"အရှင်မင်းသား...ဘာလိုအပ်တာများ
ရှိပါသလဲ?"အဲရစ်၊သူနှင့်မျက်နှာချင်းဆိုင်မှာထိုင်နေ
သောမစ္စတာဘတ်ကာ၏အမေးကြောင့်
ညီငယ်ဝီလျံအားငေးမျှော်နေရာမှသတိ
ပြန်ကပ်လာပြီးအပြုံးနုနုလေးနဲ့ပြန်ဖြေ
လိုက်မိသည်။"အာ!...အကုန်လုံးပြည့်စုံပါတယ်၊အခု
လိုမစ္စတာဘတ်ကာတို့ဘက်ကအစစ
အရာရာလိုလေသေးမရှိဆောင်ရွက်ပေး
တာနဲ့တင်ကျွန်တော်ကကျေးဇူးတင်နေ
ပါပြီ""မ...မဟုတ်တာပဲ..အရှင်မင်းသားရယ်၊
ကျွန်တော်တို့ဘက်ကသာအိမ်ရှင်ပီပီ
ဧည့်ဝတ်ကျေပေးရမှာပါ၊သုံးဆောင်
ပါဦး အရှင်မင်းသား"မစ္စတာဘတ်ကာ၏လောကွတ်ပြုမှုကို
အဲရစ်မငြင်းသာဘဲညီငယ်ဝီလျံအလာကို
စောင့်မျှော်ရင်းလဘ္ဘက်ရည်သောက်နေ
လိုက်မိသည်။အဲရစ်၊သူ့စိတ်ထဲတွေးနေမိ
သည်ကဝီလျံထပ်၍ပြဿနာမရှာပါစေနဲ့
ဟူ၍ပင်။ခုနကကျောင်းထဲသို့ဝီလျံနှင့်သူ
အတူဝင်လာခဲ့သည်။သူ၊သူ၏အတွင်း
ရေးမှုးဗက်ဆန်နှင့်စကားခဏပြောနေစဉ်
ဝီလျံကိုမေ့သွားခဲ့မိသည်။သူလည်းဝီလျံ
သူ့နောက်မှပါလာသည်အထင်နှင့်သီးသန့်
ဧည့်ခန်းထဲကိုရောက်မှဝီလျံမပါလာမှန်း
သိခဲ့သည်။ထို့ကြောင့်သူမစ္စတာဘတ်ကာ
၏အတွင်းရေးမှုးအားဝီလျံကိုရှာရန်အ
ကူအညီတောင်းခဲ့ရသည်။တစ်နာရီခန့်
ကြာနေခဲ့လေပြီ။အခုချိန်ထိဝီလျံအား
အရိပ်အယောင်တစ်စိုးတစ်စိမျှသူမတွေ့
ရသေးပေ။သူလဘ္ဘက်ရည်သာသောက်
နေရသည်။သူ၏ရင်ထဲ၌ဝီလျံအတွက်ပူ
ပင်နေရလေသည်။ထိုစဉ်သီးသန့်ဧည့်ခန်းထဲသို့မစ္စတာဘတ်
ကာ၏အတွင်းရေးမှုးနှင့်အတူဝီလျံပါဝင်
လာလေသည်။အဲရစ်၊ညီငယ်ဝီလျံကိုမြင်
လိုက်ရမှသူစိတ်အေးသွားရသည်။သူ့နှုတ်
မှဝီလျံကိုခပ်တိုးတိုးခေါ်လိုက်မိသည်။ဝီ
လျံကသူ့ကိုတစ်ချက်စိုက်ကြည့်လာသည်
ထိုစဉ်မစ္စတာဘတ်ကာကဝီလျံအားပြုံး
ရွှင်စွာလက်ဆွဲနှုတ်ဆက်လာသည်။"တွေ့ရတာဝမ်းသာပါတယ်မင်းသား၊
ကျွန်တော်ကဒီကျောင်းရဲ့ပါမောက္ခချုပ်
မစ္စတာဘတ်ကာလို့ခေါ်ပါတယ်"
YOU ARE READING
LEGEND OF THE GOLDEN BIRD ( Fan Fiction)(On Going)
Romanceအချစ်စစ်တို့မည်သည်ဖြောင့်ဖြူးခြင်းမရှိပေ။ စစ်မှန်သောချစ်ခြင်းတရားတို့သည်ဝေးကွာ သွားသည့်တိုင်အမြဲထာဝရတည်ရှိနေပေ၏။ 👑Legend Of The Golden Bird 👑