"တောက်!..."
ဟန့်ရစ်၊ဖုန်းမှနာရီကိုကြည့်လိုက်ပြီးမှဒေါသ
တကြီး၊ခံပြင်းမှုနှင့်တောက်ခေါက်လိုက်မိ၏။
ညဆယ်နာရီထိုးနေလေပြီ။ယခုအချိန်ထိ
ဝီလျံနှင်မော်ရီကို၏ပြန်အလာကိုသူအရိပ်အ
ယောင်မျှမမြင်ရသေးပေ။ဟိုခွေးကောင်မော်
ရီကိုကဝီလျံကိုညကြီးမင်းကြီးဘယ်ကိုခေါ်
သွားလည်းမသိပေ။ဝီလျံကလည်းသူအတင်း
သတိပေးတားမြစ်ထားသည့်ကြားမှဟိုအပေ
အတေကောင်၏အနောက်သို့လိုက်သွားဖြစ်
အောင်လိုက်သွားလိုက်သေးသည်။မော်ရီကို့
ကိုသူအတော်ဒေါသထွက်နေမိလေသည်။
သင်းနှင့်တွေ့ကြပေဦးမည်။သင်းကိုနောက်
တစ်ခါဝီလျံနှင့်အဆက်အဆံမလုပ်ရဲအောင်
လုပ်ထားပေဦးမည်။ဟန့်ရစ်၊သူ့စိတ်ထဲတေးထားလိုက်မိသည်။သူ
မြင်ခဲ့သည်။ညဦးပိုင်းလောက်ချိန်၊ကျောင်း
တံခါးပိတ်ပြီးသောအချိန်မှာမော်ရီကိုကဦး
ဆောင်ပြီးဝီလျံနှင့်အတူကျောင်း၏ပြင်ပသို့
တိတ်တဆိတ်ခိုးထွက်သွားတာကိုသူ့အခန်း
ပြတင်းပေါက်မှအမှတ်မထင်မြင်ခဲ့သည်။သူ
ပထမကကျောင်းလုံခြုံရေးမှုးကိုဖုန်းဆက်
တိုင်တန်းဖို့စဉ်းစားမိပေမယ့်ဝီလျံလည်းပါနေ
သည်မို့သူအောင့်သက်သက်နှင့်မော်ရီကိုအား
လွှတ်ပေးလိုက်ရမိသည်။ယခုတော့သူတို့ပြန်
ရောက်လျှင်မော်ရီကိုအားကျောင်းသားရေး
ရာနှင့်တိုင်ကြားရန်စီစဉ်ထားပြီးပေမယ့်သူတို့
ကဘယ်အချိန်မှပြန်ရောက်လာကြမလည်း
မသိပေ။ထို့ကြောင့်သူအိပ်ရေးပျက်ခံကာ
မော်ရီကိုတို့ပြန်အလာကိုစောင့်နေရခြင်းပင်။သူအခန်းထဲမှစောင့်ရတာစိတ်မရှည်တော့
သည်မို့လသာဆောင်သို့ထွက်၍စောင့်နေ
လိုက်မိသည်။ထိုအခါကျမှတိုက်ဆိုင်စွာမော်
ရီကို၏ချစ်လှစွာသောသူငယ်ချင်းဂျေဆန်က
လည်းလသာဆောင်ကိုရောက်နေလေသည်။
သူ့ကိုများအသင့်စောင့်နေသည့်အလား။သို့မ
ဟုတ်ဂျေဆန်လည်းသူ့လိုမော်ရီကိုတို့နှစ်ဦး
ကျောင်းပြင်ပကိုခိုးထွက်တာများသိနေလို့
လားဟူ၍စိတ်ထဲဒွိဟဖြစ်လိုက်မိသည်။"အိုး! ဘယ်သူများလဲလို့! သူဌေးသားလေး
ပါလား? အိပ်မပျော်လို့လေညင်းလာခံတာ
လား?!"
YOU ARE READING
LEGEND OF THE GOLDEN BIRD ( Fan Fiction)(On Going)
Romanceအချစ်စစ်တို့မည်သည်ဖြောင့်ဖြူးခြင်းမရှိပေ။ စစ်မှန်သောချစ်ခြင်းတရားတို့သည်ဝေးကွာ သွားသည့်တိုင်အမြဲထာဝရတည်ရှိနေပေ၏။ 👑Legend Of The Golden Bird 👑