Zawgyi ver
မုန့်ယောင် ဦးလေးShuဆီမှာ တူရိယာအနေနဲ့ ဗျတ်စောင်းကိုပဲရွေးချယ်တီးခတ်ဖို့သင်ကြားခဲ့တယ် အရင်က အကို ရှီချန်ဆီကနေသင်ကြားခဲ့တဲ့တပိုင်းတစကနေ လူသတ်တဲ့အထိကျင့်ကြံခဲ့ပေမဲ့ အခုချိန်မှာ မိခင်ကိုလုပ်ကျွေးဖို့ဆိုတဲ့စိတ်နဲ့ သင်ကြားတော့ လအနည်းငယ်အတွင်း သူဟာဒီဆောင်ကြာမြိုင်ရဲ့ လက်သံအကောင်းဆုံးသူဖြစ်လာခဲ့တယ် ပါရမီထူးလို့ပွဲအတောင်းခံရဆုံးပဲ လူတိုင်းကလဲ သံစဉ်တွေက အေးချမ်းလှတာမို့ စိတ်အပူမီးကြီးနေချိန်တောင် အေးမြစေတယ်လို့ ချီးကျူးတဲ့အထိပဲ
မိန်းကလေးနဲ့ရိုးမှားရအောင် လှလှပပရှိတဲ့မုန့်ယောင်ကိုရိသဲ့သဲ့ရှိကြပေမဲ့ အပြုံးလေးနဲ့ စကားချိုချိုကြောင့် လူချစ်လူခင်များလှတယ်
တစ်နေ့ ဆောင်ကြာမြိုင်တစ်ခုလုံး အုတ်အော့သောင်းနင်းနဲ့ အပျော်မယ်တွေဆိုတာ တော်ရုံနဲ့အကောင်းစားအ၀တ်အထည်မ၀တ်စားတဲ့သူတွေက လှလှပပပြင်ဆင်လို့ သေချာပါတယ် ရွှေဧည့်သည်လာပြီဆိုတာ
ကောင်းပေ့ဆိုတဲ့ဟင်းလျာတွေလဲချက်ပြုတ်ခိုင်းတယ် မုန့်ယောင်မှာ တီးဝိုင်းတွေဆီမသွားနိုင်ဘဲမီးဖိုဆောင်မှာ ဟင်းအမယ်တွေစီစဉ်ပေးရတော့တယ်
ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေချိန်မှာ အပေါ်ထပ်မှာတော့'သွားစမ်း သွားကြစမ်း ဘာတွေလဲ မျက်စိနောက်တယ် မနေနဲ့ငါ့အနား'
ဝုန်းဒိုင်းကျဲနေတဲ့အခန်းထဲကနေ လှပတဲ့မိန်းကလေးတွေနဲ့အတူ သေရည်အိုးတစ်အိုးပါ လွင့်ပျံလာတယ် ပြီးတော့ အနီးကတိုင်ကိုထိကာ အောက်ထပ်ကလူတွေအကုန် ဘာဖြစ်နေတာလဲဆိုပြီး စပ်စပ်စုစုကြည့်တဲ့အထိပဲ
'ဘယ်လိုလုပ်မလဲ နင်တို့ဟာလေ အသုံးကိုမကျဘူး ယောကျာ်းတစ်ယောက် ကို မဆွဲဆောင်နိုင်ဘူးလားဟမ်'
'အမေရယ် ပြောရက်တာ သမီးတို့လဲ မြူတာပေါ့လို့ သူကဘာသားနဲ့လုပ်ထားလို့ သမီးတို့ထိတာမခံတုန်း အဲ့လိုဆို ဘာလို့ ဒီလာသေးလဲ တော်ပြီ ထပ်မလွှတ်နဲ့တော့ ထပ်ဝင်လို့ သူထရိုက်ရင် သမီးတို့အလှလေး ဆိုးရချည်ရဲ့ ဒါလေးနဲ့လုပ်စားနေတာ မ၀င်ဘူး မ၀င်ဘူး'