"ငါကမင်းရဲ့ပိုင်ရှင်ဖြစ်ကြောင်း လာအသိပေးတာ''
"ဘာ ဘာပြောတယ်''
"ဖြည်းဖြည်း ပြောပါ လန့်လိုက်တာ''
လို့ပြောပြီး သူ့ဘာသာသူရေနွေးတစ်ခွက်ငှဲ့သောက်ပြီး ခွက်ထဲကကျန်တဲ့တစ်ဝက်ကို မုန့်ယောင်ဘက်ကိုကမ်းပေးလေတယ်
"သောက်လိုက် မောလာတယ်မလား''
မုန့်ယောင် ဘာမှဆက်မပြောချင်လောက်အောင် ပင်ပန်းနေပြီမို့ သူပေးတဲ့ရေနွေးပန်းကန်ထဲကရေးနွေးကို သောက်လိုက်တယ်
"ပြန်တော့''
"ဒီမှာနေမှာ''
"ဂိုဏ်းချုပ်လိုအလုပ်ရှုပ်တဲ့သူ ချမ်းသာကြွယ်ဝတဲ့သူက ဒီလိုတဲစုတ်အိမ်စုတ်မှာ နေနိုင်ပါ့မလား''
"ဒါကျုပ်ကိစ္စပါ မပူပါနဲ့ ''
"ခင်ဗျား.....''
"ဘာပြောချင်လို့လဲပြောလေ နားထောင်နေတယ်''
"ဘာလို့ကျုပ်တို့သားအမိကိုလိုက်နှောက်ယှက်နေတာလဲ ဘာလို့လဲ''
"မသိဘူး ဘာလို့လဲဆိုတာကို သိချင်လို့ ဒီမှာလာနေတာ မင်းကမနေစေချင်ဘူးဆို ငါနဲ့လိုက်ခဲ့လေ မင်းအမေပါခေါ်ခဲ့ အဆင်ပြေတာပေါ့''
"မလိုက်ဘူး ပြန်တော့''
"ဟဲ့ သား ဧည့်သည်ကိုဘယ်လိုတွေပြောနေတာလဲ''
အခြေအတင်ဖြစ်နေချိန်အမေဝင်လာတာမို့ ပြောချင်ဆိုချင်နေတဲ့ ပါးစပ်ကို ဖိကိုက်ပြီး ငြိမ်နေလိုက်တယ်
ဒါကို မင်ကျွဲ့မြင်ဖြစ်အောင်မြင်လိုက်သေးတယ်"ဂိုဏ်းချုပ်က အပျော်မယ်ဂေဟာမှာကျမသားကို တွေ့ချင်လို့ခေါ်ခိုင်းခဲ့တဲ့ သခင်ကြီးထင်ပါရဲ့''
"ဟုတ်ပါတယ်''
မင်ကျွဲ့အကြည့်က သူ့ကိုလုံးဝမကြည့်ဘဲမျက်နှာကိုတစ်ဖက်လွှဲထားတဲ့ မုမ့်ယောင်ကိုပဲကြည့်ပြီးအဖြေရှိလေရဲ့
"ဘာအရေးကိစ္စများရှိလို့ပါလိမ့်ရှင်''
မုန့်ယောင်မျက်နှာက ပြောရဲပြောကြည့်ဆိုတဲ့မျက်နှာပးတဲ့ ပြူးကြည့်တယ် ဒါကိုပဲ မင်ကျွဲ့ခဗျာ သဘောတကျရယ်ပြီး