မော်ရီကိုလည်း ဝီလျံနဲ့လမ်းခွဲပြီးတည်းက
ကျောင်းအဆောင်မှာမနေတော့ဘဲအိမ်မှာပဲ
နေဖြစ်ခဲ့သည်။ဝီလျံနဲ့သူသိပ်မတွေ့ဖြစ်ကြ
တော့သလိုသူဝီလျံမမြင်အောင်၊ဝီလျံနဲ့ထိပ်
တိုက်မဆုံဖြစ်အောင်သူ့ဘက်ကချည်းလှိမ့်
ရှောင်ပေးနေခဲ့မိသည်။ဝီလျံကဟန့်ရစ်တို့
ရဲ့ဘတ်စကတ်ဘောအသင်းမှာပင်တိုင်ကစား
သမားတစ်ဦးဖြစ်သွားခဲ့သည်။မြို့နယ်ပြိုင်ပွဲ
မှာသူတို့အသင်းနိုင်ခဲ့တယ်ဆိုတာဂျေဆန်ဆီ
ကမော်ရီကိုကြားခဲ့ရသည်။သူကတော့နောက်
လထဲကျင်းပမည့်မိဘဆရာစုံညီပွဲတော်မှာ
Choir ဆိုရန် အတွက်သာစိတ်နှစ်ထားလိုက်
မိသည်။သူ့မိခင်ကဝီလျံကိုမေးတတ်သလို၊
သူ့ကိုလည်းရုတ်တရက်ကြီးအဆောင်မှအိမ်
ပြောင်းလာတာမို့အံ့ဩ၍မေးလာလေသည်။
သူကတော့ စာမေးပွဲကြောင့်ဆိုတဲ့အကြောင်း
ပြချက်ပေးပြီးပြန်ဖြေလိုက်မိသည်။သူ့ညီမ
မိုနီကာကတော့သူအဆောင်ပြန်အိပ်တာသိ
ပေမဲ့သူနဲ့ဝီလျံကိစ္စကိုတော့မသိချေ။သူမနက်စာစားပြီးသင်တန်းတတ်မဲ့အဆောင်
သို့အသွား၊လမ်းမှာဝီလျံနှင့်အမှတ်မထင်ဆုံမိ
လေသည်။ဝီလျံကတစ်ဦးတည်းလာနေခြင်း
ပင်။ဝီလျံရဲ့မျက်နှာကအနည်းငယ်ညိုးငယ်
နေသလိုပင်။သူနှင့်ဝီလျံမျက်နှာချင်းဆိုင်ဆုံ
မိကြတော့နှစ်ဦးစလုံးရဲ့ခြေလှမ်းတစ်စုံကတုံ့
ခနဲမတိုင်ပင်ထားဘဲရပ်နေခဲ့ကြမိသည်။သူတို့
နှစ်ဦးရဲ့အနားကနေကျောင်းသားများက
စကားတပြောပြောနဲ့ဖြတ်သွားဖြတ်လာလုပ်
နေကြလေသည်။ထိုတဒင်္ဂလေးအတွင်းမှာ
သူတို့နှစ်ဦးရဲ့အကြည့်တို့ကဖြတ်ခနဲဆုံမိ
သွားလေသည်။မော်ရီကို၊သူ့စိတ်တို့ကတည်
ငြိမ်ခြင်းအလျဉ်းမရှိဘဲ၊ချစ်ရသူရဲ့မျက်နှာ
လေးကိုသာဆွေးရီစွာငေးစိုက်ကြည့်နေမိ၏။
သူ့စိတ်ထဲမှာ~ခုမင်းဖြစ်စေချင်တဲ့အတိုင်း
ဖြစ်နေပြီပဲဝီလီ!ဘာကြောင့်မို့ မင်းမျက်နှာ
လေးညိုးနေရတာလဲ?!၊မင်းဖြစ်စေချင်သလို
ငါလုပ်ပေးခဲ့တာမို့မင်းပျော်နေရမယ်လေ~
ပြောလိုက်မိပေမဲ့၊သူ့နှုတ်ကတော့ပြောမ
ထွက်ခဲ့ပေ။သူချက်ချင်းအမူအရာပြန်ပြောင်း
လိုက်ပြီးဝီလျံရှေ့ကနေထွက်လာလိုက်မိ၏။
ဝီလျံရဲ့ဆွယ်တာပခုံးစွန်းလေးကိုသူအနွေး
ထည်အနားစထိခတ်သွားမိပေမဲ့သူမသိချင်
ဟန်ပြုကာဝီလျံကိုကျောခိုင်းလာခဲ့မိသည်။
DU LIEST GERADE
LEGEND OF THE GOLDEN BIRD ( Fan Fiction)(On Going)
Romantikအချစ်စစ်တို့မည်သည်ဖြောင့်ဖြူးခြင်းမရှိပေ။ စစ်မှန်သောချစ်ခြင်းတရားတို့သည်ဝေးကွာ သွားသည့်တိုင်အမြဲထာဝရတည်ရှိနေပေ၏။ 👑Legend Of The Golden Bird 👑