Chapter-1

8.6K 271 1
                                    

<<UNICODE>>

"ယီနန်, ငါတို့ချုန်းတောင်ကိုထွက်ခွာဖို့တစ်နာရီလောက်ပဲလိုတော့တယ်,မင်းအခုမှဘယ်နေရာတွေကိုသွားချင် နေသေးတာလဲ?"

ယီနန့်ပုံစံကပင်ပန်းနွမ်းနယ်တဲ့ပုံပေါက်နေပေမယ့်အိပ်ရာပေါ်မှအသည်းအသန်ဆင်းကာဘယ်လောက်အလျင်လိုနေလဲဆိုရင်ရေတောင်မချိုးနိုင်ဘဲအင်ကျီကိုတန်းဝတ်တဲ့အထိ။ယီနန့်ရဲ့အဲ့လိုအပြုအမူကြောင့်ချန်ယွီခုနကမေးခွန်းကိုမနေနိုင်ပဲမေးလိုက်ခြင်းဖြစ်သည်။

"သေစမ်း!" ယီနန်ကအချိန်ကိုကြည့်ပြီးအော်လိုက်သည်။

"မင်းသာတိရိစ္ဆာန်တွေ Heat တက်သလိုဖြစ်မနေဘူးဆိုရင်,ငါပို့စရာရှိတဲ့ပိုက်ဆံတွေကိုအစောကြီးထဲကပို့ပြီးသွားလောက်ပြီ"

"မင်းအဖေဆီကိုပိုက်ဆံတွေပို့ရုံပဲမလား...မနက်ဖြန်မင်းအစားကျန်းရှောင်ပိုကိုသွားပို့ခိုင်းလိုက်မယ်၊ပြီးခဲ့တဲ့အပတ်ကချစ်လေးရဲ့အဖေအိမ်ကိုသွားလည်သေးတယ်မဟုတ်လားကွာ?!ပိုက်ဆံကိုဘာလို့အဲ့ချိန်ထဲကမပေးခဲ့ရတာလဲ?အခုတော့ဒီအပတ်မှာပေးဖို့လုပ်နေရပြီ...ဘယ်လောက်ဒုက္ခများလိုက်လဲ?"

"ပြီးခဲ့တဲ့အပတ်..ဟုတ်လား?လွန်ခဲ့တဲ့လကပြန်ရောက်တုန်းလေးဆိုပြီးသုံးလိုက်တာလက်လွန်သွားတယ်အခုလက်ထဲမှာပိုက်ဆံဘယ်လောက်မှမကျန်တော့ဘူး။ငါ့လစာထုတ်တဲ့ဗုဒ္ဓဟူးနေ့ထိစောင့်ပြီးမှပိုက်ဆံလွှဲတာပိုသဘာဝကျတာပေါ့။ပြီးတော့ကျန်းရှောင်ပိုကိုငါတို့ကိုယ်ရေးကိုယ်တာကိစ္စတွေအကုန်လိုက်လုပ် ခိုင်းနေလို့မရဘူးလေ၊သူကမင်းရဲ့လက်ထောက်ငါ့လက်ထောက်မဟုတ်ဘူး, ငါကအစီစဥ်ရေးဆွဲရေးဌာနရဲ့မန်နေဂျာသာသာလေးတစ်ယောက် လူတွေကိုအလိုရှိတိုင်းကြိုက်သလိုခိုင်းနေလို့မဖြစ်ဘူး"

"ဒါဆိုလည်းသူ့ကိုသွားဖို့ကိုယ်ပြောလိုက်မယ်လေ,အဆင်ပြေတယ်မလား?အဲ့ပိုက်ဆံတွေကကိုယ့်အဖေယောက္ခမကြီးအတွက်လို့ပြောလိုက်မယ်"

ကိုယ်လုံးပေါ်မှန်ကြီးပေါ်မှာထင်ဟပ်နေသောအဝတ်အစားကိုသေသပ်စွာဝတ်နေတဲ့ယီနန်ပုံရိပ်လေးကိုချန်ယွီကြည့်ရင်းပြောလိုက်သည်။ယီနန်ကပြီးခဲ့တဲ့ခရစ်စမတ်တုန်းကသူလက်ဆောင်အဖြစ်ပေးခဲ့တဲ့မိကျောင်းသားရေခါးပတ်ကိုဝတ်နေလေသည်။

Deceive(欺骗){MM Translation-complete}Where stories live. Discover now