန်းကာ ဝင်လာသည့် အေးစက်ေသာ လေအေးနှင့် အပြင်ကို ထုတ်လိုက်သော လက်ကို ထိတွေ့လာသော အေးစက်နေသော အရာများကြောင့် ကျွန်တော် မေးလိုက်ပင်မဲ့ တုန့်ပြန်သံ မရှိ၊၊ ရှောင်ရဲ အပြင်ထွက်သွားပုံပင်။

အမြင်အရ အားလုံးက မှောင်မိုက်နေပင်မဲ့ တခြားအထိအတွေ့ အနံတွေအရ ကျွန်တော်နေတဲ့ နေရာက ခမ်းနားကြီးကျယ်မည် ထင်သည်၊၊ ဒီ ပြတင်းရဲ့ အလွန်မှာ မက်မွန်းပန်းပင်တွေ များစွာ ရှိလိမ့်မည်၊၊ လေတိုးတိုင်းမှာ မက်မွန်ရနံတွေကို ကျွန်တော်ခံစားမိသည်၊၊

ကျွန်တော်ကို သူ တနည်းပြောရရင် ကုန်သည် ဆိုပြီ လိမ်ခဲ့တဲ့ ဝေ့ပြည်ရဲ့ နယ်စား ဆိုသူပေါ့၊၊ ထိုအရာလည်း မှန်ချင်မှ မှန်မည်။ ကျွန်တော် အသိစိတ်မှာ ကျွန်တော် အတိတ်နှင့် ပတ်သတ်တာတွေ ပျောက်ဆုံးနေပင်မဲ့ တချို့အရာတွေကို ခန့်မှန်းနိုင်နေတယ်၊၊ ထိုသူဆီမှာ ကြီးမားသော အရှိန်အဝါ တစ်ခု ရှိနေတယ်။ နောက် သူခေါ်လာသော နေရာကလည်း နယ်စားအိမ်တော် တစ်ခု မဖြစ်နိုင်၊၊

ထိုသူက ဘာဖြစ်နေနေ ကျွန်တော်ခံစားမိသည်က ကတိတည်သော လူကောင်းတစ်ယောက်။ သူနေရာ သူပိုင်နက်ပင်မဲ့ သူစကားအတိုင်း သူ ကျွန်တော်အပေါ် ကတိတည်ခဲ့တယ်၊၊ တခါတရံ ကျွန််တော် မမြင်ရပင်မဲ့ သူရဲ့ အကြည်တွေကို ခံစားမိတယ်၊၊ သူရဲ့ ဆန္ဒတွေကို သိနေတယ်၊၊ ဒါပင်မဲ့ သူကတိ အတိုင်း ကျွန်တော်ကို ထိတွေ့ခြင်း မရှိဘူး၊၊ ထိန်းချုပ်ခဲ့တယ်။

ဒါပင်မဲ့ ကျွန်တော်ကရော .... ကိုယ်ကိုယ်ကို ဘာမှန်းမသိသော လူတစ်ယောက်က ဘာမှ သေချာမသိသော လူတစ်ယောက်ကို မပတ်သတ်သင့်ဖူးလို့ ကိုယ်ကိုယ်ကို ပြောနေပင်မဲ့ ထိုသူက ကျွန်တော်စိတ်ကို တဖြည်းဖြည်း ထိန်းချုပ်နေသလိုပဲ။ ခုပဲကြည့်လေ ဒီပြတင်းမှာ ရပ်တိုင်း ထိုသူက အေးတယ် ဆိုပြီ လာပြောတက်တာမို့ ကျွန်တော် ရပ်နေမိတယ်။ ဒါပင်မဲ့ သူ ေပါ်မလာတာ ၃ ရက်ရှိပြီ။ သူ ကျွန်တော်ဆီ ရောက်မလာတာ ရက်နည်းနည်းပဲ ရှိသေးပင်မဲ့ ကျွန်တော် သတိရနေတယ် ထင်တယ်။

ညို့သော ပင်လယ် ဆွဲငင်သော လမင်းDonde viven las historias. Descúbrelo ahora