💕part~7💕

309 27 4
                                    

  #unicode

‌ဂျောင်ကုတို့canteen ကိုရောက်တော့‌ထယ်ယျောင်းကကောင်မလေးတယောက်နဲ့ထိုင်စကားပြောနေတာရယ်ရယ်မောမောပဲစကားပြောလိုက်တိုင်းကွေးတတ်လာတဲ့နှုတ်ခမ်းပေါ်ကအပြုံးတွေကသူမနဲ့ကျတော့အသက်ပါနေသလိုလိုဘယ်သူနဲ့မှအဲ့လိုမနေဖူးတဲ့ထယ်ယျောင်းဂျောင်ကုနဲ့စကားပြောရင်တောင်ဒီလိုတခါမှမရယ်ဖူးသူမနဲ့ကျမှဘာလို့လဲ

ဂျောင်ကုအဲ့မြင်ကွင်းကိုမြင်မြင်ချင်းစို့တတ်လာတဲ့ခံစားချက်က
ဘယ်လိုခံစားချက်ကြီးလဲငါနဲ့မှမဆိုင်တာဘာလို့ဝမ်းနည်းနေတာလဲ

"အကိုယွန်ဂီကျွန်တို့လာပြီ"
ဂျီမင်းက‌ေတာ့သူ့ချစ်ရတဲ့သူရဲ့နာမည်ကိုအော်ခေါ်ရင်းပြေးသွားလေရဲ့
ဂျောင်ကုကတော့ဝမ်းနည်းစိတ်ကိုဖျောက်ကာနှေးကွေးတဲ့ခြေလှမ်းတွေနဲ့ထယ်ယျောင်းတို့ရှိတဲ့ဝိုင်းကိုလျှောက်လာလေတယ်

"လာပါဂျောင်ကုရာနှေးလိုက်တာ နင်ကလိပ်လား"

"လာပါပြီ ဂျီမင်း ရာ "
မလမ်းချင်တဲ့ခြေလှမ်းတွေနဲ့အတူလျှောက်လာရင်းထယ်ယျောင်းတို့ထိုင်တဲ့နေရာကိုရောက်လာတယ်

"ဂျီမင်း နဲ့ ဂျောင်ကုဘာစားကြမလဲအကိုသွားယူပေးမယ်"

"ရပါတယ်ကျွန်တော်တို့ဘာသာသွားယူလိုက်မယ် ဂျောင်ကုမင်းဘာစားအုံးမလဲငါယူလာခဲ့မယ်"

"ဟင်~ မစားတော့ပါဘူး ငါဗိုက်မဆာသေးဘူး"

" အေးပြီးတာပဲပြီးမှဆာတယ်လို့မပြောနဲ့"

ဂျီမင်းတစ်ယောက်ပွစိပွစိပြောရင်းစာစရာယူဖို့ထွက်သွားလေရဲ့

ဂျောင်ကုရဲ့မျက်လုံးတွေကတော့ထယ်ယျောင်းဆီမှာပဲဒါပေမဲ့ထယ်ယျောင်းကတော့သတိထားမိမဲ့ပုံမပေါ်ဘူးသူ့အရှေ့ကကောင်မလေးနဲ့ပဲစကားပြောနေတယ်လေ

"အာ ဂျောင်ကုထို့ရောက်နေတာကို ဂျီမင်းရော"

"ကျွန်တော်ဒီမှာ"

မုန့်ယူပြီပြန်လာရင်းသူ့ကိုအကိုထယ်ယျောင်းကမေးလို့အသံပေးလိုက်တယ်တော်ကြာမင်းကအရပ်ပုတာကို အကြောင့်ပျောက်နေတာပေါ့ဆိုပြီးပြောအုံးမယ်အားအားနေဒီအရပ်ပဲပြောချင်နေကြတာလေ

 💞You're Mine💞Donde viven las historias. Descúbrelo ahora