Chapter-2

1.5K 165 0
                                    

<<UNICODE>>

ချင်းတောင်

ညဘက်ချန်ယွီရဲ့အပျော်စီးဇိမ်ခံသင်ဘောပေါ်မှာယီနန်သည်ရေခဲပါသောကာဗွန်နိတ်ရည်ကိုသောက် ရင်းအသားကင်(barbecue)စားနေခဲ့သည်၊ယီနန်ကအစားကြေး(ဂျီး)များတဲ့သူမဟုတ် ပေမယ့်သောက်စားတာတွေနဲ့ပတ်သက်လာရင်တော့သူ့အတွက်အခက်အခဲရှိလေသည်။သူကအရက် သောက်ရတာကိုနှစ်သက်သူမဟုတ်,ဒါပေမယ့်တစ်ချို့သောကိစ္စတွေမှာတော့သူ့မှာငြင်းပယ်ပိုင်ခွင့်မရှိ ဘဲသောက်ရပြီးအဲ့ဒါကြောင့်ပဲယီနန်ရဲ့သောက်နိုင်စွမ်းမသေးဘူးဆိုတာချန်ယွီသိသွားခဲ့သည်။ပြီးတော့ယီနန်ကကိုလာဒါမှမဟုတ်လိမ္မော်ဖျော်ရည်အဲ့လိုအရာတွေသောက်ရတာလည်းမကြိုက်ဘူး,အရမ်းချိုလို့မသောက်နိုင်ဘူးတဲ့လေ။ပုံမှန်ဆိုယီနန်ကကာဗွန်နိတ်ရေပဲသောက်လေ့ရှိပြီးသောက်ရင်လည်းအဲ့ထဲကိုဆားနည်းနည်းထည့်လေ့ရှိသည်။အကြောင်းပြချက်ကလူတစ်ယောက်ကရိုးရိုးရေကိုပမာဏအများကြီးသောက်မိရင်ခန္တာကိုယ်တွင်းမှာရှိတဲ့ဆားဓာတ်တွေကိုလျော့နည်းစေပြီးကျန်းမာရေးကိုထိခိုက်စေတယ်လို့ဆားခပ်ပြီးသောက်တာတဲ့။ဒီလိုအခြေအမြစ်မရှိတဲ့အရာတွေကိုအာရုံစိုက်ပြီးအသေအချာရှင်းပြနေတတ်တဲ့သူ့ကိုချန်ယွီအမြဲတမ်းလှောင်ခဲ့သည်။

"ချန်ယွီ,ငါ့ကိုနောက်ထပ်ကာဗွန်နိတ်ရေယူပေးပါလား"

ပင်လယ်ပြင်ကိုငုံ့ကြည့်နေတဲ့ချန်ယွီကိုလှမ်းပြောလိုက်ချိန်ယီနန်သည်ဘရာဇီးခပတ်ကိုဝါးနေသည်။ (Brazil kebab - ဆိတ်သား/ကြက်သားစသည်ကိုအမွှေးအကြိုင်ခတ်ကာတံစို့ထိုး၍ကင်သောအသားကင်)

"ဒီနေ့အသားကင်တွေကငန်တယ်"

ချန်ယွီကသူ့ကိုယဲ့ယဲ့လေးပြုံးပြကာ "မင်းမသောက်နိုင်တော့တဲ့အထိပိုလျှံနေမယ့်ရေပိုက်တွေအလုံလောက်ရှိတယ်,စိတ်ချ"

ယီနန်ကိုချန်ယွီရေခွက်လှမ်းပေးလိုက်ချိန်,ရှောင်လေ့ကသံလိုက်အိမ်မြှောင်ဖြင့်ဝင်လာကာချန်ယွီကို ပြောလာသည်..."ကျွန်တော်တို့ရောက်ခါနီးပြီ"

ချန်ယွီခေါင်းငြိမ့်ပြလိုက်ပြီးယီနန့်ဘက်ကိုလှည့်ကာမေးလိုက်သည် "ဒါဘယ်နေရာလဲဆိုတာမင်းသိလား?"

Deceive(欺骗){MM Translation-complete}Where stories live. Discover now