💞part~17💞

184 11 2
                                    

# unicode

"သားထယ်ရေလာအုံး မာမီတို့ပြောစရာရှိတယ်"

ထယ်ယျောင်းအိမ်ပေါ်မတတ်ခင်လှည်းခေါ်လိုက်တဲ့အမေဖြစ်သူကြောင့် ခြေလှမ်းများကဧည့်ခန်းထဲဆီသို့ပြောင်းသွားတယ်

"လာပြောမို့လဲမာမီ"

"သားကိုကျောင်းပြီးရင် အိမ်ထောင်ချပေးမို့"

"သားမှာငြင်းပိုင်ခွင့်ရှိလား"

"မရှိဘူး"

Mr.Kimကနေဝင်ပြောလိုက်တယ်

"အဲ့တာများပြောနေသေးတယ် လုပ်ပေါ့ ငြင်းပိုင်ခွင့်မရှိလည်းလက်ခံရုံပေါ့"

ပြောပြီးတာနဲ့ အပေါ်ထက်အခန်းထဲဝင်သွားတဲ့ထယ်ယျောင်း အောက်ထက်မှာတော့

"ရှင်ကတော့လေ ကျမကလေးကိုကြည့်ပြောမှာပေါ့ အမြဲအဲ့လိုပဲပြောနေတော့တာပဲ"

"မင်းသားကအဲ့လိုမပြောရင်ငြင်းမှာပဲလေ ကြိုပိတ်ထားမှတော်ကာကြမှာ"

Mrs.kimသက်ပြင်းချမိတယ် ဒီသားဖနှစ်ယောက်နဲ့သူမလည်းဘယ်လိုပြောရမလဲမသိတော့ဘူး

ထယ်ယျောင်းအခန်းထဲ‌ရောက်တော့ လွယ်အိတ်ကိုခုန်ပုံပစ်တင်ပြီး သူကိုယ်တိုင်ကအိပ်ယာပေါ်လှဲချလိုက်တယ်

ပြီးတော့အိပ်ယာဘေးမှာထောင်ထားတဲ့ဓာတ်ပုံလေးကိုယူပြီး တစ်ယောက်တည်းစကားတွေပြောနေလေတယ် ပုံလေးကိုကြည့်ရင်းပေါ့

" မင်းလေးနဲ့အရင်လိုပြန်နေချင်လိုက်တာ အနည်းဆုံးသူငယ်ချင်းဖြစ်ခွင့်လေးပြန်ရချင်မိတယ်"

ဓာတ်ပုံထဲကယုန်သွားလေးတွေပေါ်အောင်ရယ်နေတဲ့ကောင်လေးကိုကြည့်ပြီး သက်ပြင်းခနခနချမိနေတယ် သူကိုယ်တိုင်တောင်သိမယ်မထင်ပါဘူး

ခနနေကြတော့ရေချိုးပြီး ကျောင်းအိမ်စာပါတာတွေလုပ်လို့ပြီးမှာအိပ်ယာဝင်ခဲ့တယ် သူအဲ့နေ့ညက ညစာမစားခဲ့ဘူး မစားချင်တာထက် သူ့မိဘတွေနဲ့မျက်နှာချင်းမဆိုင်ချင်သေးတာပါ

~~~~~~~~~~💖~~~~~~~~~

နောက်နေ့မနက်

ကျောင်းcanteenထဲမှာ အရင်လိုပဲလူတွေများနေဆဲ အဲ့လူတွေကြားထဲမှာမှ လေစိမ်းတွေတိုက်နေတဲ့ဝိုင်းတစ်ခုရှိနေတယ်
အဲ့လောက်ဆူညံနေတဲ့ထဲမှာမှ ဘာတခွန်းမှမပြောပဲ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းစုံနေကြတဲ့နှစ်ယောက် အဲ့အကျင့်တွေထဲမှာလွမ်းမောခြင်း ကြေကွဲခြင်း နာကျဉ်းခြင်း ဆိုတာတွေပါဝင်နေခဲ့တယ်

 💞You're Mine💞Donde viven las historias. Descúbrelo ahora