Chapter-4

1.5K 155 2
                                    

<<UNICODE>>

အပြာရောင်ဖိုင်တွဲတစ်ခုကိုချန်ယွီကိုင်ရင်းဝါးကုလားထိုင်ပေါ်မှထကာယီနန်ဆီသို့လျှောက်လာခဲ့သည်။မရပ်မ နားစီးနေသောသွေးတို့ကြောင့်ယီနန်မှာတစ်ကိုယ်လုံးဆေးဆိုးထားသလိုနီရဲနေလျက်...သူ့နှုတ်ခမ်းတို့မှာလည်းလှုပ်ရှားနေသော်လည်းမည်သည့်အသံမှသူ့လည်ချောင်းထဲမှထွက်ပေါ်လာခြင်းစိုးစဉ်မျှမရှိပေ။

"ကိုယ်တို့မှာအခွင့်အရေးတွေရှိနေသေးရဲ့နဲ့ကွာ" ချန်ယွီပြောနေရင်းယီနန်ရှေ့ကိုဖိုင်ထဲရှိသမျှအကုန်သွန်ချပြလိုက်သည်,ဖိုင်ထဲပါသောအရာများမှာယီနန်ရဲသင်တန်းကျောင်းသို့ဝင်ခွင့်ရချိန်မှစ၍ယခုလက်ရှိလှုပ်ရှားနေမှုများအထိမှတ်တမ်းတင်ထားတာတွေဖြစ်နေသည့်အပြင်အပုံလိုက်သောဓာတ်ပုံများပါရောနှောပါနေသေးသည်,ချန်ဒူမြို့ရှိဟော့ပေါ့ဆိုင်တွင်ရိုက်ထားသောပုံတွေဖြစ်နေပြီးဓာတ်ပုံထဲမှာကွန်ပြူတာဓာတ်ပြားနှင့်တကွအဖြူရောင်စာအိတ်ကိုပါအဖွဲ့ခေါင်းဆောင်ဟွမ်ဆီသို့အပ်နှံနေတဲ့အချိန်ယီနန်၏တည်ကြည်လေးနက်နေသောအမူအရာကိုတွေ့နေရသည်။

"ကွန်ပြူတာdiskထဲကသတင်းတွေကဟိုင်ယွီတရားဝင်အလုပ်တွေပဲလုပ်နေတယ်ဆိုတာကိုအတိအကျပြနေတဲ့သက်သေ၊ကိုယ်မင်းကိုအဲ့ဒီကွန်ပြူတာdiskကိုတမင်တကာပေးခဲ့တာအဲ့တော့မှကိုယ့်ကိုရဲတွေအမှောင်ထဲမှာမလွှတ်တမ်းလိုက်ကိုက်နေတဲ့ရန်ကလွတ်မှာလေ,ဒါပေမယ့်..."ချန်ယွီ့စကားသံတွေထဲမှာစိတ်လှုပ်ရှားမှုဒါမှမဟုတ်သူ့ကိုယ်သူကျေနပ်အားရမှုအပြည့်နှင့်ပြောနေရမည့်အစားတစ်ခုခုသောနာကျင်မှုနဲ့ဖုံးကွယ်လို့မရနိုင်တဲ့ဝမ်းနည်းကြေကွဲမှုတွေသာပြည့်နှက်နေသည်။ "ဒါပေမယ့်မင်းကိုအဲ့နေရာကို,ကိုယ်မသွားစေချင်ခဲ့သလို...အဲ့အတွက်ကြောင့်ဟိုင်ယွီကိုရဲတွေသံသယဝင်နေ သေးလည်းကိုယ့်အတွက်အဆင်ပြေနေရဲ့သားနဲ့....ဘာကြောင့်လဲ,အဲ့နေ့တုန်းကမထွက်ခွာရသေးခင်တစ်နာရီပဲ ကျန်တော့တဲ့အချိန်ထိမင်းကို ကိုယ်နဲ့အတူရှိနေစေဖို့ကိုယ်မရရအောင်မင်းကိုအချိန်ဆွဲခဲ့တာတောင်,ဘာလို့မင်းသွားဖြစ်အောင်သွားခဲ့ရတာလဲ!!?ဘာကြောင့်လဲ?!"

Deceive(欺骗){MM Translation-complete}Wo Geschichten leben. Entdecke jetzt