Epilogue

3.2K 184 23
                                    

<<UNICODE>>

ငါးရက်ကြာပြီးနောက်,

(ဖုန်းမြည်သံ......)

"ဟယ်လို,ချင်ယီနန်အိမ်ကပါ၊ဘာအလိုရှိပါသလဲဗျ?"

"အိုး,ကျွန်တော်ကမြို့ထဲကရေကူးသင်တန်းရဲ့ဝန်းထမ်းပါ၊Mr.ချင်ယီနန်ကို(၂၆)ကြိမ်မြောက်ရေကူးသင်တန်းအတွက်စာရင်းပေးသွင်းဖို့ခေါ်ထားပါတယ်ဒါပေမယ့်အဲ့နေ့တုန်းကသူချင်းတောင်ကိုသွားရမယ်ဆိုပြီးကျူရှင်လခမပေးသွားပါဘူး,ကျွန်တော်တို့ဆီမှာသူ့ဖုန်းနံပါတ်ကိုပဲပေးသွားပါတယ်၊မနက်ဖြန်ဆိုရေကူးသင်တန်းကစတော့မှာမို့Mr.ချင်သင်တန်းတက်မယ်ဆိုရင်သင်တန်းကြေးကိုဒီနေ့လည်ပိုင်းဒါမှမဟုတ်မနက်ဖြန်မနက်ဆက်ဆက်ပေးသွင်းပါလို့ပြောပေးပါဗျ၊ဒီsessionမှာရေဘယ်လိုကူးရမလဲဆိုတာမသင်ရသေးဘူးဆိုရင်နောက်sessionကိုအခမဲ့တက် ရောက်နိုင်ပါတယ်......"

"ကောင်းပါပြီ,သူ့ကိုပြောလိုက်ပါ့မယ်၊ကျေးဇူးပါ"

"ရပါတယ်ဗျ"

အိပ်ရာပေါ်မှာငြိမ်သက်စွာအိပ်မောကျနေတဲ့ကောင်လေးနိုးသွားမည်ကိုစိုးထိတ်သည့်အတွက်ချန်ယွီအိပ်ခန်းဆီကိုခြေသံဖွဖွလေးနင်းကာပြန်လျှောက်လာ၏။

"ယီနန်" သူခန္တာကိုယ်ကိုကိုင်းကာအဲ့ဒီနေ့ကယီနန်ထွက်မသွားခင်သူ့ကိုနမ်းခဲ့သလိုမျိုးသူကလည်းယီနန်၏ဖူးယောင်ကာပုံပျက်နေပြီဖြစ်သောပါးပြင်ကိုနူးညံ့စွာအနမ်းခြွေလိုက်သည်။

အိပ်ရာပေါ်မှယောကျာ်းပျိုကတော့စကားတစ်ခွန်းမှမပြော။

"ဟူး......ချင်းတောင်ကပြန်လာပြီးထဲကမင်းကိုယ့်ကိုလျစ်လျူရှူနေတယ်ကွာ၊သုံးရက်တောင်နောက်ကျသွားဖို့ကိုယ်မရည်ရွယ်ပါဘူး၊မင်းရဲ့ဖုန်းကိုမိနစ်တိုင်းကိုယ်ခေါ်တယ်'နန်,မြန်မြန်အိမ်ပြန်လာတော့,ကိုယ်မင်းပြန်အလာကိုစောင့်နေတယ်!'ဆိုပြီးပြောချင်လို့လေ။ကိုယ်ခနခနဖုန်းခေါ်ပေမယ့်ဘယ်သူမှဖုန်းကိုလာမကိုင်ကြဘူး...ယီနန်,ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့နော်၊မင်းစကားကိုအမြဲနားထောင်မယ်လို့ကိုယ်ကတိပေးတယ်လေ။ပြီးတော့ကိုယ်ဆေးလိပ်ဖြတ်လိုက်ပြီဘယ်တော့မှထပ်ပြီးဆေးလိပ်မသောက်တော့ဘူး။ကိုယ့်ကိုဘာလုပ်စေချင်သေးလဲ..ဟင်..ကိုယ့်ကိုလျစ်လျူရှူမထားပါနဲ့ကွာ။နန်...ဒါနဲ့စကားမစပ်,ရေကူးသင်တန်းကလူဖုန်းဆက်တယ်မင်းသင်တန်းတက်မှာလားဆိုပြီးလှမ်းမေးတာ,မင်းလူညစ်လေး...ရေဘယ်လိုကူးရမလဲဆိုတာတောင်မသိပဲကိုယ့်ကိုရေကူးတတ်တယ်ဆိုပြီးလှည့်စားတယ်နော်"

Deceive(欺骗){MM Translation-complete}Where stories live. Discover now