490 74 6
                                    

နျဲ့မင်ကျွဲ့ ရွာနားထိလိုက်လာပြီးနောက် ဘာသံမှမကြားရတော့တာ ရက်သတ္တပတ်နည်းနည်းကြာသွားတယ် မုန့်ယောင်လဲ သူ့ယာခင်းထဲသူဆင်းပြီး လုပ်စရာရှိတာလုပ်တယ် အမေ့ကိုတော့အကျိုးအကြောင်းရှင်းပြပြီး ဒီကဈေးသည်တွေဈေးသွားရောင်းရင် အတူတူလိုက်သွားဖို့နဲ့အမေ့ကိုပဲဈေးရောင်းခိုင်းလိုက်တော့တယ် သူကတော့ရွာမှာပဲနေခဲ့ပြီး ယာအလုပ်တွေပဲ ဇယ်ဆတ်သလိုလုပ်နေလိုက်တယ်

"အားယောင်ရေ သတင်းကောင်းဟေ့''

"အင် ဘာများလဲ ဘကြိးရဲ့ ဘကြိးသားလေးလောင်းကစားနိုင်လာလို့လား''

ဘကြီးခဗျာ ရှုံ့မဲ့သွားပြီး

"သူလား သေမလိုသောက်စားပြီး လောင်းကစားလုပ်နေတာ သေသွားလဲ သတင်းကောင်းပဲဟေ့''

ဘကြီးရဲ့အပြောမှာ မုန့်ယောင်ခွက်ထိုးခွက်လန်ရယ်မိတော့တယ် အရင်ဘဝကဟန်ဆောင်မျက်နှာဖုံးတွေနဲ့ဝေးကွာတဲ့ ဒီလိုတောရွာက လူကြီးတွေရဲ့စကားတွေက တဲ့တိုးပေမဲ့ အရမ်းဖြူစင်လွန်းတယ် မုန့်ယောင်နှစ်သက်မိတယ်

"ပြောမဲ့ဟာတောင်မေ့တော့မလို့ ကျုပ်တို့ရွာကိုလေ သူတော်ဂိုဏ်းသားတွေ လာတော့မယ်တဲ့''

"ဟုတ်လား ကောင်းတာပေါ့ ရွာလဲလုံခြုံရပြီပေါ့ဗျာ''

"အေး အဲ့ထက်ပိုကောင်းတာက ခဏတဖြုတ်နေမှာမဟုတ်ဘူးတဲ့ ဌာနခွဲအနေနဲ့တည်ပြီးတော့ ဂိုဏ်းသားတွေပါထားပေးမှာတဲ့ ကောင်းတယ်ကွာ''

"ဒါနဲ့ဘယ်သူတော်ဂိုဏ်းကတဲ့လဲ''

"အင်း ချင်းဟယ်နျဲ့ဆိုလားပဲ''

"ဗျာ ချင်းဟယ်နျဲ့ဟုတ်လား''

"အေးလေကွာ မင်းကလဲအလန့်တကြားနဲ့''

ဒါလောက်ပဲပြောပြီး ဘကြီးကသူ့အလုပ်သူဆက်လုပ်နေတော့တယ်
မုန့်ယောင်ကတော့ တိုက်ဆိုင်တာဖြစ်မှာပါလေဆိုပြီ သဘောပိုက်လိုက်ပါတော့တယ်

~~~~~~~~

ရုတ်တရက်ဆန်တဲ့ ဂိုဏ်းလိုက်ကြီးလာရောက်မှုကြောင့် နေရာထိုင်ခင်းမပြေလည်လိုက်
မပြေလည်ဘူးဆိုတာထက် သူတို့နဖို့အိပ်ဆောင်မရှိတာဆိုးပါတယ်
ဆိုးလွန်းမကဆိုးတာက နျဲ့မင်ကျွဲ့ကိုယ်တိုင်လိုက်လာတာပါပဲ

Return of Meng YaoWhere stories live. Discover now