မုန့်ယောင် မင်ကျွဲ့ရဲ့အကူအညီတောင်းမှုအကြောင်းပြုပြီး ဟွိုက်စန်းရဲ့ လက်ရေးလှရေးခြင်းကိုထိုင်ကြည့်နေရတော့၏ ခေါင်းလေးငုံ့ပြီး ငြိမ်ငြိမ်လေးရေးနေတဲ့ ကလေးပေါက်စကိုကြည့်ပြီး ဒီကလေးက ငါ့ကိုသတ်မယ့်သူ
ငြိမ်သက်ပြီးအေးဆေးတဲ့ဒီကလေးက ငါ့ရဲ့ယုတ်မာတဲ့စိတ်တွေကြောင့် ပြောင်းလဲသွားတယ် သူတန်ဖိုးထားတဲ့အကိုကြီးကိုသတ်မိလို့ ငါ့ကိုပြန်သတ်ခဲ့တယ်
ငါဟာတော်တော်မကောင်းတဲ့သူပဲ"အင် မုန့်ကိုကို ဘာလို့ငိုနေတာလဲ''
ဟွိုက်စန်း မုန့်ယောင်ပါးကိုလာပွတ်မှ မုန့်ယောင်ခဗျာ အတွေးကရုန်းထွက်နိုင်တော့တယ်
"ဟင် ဘာမှမဟုတ်ပါဘူး ကိုကိုအတွေးလွန်သွားလို့ပါ ရေးပြီးပြီလား''
"Inn ကိုကိုတစ်ချက်လောက်စစ်ပေး''
ရေးထားတဲ့စာရွက်ကိုမုန့်ယောင်လက်ထဲထိုးပေးပြီးချီးကျူးခံချင်တဲ့ကလေးလေးအတိုင်းလက်လေးနောက်ပြစ်ပြီး ကြည့်နေတာ
ဒီကလေးကိုဘယ်တော့မှ ငါ့ကြောင့်မခက်ခဲစေရဘူး အရင်လိုအမှားမျိုးလုံးဝမဖြစ်စေရဘူး"အိုး လက်ရေးလေးက လှနေရော ဒီထက်ပိုပြီးအာရုံစိုက်ရေးနော် အာ့ဆို ဟန်ကွမ်ကျွင်းတို့ ဇယ်ဝူကျွင်းတို့ထက်လှမှာ''
"ဟန် ဟန်ကွမ်... ဘယ်သူတွေလဲသူတို့က''
"အယ် အဲ့တာက....... ''
လွှတ်ခနဲထွက်သွားတဲ့ ပါးစပ်ကိုသာပိတ်ရိုက်လိုက်ချင်တယ် ချီးကျူးချင်စိတ်လောသွားလိုက်တာ ငါဟာလေ
"မုန့်ယောင်က ဇယ်ဝူကျွင်းတို့ကိုသိတာလား''
"သခင်ကြီး?! ဘယ်တုန်းကရောက်.... အာ...မသိပါဘူး ကြားဖူးမိတာကိုပြောပြတာပါ''
"Awwww ကောင်းပါပြီ ဟွိုက်စန်းအခြေအနေကော ဘယ်လိုရှိလဲ ပြကြည့်ပါဦး''
မင်ကျွဲ့လက်ထဲရောက်လာတဲ့စာရွက်ကိုကြည့်ပြီး
"ဟွိုက်စန်း မင်းဘယ်တော့မှတိုးတက်မှာလဲ ရေးထားတာကြည့်စမ်း''
"သခင်ကြီး ဟွိုက်စန်းကခုမှလေ့ကျင့်တုန်းပါ ခုရေတွင်းတူးခုရေကြည်သောက်မရပါဘူး ကလေးကိုပရမ်းမဆူပါနဲ့''