Chapter-3

1.2K 146 1
                                    

<<UNICODE>>

သူ့စကားတွေကြားပြီးတဲ့နောက်,ယီနန်၏အသားအရေမှာချက်ချင်းဆိုသလိုသွေးဆုတ်ဖြူဖျော့လာခဲ့ တော့သည်။တစ်ခနတိတ်ဆိတ်သွားပြီးသူ့ကိုယ်သူလှောင်ရယ်ကာ "တစ်ချိန်လုံးမင်းကငါ့ကိုအသုံးချနေခဲ့တာပဲ,အမြဲတမ်းဟန်ဆောင်ပြီးငါ့ကိုလှည့်စားနေခဲ့တာ"

"တစ်ယောက်ကိုတစ်ယောက်လှည့်စားတယ်လို့ပြောသင့်တယ်" အကောင်းစားဖန်သားဖြင့်ပြုလုပ်ထားသောဝိုင်ခွက်ကိုချန်ယွီကိုင်ကာပါးစပ်အပြည့်ဝိုင်ကိုသောက်ရင်းယီနန့်စကားကိုပြန်ပြင်ပြောလိုက်သည်။

"အဲ့ဒီအချိန်တုန်းကငါတို့သင်ဘောနဲ့ကုန်ပို့နေတုန်းရှောင်ဟိုင်ဘာလို့သေသွားလည်းဆိုတာမင်းသိလား?"

"မူးယစ်ဆေးမှောင်ခိုသွင်းတာကသူ့ကိုအသက်ဆုံးစေတာပဲ,အခုမင်းလုပ်နေတဲ့လုပ်ငန်း...."

"အဓိပ္ပာယ်မရှိလိုက်တာ!" ချန်ယွီပစ်ပေါက်လိုက်သောဝိုင်ခွက်သည်ကျကွဲသံနှင့်အတူတစ်စစီကွဲကြေသွားကာဝိုင်နီတွေနေရာအနှံ့ပျံ့ကျဲသွားပုံမှာလည်းသွေးအိုင်ပမာ....အဲ့ဒီအခိုက်အတန့်မှာချန်ယွီ၏မျက်လုံးများမှာလည်းသွေးရောင်ကဲ့သို့ရဲနေသည်, "အဲ့တုန်းကငါတို့လက်အောက်မှာအလုပ်လာလုပ်တဲ့အယောင်ဆောင်အကောင်ကြောင့်ကွ!ရဲတွေကိုသင်ဘောထွက်မယ့်ရက်နဲ့အချိန်ကိုသတင်းပေးခဲ့လို့!"

အဲ့အချိန်မှပဲသင်ဘောကုန်းပတ်ပေါ်မှာဝန်ဆောင်မှုပေးသောလူများနှင့်သင်ဘောမောင်းနှင်မှုအတွက် တာဝန်ကျနေသောလူများဒါဇင်မျှသောလူများကသူ့ကိုဝိုင်းထားသည်ကိုယီနန်သတိထားမိလိုက်သည်။

"ဟိုအယောင်ဆောင်ကောင်နောက်တော့ဘာဖြစ်သွားလဲဆိုတာမင်းသိလား?,သူ့သရုပ်မှန်ကိုငါသိသွားတဲ့အချိန်မှာသူ့ကိုယ်သူသတ်သေသွားတယ်လေပြီးတော့သူ့အလောင်းကိုပင်လယ်ထဲပစ်ချလိုက်တယ်၊နောက်ပိုင်းငါကျိန်ဆိုခဲ့တယ်...အကယ်လို့ငါသာနောက်ထပ်အယောင်ဆောင်ကောင်တွေကိုထပ်တွေ့ခဲ့ရင်သူတို့အကုန်လုံးကိုပင်လယ်ထဲပစ်ချမယ်ဆိုပြီး"

"ခွေးကောင်,ငါ့ကိုလွှတ်ပေးစမ်း!" ယီနန့်ကိုလူ(၆)ယောက်(၇)ယောက်ကထိုးနှက်တာခံလိုက်ရပြီးသင်ဘောကုန်းပတ်၏မျက်နှာပြင်ပေါ်သို့ဖိချခြင်းကိုခံလိုက်ရသည်။

Deceive(欺骗){MM Translation-complete}Where stories live. Discover now