Zawgyi
မုန့်ယောင် နျဲ့ဂိုဏ်းကိုစရောက်တည်းက ဘာအလုပ်မှပေးမလုပ်ခိုင်းပဲ ဒီအတိုင်းနေခိုင်းတယ် အချိန်တိုင်းစားလိုက်အိပ်လိုက်နဲ့ အမေနဲ့ ညနေခင်းတိုင်း လမ်းလျှောက်ရင်းစကားပြောလိုက်နဲ့ နေ့တိုင်းကပျင်းစရာကောင်းတယ်
အကိုကြီး အင်း အခုက ပြန်မွေးဖွားလာတာဆိုတော့ အဲ့လိုခေါ်လို့မသင့်တော်ဘူး
သခင်ကြီးလို့ခေါ်ဖြစ်တော့တယ်
သူဆိုတာလဲ မုန့်ယောင်တို့သားအမိကို နေရာထိုင်ခင်းချပေး သမားတော်ခေါ်ပေး အစေခံထားပေးပြီးနောက်ပိုင်းပေါ်ကိုမလာတော့
အခုအနေအထားတိုင်းဆိုရင် ဝမ်ဂိုဏ်းချုပ် ဝမ်ရို့ဟန်လဲ အကောက်ကြံမယ့်အနေအထားမရှိသေးဘူးဆိုပေမဲ့ ပြောလို့မရဘူး အဲ့ကိစ္စတွေကိုရော ပြောပြသင့်လား ငါပြောရင်ကော ယုံပါ့မလား
ခက်တာက သူသာဒီမှာဆက်နေရင် အတိတ်ကလူတွေနဲ့တွေ့ရမှာ လုံးဝမလွဲဘူး သူမတွေ့ချင်ဘူးအိမ်ပြန်ချင်လိုက်တာ အမေနဲ့ အေးအေးချမ်းချမ်း ဘဝကိုဖြတ်သန်းချင်တာလေ ဘာလို့ဒီအရှုပ်အထွေးထဲပြန်ရောက်လာရတာလဲ
"ဟင်းးးး''
"သက်ပြင်းချလှချည်လား ဘယ်သူ့ကိုတွေးဆွေးနေလဲ ကောင်လေး''
မုန့်ယောင်နောက်ကနေအသံသြကြီးကြားရလို့လန့်သွားပြီး လှည့်ကြည့်တော့ သခင်ကြီး ခေါ် အကိုကြီး တွေးဆွေးနေလဲဆိုတော့ အင်းလေ တွေးဆွေးနေတာနဲ့ ဘာမှမထူးပါဘူး
မင်ကျွဲ့ သူစလိုက်လို့လန့်သွားပေမဲ့ ဘာတစ်ခွန်းမှမပြောဘဲ ပြန်လှည့်သွားတဲ့ မုန့်ယောင်ကိုကြည့်ပြီး တကယ်ပဲ လွမ်းရမယ့်သူရှိနေလား သံသယဝင်မိတယ်
ဒါပေမဲ့ မသိချင်ယောင်ဆောင်လိုက်ပြီး စားပွဲမှာဝင်ထိုင်ကာ"အခုတလော နေလို့ကောင်းရဲ့လား ဆေးကောပုံမှန်သောက်ရဲ့လား''
"ကျနော်နေကောင်းနေပြီ ပြီးတော့ ပြန်လဲပြန်ချင်နေပြီ''
ရေနွေးငှဲ့နေတဲ့လက်က ခဏရပ်သွားပေမဲ့ ထည့်လက်စမို့ဆက်ထည့်နေလို့တယ်
"ဘာလို့လဲ ဒီမှာနေရတာ မပျော်ဘူးလား''
"အင်း မပျော်ဘူး''