Uni
အကြံအစည်-၂
နျဲ့မင်ကြွယ့် အသံတစ်ချက်ပြုရင်းအချက်ပြလိုက်ရာ အမှောင်ရိပ်တွင်းမှစောင့်နေတဲ့ လူတစ်ယောက်ချက်ချင်း ရောက်လာလေရဲ့။
"ငါတာဝန်ပေးစရာရှိတယ် ခုချိန်ကစပြီး မုန့်ယောက်နားက တစ်ဖဝါးတောင်မခွာနဲ့ သူသွားချင်တဲ့နေရာသွားပါစေ ဒါပေမဲ့ သူဘာတွေလုပ်နေတာလဲ ပြန်ပြောပြရမယ်"
"အမိန့်နာခံပါ့မယ် သခင်ကြီး"
လက်ဝေ့ရမ်းပြီး သွားခိုင်းလိုက်ချိန်မှာ ထိုလူဟာပျောက်ချင်းမလှပျောက်သွားလေတော့တယ်
***************
"မုန့်သခင်လေး ထွက်လာရတာအဆင်ပြေရဲ့လား"
ဝေ့ယင်း မုန့်ယောင်အနောက်မှာပါလာတဲ့ ကိုယ်ရံတော်တစ်ယောက်ကို လှမ်းကြည့်ရင်းမေးလိုက်တယ်
"ပြေပါတယ်သခင်လေးဝေ့ ကိစ္စပဲဆက်ပြောကြတာပေါ့"
"ကောင်းပါပြီ ကျနော် ကျန်းမိသားစုကို အသိပေးပြီးပါပြီ သူတို့ကလဲ ပထမတော့ မယုံကြည်နိုင်ပေမဲ့လဲ လက်ရှိဝမ်တွေရဲ့လုပ်ဆောင်ပုံတွေအရ ဖြစ်နိုင်ချေရှိတယ်ဆိုတာသိလာကြပါတယ် ကျနော်တို့ဆက်လုပ်ဆောင်ရမှာက......"
"ဟုတ်ပါတယ် ဝမ်ဂိုဏ်းကိုဆန့်ကျင်ဖို့အတွက် ကျန်တဲ့ဂိုဏ်း၄ဂိုဏ်းပေါင်းရပါမယ် အရင်ကလဲလုပ်ဖူးပေမဲ့ ကျနော်က ဝမ်ဂိုဏ်းမှာ သူလျိုလုပ်ခဲ့တဲ့အတွက် ပြဿနာမရှိပေမဲ့ လက်ရှိကတော့ ဝေ့သခင်လေးမြင်တဲ့အတိုင်းပါပဲ"
"နျဲ့ဂိုဏ်းချုပ်က မုန့်သခင်လေးကို ဂရုစိုက်လို့ဖြစ်မှာပါ"
မုန့်ယောင်ခါးသီးစွာ ပြုံးမိတယ် ဂရုစိုက်လို့ပဲလား အရင်ဘဝကလို လုပ်ကြံမယ်လို့ သံသယကြီးထွားနေလို့ပဲလား မိမိသာသိသည်။ လုပ်ခဲ့တဲ့အပြစ်တွေကလဲ ကြီးတာကိုး အပြုသင့်တဲ့ အကုသိုလ်တွေကောပဲလေ
"အရင်ဆုံး ကျနော်တို့ လန်ဂိုဏ်းကို စည်းရုံးသင့်တယ် ကျင်းဂိုဏ်းကတော့ ဖြည်းဖြည်းချင်းပေါ့ ဝေ့သခင်လေးအနေနဲ့ ကျင်းဂိုဏ်းနဲ့ပတ်သက်ရင် ခေါင်းအေးအေးထားဖို့ ကျနော်အရင်တိုက်တွန်းပါရစေ ကျင်းဂိုဏ်းက သတိထားဆက်ဆံရမယ့်ထဲမှာပါဝင်ပါတယ်"