Chapter-5

2.1K 166 12
                                    

<<UNICODE>>

ချင်းတောင်မှချန်ယွီပြန်လာပြီးဒုတိယမြောက်နေ့မှာယီနန့်အဖေဆီကအထုပ်တစ်ခုကိုလက်ခံရရှိခဲ့တယ်။သူဖွင့်ကြည့်လိုက်ချိန်အထဲမှာပါတဲ့အကြောင်းအရာကြောင့်ချန်ယွီ့အသားအရေတို့သည်လူသေတစ်ယောက်ကဲ့သိုဖြူဆုတ်သွားခဲ့၏,ဟိုင်ယွီ၏မှတ်တမ်းကိုသူမဖန်တီးခင်တုန်းကချန်ယွီ၏ပြစ်မှုမှတ်တမ်းဖြစ်နေပြီးသက်သေတွေဆိုတာလည်းလုံလောက်လွန်းလို့ကျည်ဆန်အချက်တစ်ရာမကအပစ်ခံရကိန်းရှိသည်၊ပို့ပေးလိုက်သောအချက်အလက်တွေအပြင်နောက်ထပ်အသံဖိုင်တစ်ခုကိုပါအိတ်အသေးတစ်လုံးဖြင့်ထည့်ပေးလိုက်သေးသည်၊ချန်ယွီအသံဖိုင်ဖွင့်စက်ထဲကိုတိပ်ခွေကိုထည့်လိုက်ပြီးသူ့ရဲ့တုန်ရီနေသောလက်ညှိုးကိုမြှောက်ကာအဖွင့်ခလုတ်ကိုအသေအချာမနှိပ်မိခင်နှစ်ချက်မျှမထိတထိနှိပ်နေသေးသည်။တိပ်ခွေဟာဖြေးညှင်းစွာနဲ့တည်တည်ငြိမ်ငြိမ်လည်နေလျှက်,ယီနန်၏သံလိုက်ကဲ့သို့ဆွဲဆောင်ပြီးကြည်လင်သောအသံလေးထွက်ပေါ်လာသည် "ချန်ယွီ,ငါပါယီနန်လေ,ငါမင်းကိုအမြဲဝန်ခံချင်နေတာတစ်ခုရှိတယ်၊ဒါပေမယ့်ဘယ်လိုပြောရမလဲဆိုတာငါဘယ်တုန်းကမှမသိခဲ့လို့မင်းကိုပြောဖို့ဒီနည်းလေးသုံးလိုက်တာ။မင်းငါ့ရှေ့မှာမရှိမှငါဒါကိုပြောနိုင်မှာ,ငါပိုပြီးစဉ်းစားလေလေဒီနည်းလောက်သင့်တော်တာမရှိတော့ဘူးပြီးတော့ဒီနည်းသုံးပြီးပြောရင်ငါတို့နှစ်ယောက်လုံးအတွက်စဉ်းစားဖို့အချိန်လည်းရမှာလေ"

"ငါဘာပြောချင်တာလဲဆိုတော့.....အမှန်တော့ငါကရဲတစ်ယောက်ပါအတိအကျပြောရရင်ရုပ်ဖျက်ထားရတဲ့ရဲတစ်ယောက်၊မင်းကမ္ဘာပေါ်မှာအမုန်းဆုံးကရုပ်ဖျက်ထားတဲ့ရဲတွေဆိုတာငါသိပါတယ်ရှောင်ဟိုင်သေရတာသူတို့ကြောင့်ဆိုပြီးမင်းအမြဲပြောနေကြမလို့လေ,ဒါပေမယ့်တကယ်လို့ရှောင်ဟိုင်သာမူးယစ်မှောင်ခိုလုပ်ငန်းထဲမှာသာမပါခဲ့ဘူးဆိုရင်သူသေပါ့မလား?တကယ်တော့အဲ့ဒီမူးယစ်ဆေးတွေကသာရှောင်ဟိုင်ကိုသတ်ခဲ့တာ!(စက္ကန့်မျှရပ်သွား)လွန်ခဲ့တဲ့(၂)နှစ်ထဲကဟိုင်ယွီ့ကိုငါလိုက်စုံစမ်းခဲ့တယ်ငါအချက်အလက်တွေတော်တော်များများကိုစုမိခဲ့တယ်လွန်ခဲ့တဲ့(၇)နှစ်ကမင်းရဲ့မူးယစ်ဆေးမှောင်ခိုလုပ်ငန်းတွေရောပေါ့၊အဲ့ဒါတွေကိုအဖွဲ့ခေါင်းဆောင်ဟွမ်ဆီပို့ရမယ်ဆိုတာငါသိ ပေမယ့်ငါမင်းကိုလုံးဝထောင်ထဲမပို့ချင်ဘူး....မင်းသေနတ်နဲ့အပစ်ခံရမှာကိုလည်းငါမကြည့်ရက်ဘူး။မင်းမကြာခနပြောလေ့ရှိတယ်လေ..ကျောင်းပြီးရုံပဲရှိသေးတဲ့ငါ့လိုလူငယ်တွေကဘဝအတွေ့အကြုံတစ်စက်မှမရှိဘဲအရမ်းရိုးအ ပြီးတုံးတယ်ဆိုတာလေ,ကြည့်ရတာမင်းရဲ့ကျီးကန်းပါးစပ်ကြီးကမှန်သားပဲမင်းနဲ့အတူရှိချိန်တိုင်းငါကရဲဆိုတာအမြဲမေ့သွားတယ်၊ပြီးတော့ဘယ်အချိန်လည်းဆိုတာမသိပေမယ့်,မင်းကိုချစ်မိသွားတဲ့အထိငါသတိလက်လွတ်ဖြစ်သွားတယ်ဆိုတာပဲ။ဟိုင်ယွီလုပ်ငန်းစုကအခုတရားဝင်စီးပွားရေးတွေလုပ်နေပြီဆိုတာငါသိတယ်ပြီးတော့တရားမဝင်စီးပွားရေးတွေနဲ့လည်းမင်းမပတ်သက်တော့ဘူးဆိုတာကိုရောပေါ့___ဒီအချက်ကိုအတည်ပြုပြီးတဲ့နောက်မှာငါတလလောက်စိတ်တွေလှုပ်ရှားပြီးငါ့ကိုယ်ငါလည်းကြိတ်ပြီးဂုဏ်ပြုနေမိတယ်။ဒါပေမယ့်အဖွဲ့ခေါင်းဆောင်ဟွမ်နဲ့အရာရှိလီတို့ကမယုံကြတဲ့ပုံကြီးနဲ့,သူတို့အမူအရာတွေကနေတစ်ဆင့်ငါ့ရဲ့သစ္စာရှိမှုကိုအမေးအမြန်းခံနေရပြီဆိုတာခံစားမိတယ်၊(သက်ပြင်းချလိုက်)သူတို့မှာသံသယဝင်ပိုင်ခွင့်ရှိပါတယ်,ငါကရဲဖြစ်လာဖို့အရည်အချင်းမပြည့်ဝဘူး,(စက္ကန့်အနည်းငယ်မျှရပ်သွား)သန်ဘက်ခါ___မင်းနဲ့ငါချင်းတောင်ကိုအလည်သွားမယ့်နေ့...အဲ့နေ့မှာငါအဖွဲ့ခေါင်းဆောင်ဟွမ်ကိုကုမ္ပဏီရဲ့အတွင်းရေးအကောင့်တွေနဲ့ကုန်သွယ်မှုတွေပါတဲ့ကွန်ပြူတာdiskကိုပေးဖို့လုပ်ထားတယ်အဲ့ထဲ မှာလျှို့ဝှက်ကုန်သွယ်မှုတွေပါနေတယ်ဆိုပေမယ့်အနည်းဆုံးတော့ဟိုင်ယွီလုပ်ငန်းစုကတရားဝင်အလုပ်တွေလုပ်‌ နေတယ်ဆိုတာအတည်ပြုနိုင်တယ်လေ,မင်းအတွက်ပါအကျိုးရှိနိုင်တယ်လေ။ပြီးတော့ဒီလျှို့ဝှက်ကုန်သွယ်မှုတွေအပြင်ကိုပေါက်ကြားမှာမဟုတ်တော့ဟိုင်ယွီလုပ်ငန်းကိုဆုံးရှူံးမှုတွေဖြစ်စေမှာမဟုတ်ဘူး။မင်းရဲ့အရင်မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှတ်တမ်းတွေကိုတော့မင်းကိုပြန်ပို့ပေးဖို့ငါ့အဖေကိုပြောလိုက်မယ်ဒီအသံသွင်းထားတဲ့တိပ်ခွေကိုပါထည့်ပို့ခိုင်းလိုက်မယ်အဲ့တော့မှမှတ်တမ်းတွေနဲ့တိပ်ခွေကို(၃၀)ရက်နေ့ကျရင်ပို့ပေးနိုင်လိမ့်မယ်။ဒီနည်းနဲ့ဆိုမင်းကျွန်းကပြန်ရောက်တာနဲ့ဒီပစ္စည်းတွေကိုမင်းရလိမ့်မယ်။အခုငါ့ရဲ့လုပ်ရပ်ကရဲတစ်ယောက်မှာရှိသင့်တဲ့တရားမျှတမှုနဲ့သစ္စာစောင့်သိမှုကိုချိုးဖောက်နေမှန်းငါသိပါတယ်ဒါပေမယ့်ပျက်စီးနေတဲ့လမ်းမှားကနေအရွက်သစ်လေးတစ်ခုလိုဘဝအသစ်ပြန်စဖို့အညွန့်တက်နေတဲ့လူကိုငါထောင်ထဲလုံးဝမထည့်ချင်ဘူး.....(တိတ်ဆိတ်နေ)ဒါငါ့ရဲ့တကိုယ်ကောင်းဆန်မှုသေးသေးလေးလို့ပဲစဉ်းစားလိုက်ပါ"

Deceive(欺骗){MM Translation-complete}Where stories live. Discover now