Chapter 3 ဆွဲငင်သော လမင်း

70 8 2
                                    


မြူများက သဘာဝမဆန်စွာ အုံ့စိုင်းနေသည်၊၊ သစ်ရွက်များ၏ စိမ်းညိုမူကပင် တမျိုးတဖုံ ထူးခြားနေသလို၊၊ ကျိုးရဲက ဒုန်းဆိုင်းစီးလာသော မြင်းကို အရှိန်သတ်လိုက်ရင်း တောအုပ်ကို အကဲခပ်လိုက်သည်၊၊ တောစပ်နားအရောက် သူမ၏ မြင်းနက်ကြီး မဟူရာ က ကြယ်လောင်စွာ မြည်ဟီးရင်း နောက်သို့ ဆုတ်လိုက်သည်၊၊ ဝူမင်က မလှမ်းမကမ်းက ဝါးရုံတစ်ခုတွင် နားရင် ကျိုးရဲကို အကဲခက်နေသည်။ အရှင်ဧကရာဇ်နှင့် အတူ စစ်ပွဲပေါင်း များစွာတိုက်ခဲ့သူမို့ သွေးသံတရဲရဲ အလောင်းတွေ၊ ပြင်းထန်သော လက်နက်အသံတွေခြား ရှင်သန်ခဲ့ သော မဟူရာကို နောက်ဆုတ်စေသော အတားအဆီးက သာမာန် လူ၏ အတားအဆီး မဖြစ်နိုင်၊၊ မြင်းပေါ်က ဆင်းပြီ ကျိုးရဲ အိတ်ထဲက ကြွေဖြူအိုးသေးသေးလေးကို ထုတ်ယူလိုက်သည်၊၊ အိုးလေး၏ အစို့ကို ဖွင့်လိုက်ပြီ ထိုအထဲမှ အနီရောင် အရည်များကို မြူဆိုင်းသော တောစပ်၌ အစက်အနည်းငယ်ချလိုက်သည်၊၊ လေပြင်းများ တိုက်ခက်လာပြီ......မြူများက ရုတ်ချည်း ကင်းစင်းသွားသော အခါ အဝင်လမ်း တစ်ခု ပေါ်ထွက်လာသည်၊၊ ဝူမင်က ကျယ်လောင်စွာ တစ်ချက်အော်ပြီ တောနက်ဘက် ပျံသန်းသွားသည်၊၊

မဟူရာကို ခပ်ဖြည်းဖြည်း စီးနင်းရင် တောကို အကဲခတ်ရင်း ဝူမင် ပျံသန်းရာဘက်ကို သူမ လိုက်ခဲ့သည်၊၊ သင်းပျံသော ရနံတစ်ခုက သူမ၏ ကျောဘက်မှ သူမ နှာခေါင်းထဲ တိုးဝင်လာသည်၊၊ ထို ရနံသည် သူမ ကျောတွင်

ဝတ်ရုံမှ ရနံများ တိုးလာခြင်းက ဝတ်ရုံရှင်နှင့် နီးလာ၍သာ..........

"အမျိုးသမီးပဲ....အဆုံးမရှိ နယ်မြေကို ဝင်လာနိုင်တယ်ဆိုတော့ အမျိုးသားတစ်ယောက်ထင်နေတာ.......၊၊"

ကြည်လင်နေသော အသံတစ်ခုကြောင့် ကျိုးရဲ မြင်းပေါ်ကနေ အသံလာရာ ဆီ ကြည့်ပင်မဲ့ ဘာမှ မရှိ၊၊ ခါးတွင် ချိတ်ဆွဲထားသော ဓါးဆီ လက်က အလိုလို ရောက်သွားသည်၊၊

"ယူထားတဲ့ အသက်တွေက မင်းအသက်ထက်တောင်များနေပါလား၊၊ အင်း စစ်သည်ဆိုတော့လည်း ရှောင်လွဲ မရဘူးပေါ၊၊"

အရပ်ရှစ်မျက်နှာလုံးမှ အသံက လာနေတာမို့ သူမနှင် မဟူရာ ချာလည်လည်နေသည်၊၊ မျက်လုံးများကို မှိတ်လိုက်ပြီ အသံကို အာရုံစူးစိုက်နားထောင် လိုက်ပြီ သူမ၏ အရှေ့တည်တည်သို့ ဦးတည် ထိုးစိုက်လိုက်သည်၊၊ သို့သော် လေသာ ရှိပြီ ဒြပ်မရှိ။ ကြည်လင်သော အသံကသာ ထွက်လာပြန်သည်၊၊

ညို့သော ပင်လယ် ဆွဲငင်သော လမင်းDonde viven las historias. Descúbrelo ahora