💞part~9💞

227 16 3
                                    

#unicode

မနက်တည်းက‌လျှောက်ပတ်နေတာခုဆိုနေခင်းတောင်ရောက်ပြီမာမီနဲ့ဒယ်ဒီကအလုပ်ရှိလို့ companyကိုသွားကြပြီခုအကိုနဲ့ကျွန်တော်နဲ့ပဲကျန်ခဲ့တာနေ့လည်စာစားချိန်ဆိုတော့ခု center ပတ်ရင် centerထဲမှာပဲစားနေကြတာ

အကိုjinနဲ့ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးဆိုရင်တော့စားတဲ့နေရာမှာဘယ်သူ့မှနိုင်မှာမဟုတ်ဘူးနှစ်ယောက်လုံးအစားသမားတွေလေစားနေရရင်အဆင်ကိုပြေလိုတခါတလေကျရင်ဘေးပတ်ဝန်းကျင်တောင်မေ့နေတတ်တာ

"ဗိုက်တင်းသွားတာပဲ အကိုရော"

"အကိုလည်းတူတူပါပဲကွာဒီလိုမစားရတာဘယ်လောက်တောင်ကြာသွားပြီလဲ ဂျောင်ကုလေးနဲ့ဒီလိုအတူတူသွားအတူတူစားချင်နေတာကြာပြီ"

"နောက်ကျရင်တူတူမစားချင်ဘူးဆိုရင်တောင်စားရမှာ အဲ့ကျမှထွက်ပြေးလိုကတော့ နော် "

နုတ်ခမ်းလေးဆူပြီးပြောနေတာကအသည်းရားစရာဖြစ်လို့

Jinလေးသူ့ရှေ့ကတတွတ်တွတ်ပြောနေတဲ့အကောင်ပေါက်လေးကိုကြည့်ရင်း

ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ
Jinလည်းဂျောင်ကုရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲညစ်လိုက်တော့အသံဆာဆာလေးကတွက်လာပါတယ်လေ

"အကိုဘာလုပ်တာလဲ နာတယ်"

"ငါ့ညီကချစ်ဖို့ကောင်းလွန်းလွန်းလို့ပါကွာ"

ပြောရင်းနောက်တခါပါးကိုဆွဲညစ်ပြန်တော့

"တော်ပြီကျွန်တော်သွားတော့မယ်အကိုရှေ့မှာသာဒီတိုင်းဆက်ထိုင်နေရင်အကြာခင်ပါးပြုတ်ထွက်လိမ့်မယ် ဟွန့်"

အော်တော် ဒါကစိတ်ကောက်သွားတာပေါ့
Jinလည်းကျသင့်ငွေရှင်းရင်းသူ့ညီနောက်လိုက်ရတော့တာပေါ့

တနေကုန်သွားချင်တဲ့နေရာသွားပြီးပျော်နေတဲ့ဂျောင်ကုဟာခုလို့အပြင်ထွက်တာ့သူ့အကိုကိုမြို့အနှံ့လိုက်ပြဖို့သွားတာဆိုတာမေ့နေပုံ

~~~~~~~~~~💖~~~~~~~~~

"ဒီနေ့စာသင်ရတာပျင်းဖို့ကောင်းလိုက်တာ"

"မင်းကဘာစာမှမလုပ်ပဲအလကားနေပျင်းနေတာလေ"

"အင်းပါ အင်းပါ လာပါနားချိန်ရောက်ပြီပဲအပြင်သွားရအောင်အခန်းထဲမှာနေရတာမွန်းကျက်လွန်းတယ်"

 💞You're Mine💞Donde viven las historias. Descúbrelo ahora