#unicode
"အန်တီသားjinအကြိုက်ချက်ထားတယ်"
"ဝါးး အန်တီကသားအကြိုက်မှတ်မိသေးတာပဲ"
"အကို့အကြိုက်တော့ချက်ထားတယ်နော်သားအတွက်ကရော"
ဆူဆူပုတ်ပုတ်နဲ့စကားဝင်ပြောလာတဲ့ဂျောင်ကု
ဟုတ်တယ်လေသူ့အတွက်ဘယ်မှာလဲအဲ့တာမာမီနည်းနည်းများသွားပြီမာမီ့သားကဒီမှာပါလို့တောင်အော်ပြောလိုက်ချင်တယ်ဘာလဲမသိဘူး ဟွန့်"ကိုတော်ချောလေးရယ်ထော်နေတဲ့နုတ်ခမ်းမာမီ့ကိုလည်းထိုးမိပါအုံးမယ်"
"ဟိုမှာသားအကြိုက် banana milk ဝယ်ထားပါတယ်"
ဂျောင်ကုမာမီနဲ့ဒယ်ဒီကသူ့သားလေးကအရွယ်သာရောက်လာတယ်ကလေးစိတ်ကမပျောက်သေးအဲ့လိုချစ်စရာအမူအရာတွေကြောင့်ဒီကဒယ်ဒီနဲ့မာမီကအချစ်ပိုနေရတာ
ဒီလိုနဲ့ဂျောင်ကုမိသားစုညစာဟာစကားတပြောပြောနဲ့ပျော်ပျော်ပါးပါးလေးဖြစ်ခဲ့တယ်
တဖက်ကညစာစားပွဲမှာတော့တိတ်ဆိတ်မှုကြီးဆိုးလျက်ထိုတိတ်ဆိတ်မှုကိုမည်သူမှာမဖြိုခွဲကြဇွန်းခရင်းသံကလွဲရင်ဘာအသံမှမထွက်အထက်ဆီးဆန်မှုတွေကအထင်းသား
တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တာကထယ်ယျောင်းအဖေဖြစ်သူ
"ထယ်ယျောင်းမင်းကိုအလုပ်ဝင်လုပ်ဖို့ပြောထားတာမှတ်မိလား"
ထယ်ယျောင်းဘက်ကဘာမှမတုန့်ပြန်မိသူကို companyမှာအလုပ်လုပ်ခိုင်းတော့မယ်ဆိုတာသူသိတယ်
"မင်းနောက်လပြီးရင်း companyမှာအလုက်ဝင်ဖို့ပြင်ထား"
ထယ်ယျောင်းအဖေစကားအဆုံးစားလက်စထမင်းကိုဆက်မစားတော့ပဲထယ်ယျောင်းထမင်းစားစားပွဲကထွက်သွားဖို့ပြင်လိုက်တယ်သူသိတာပေါ့အဖေကသူ့ဆန္ဒမပါရင်တောင်အကုန်အတင်းလုပ်ခိုင်းနေကြလေသူ့အတွက်စဉ်းစားပေးဖူးတာရှိလားလို့မေးလိုက်ချင်ပါတယ်
ထယ်ယျောင်းထထွက်သွားတာနဲ့အနောက်ကထွက်လာတဲ့အသံတခု
"နောက်လအတွက်အသင့်ပြင်ထားထယ်ယျောင်း"
တကယ်ပါအဖေကကိုယ့်အတွက်ကိုယ်ပဲစဉ်းစားတတ်တဲ့လူစားမျိုးပါ
ဒီတခေါက်ထူးထူးခြားခြားအမေကဘာမှဝင်မပြောဘူးနောက်မှဘာတွေဖြစ်လာအုံးမလဲဆိုတာထယ်ယျောင်းလည်းမမှန်းတတ်တော့
![](https://img.wattpad.com/cover/282279699-288-k84573.jpg)
ESTÁS LEYENDO
💞You're Mine💞
No Ficciónမင်းကငါ့အပိုင်ပဲဖြစ်ရမယ် Kim Teahyung ခင်ဗျားကကမ္ဘာပေါ်မှာကျွန်တော်အမုန်းဆုံးလူသားပဲ Jeon Jungkook