"ဝီလျံ...ဝီလျံ...ဝီလျံ..."
ဝီလျံ၊သူ့နားနားကိုတိုးတိုးလေးကပ်ခေါ်
နေသောခေါ်သံလေးကြောင့်သူ့မျက်လုံး
တွေတဖြေးဖြေးအိလေးဆွဲစွာပွင့်လာလေ
သည်။ဝေဝါးနေသောအမြင်အာရုံတွေက
တဖြေးဖြေးပုံရိပ်ထင်လာပြီးသည့်နောက်
မော်ရီကို့ကိုသူနီးကပ်စွာမြင်လိုက်ရလေ
သည်။သူ့မျက်ဝန်းတစ်စုံဝိုင်းစက်သွားရ
သည်။ထိုအခါမော်ရီကိုကသူ့ကိုငုံ့ကိုင်း
လျက်ကြည့်နေရာမှခါးပြန်မတ်လိုက်၏။"အိုး..နောက်ဆုံးတော့မင်းနိုးလာပြီ!..
ထ...လေ့ကျင့်ခန်းလုပ်ရမယ်""လေ့ကျင့်ခန်း?!..ဘာအတွက်လဲ?!.."
လေ့ကျင့်ခန်းလုပ်ရမည်ဆိုသောမော်ရီကို
၏စကားကြောင့်အိပ်ရာပေါ်မှာခွေအိပ်
နေရာမှသူငေါက်ခနဲထထိုင်လိုက်မိသည်။
မော်ရီကိုကခရမ်းရင့်ရောင်အနွေးထည်
နှင့်မီးခိုးရောင်sweatpantကိုဝတ်ထားပြီး
လေပြီ။ခါးလေ့ကျင့်ခန်းလုပ်နေလေ၏။
သူ့အမေးကိုမော်ရီကိုကခါးကြောဆန့်ရင်း
ပြန်ဖြေလာသည်။"အဲဒါကမနက်တိုင်းလုပ်ရမယ့်အစီအစဉ်
လေ၊မနက်၆နာရီကနေ၇နာရီအထိ
ကျောင်းဝင်းတစ်ပတ်ပတ်ပြေးရမယ်"မော်ရီကို၏အဖြေကြောင့်သူစိတ်ညစ်
သွားမိသည်။သူပုံမှန်ကျောင်းတတ်တုန်း
ကတောင်ကာယချိန်တိုင်းသူတတ်ခဲ့တာ
မဟုတ်ပေ။သူကအားကစားဝါသနာပါ
သည်လည်းမဟုတ်သလိုအားကစားကို
လည်းသိပ်မလုပ်ဖြစ်ပေ။ထို့အပြင်သူမ
နက်အစောကြီးထပြီးလေ့ကျင့်ခန်းလုပ်
ခြင်းကိုလည်းစိတ်ပါသည်မဟုတ်ပေ။
သူမော်ရီကို့ကိုအထွန့်တတ်စွာပြန်ပြော
လိုက်မိသည်။"ငါမလိုက်လို့မရဘူးလား?!"
"မရဘူး၊အဲ့ဒါကကျောင်းရဲ့လုပ်ငန်းစဉ်
မှတ်တမ်းထဲထည့်မယ့်အမှတ်လေ၊မင်း
မလိုက်ရင်မင်းအမှတ်မရဘဲနေလိမ့်မယ်"မော်ရီကို၊သူ့ရှေ့မှာဆံပင်စုတ်ဖွားနှင့်သူ့
ကိုမော့ကြည့်ကာပြောလာသောဝီလျံကို
အပြုံးလေးနှင့်ခပ်အေးအေးသာပြန်ပြော
လိုက်သည်။ဝီလျံကသူ့စကားကြောင့်စိတ်
ရှုပ်သွားပုံရသည်။သူ့ဆံပင်ကိုသူ့ဘာသာ
လက်နှစ်ဖက်နှင့်ဆွဲဖွာကာအိပ်ရာပေါ်မှ
ထလာသည်။ထို့နောက်မျက်နှာစူပုပ်ပုပ်၊
မျက်မှောင်ကြီးကျုတ်လျက်မျက်နှာသွား
သစ်လေသည်။မျက်နှာသစ်ပြီးသည့်
နောက်အဝတ်အစားလဲလိုက်သည်။မိုးပြာ
ရောင်ခေါင်းစွပ်အနွေးထည်နှင့်အနက်
ရောင်sweatpantကိုဝတ်ထားလေသည်။
ဝီလျံကအိပ်ရာမှစောစောထရသည်နှင့်
လေ့ကျင့်ခန်းလည်းလုပ်ရမည်ဆိုသော
ကြောင့်မျက်နှာကမကြည်မလင်ရှိနေ၏။
ဝီလျံကလည်းပြင်ဆင်ပြီးပြီမို့သူအပြုံး
လေးနှင့်ဝီလျံကိုပြောလိုက်လေသည်။
YOU ARE READING
LEGEND OF THE GOLDEN BIRD ( Fan Fiction)(On Going)
Romanceအချစ်စစ်တို့မည်သည်ဖြောင့်ဖြူးခြင်းမရှိပေ။ စစ်မှန်သောချစ်ခြင်းတရားတို့သည်ဝေးကွာ သွားသည့်တိုင်အမြဲထာဝရတည်ရှိနေပေ၏။ 👑Legend Of The Golden Bird 👑