👑SEASON 1၊အခန်း(၂၇)👑

4 0 0
                                    

မော်ရီကို ညဘက်သူအိပ်မပျော်တာနဲ့ဂင်ဂိုပင်
တွေဝိုင်းရံနေတဲ့၊ရေကန်ကြီးဘက်လေညင်းခံ
ရန်လျှောက်လာခဲ့သည်။သူဝီလျံနှင့်လမ်းခွဲ
ပြီးတည်းကဤနေရာဘက်ကိုမရောက်ဖြစ်
တာတစ်လလောက်ရှိပြီဖြစ်သည်။သူဝီလျံနဲ့
ပတ်သတ်ခဲ့ဖူးတဲ့အမှတ်တရတွေရှိတဲ့နေရာ
ဆီပြန်မသွားဖြစ်ခဲ့ပေမဲ့သူ့စိတ်ထဲမှာတော့
အမြဲတမ်းထိုအမှတ်တရတွေကနေရာအပြည့်
ယူထားနေဆဲပင်။သူ ဖုန်းထဲက မြို့ထဲသွား
လည်တုန်းကရိုက်ခဲ့တဲ့ပုံတွေကိုတောင်ဓာတ်ပုံ
ထုတ်ပြီး Album စာအုပ်လေးလုပ်ထားခဲ့
သေးသည်။

သူမှိုင်မှိုင်ထွေထွေနဲ့ လျှောက်လာရင်း၊ရေကန်
ကြီးဆီရောက်တော့ သူ့အရင်ရောက်နေတဲ့လူ
တစ်ယောက်ကိုအမှတ်မထင်တွေ့လိုက်ရလေ
သည်။ထိုလူကသူ့ဘက်ဖြေး‌ညင်းစွာလှည့်
လာသည်။သူ့မျက်ဝန်းတို့ဝိုင်းစက်သွားရ၏။
ဝီလျံပင်။ အညိုရောင် long coat နှင့် အနက်
နဲ့ခဲရောင်အစင်းပါတဲ့မာဖလာပတ်ထားကာ
တည်ငြိမ်၊တိတ်ဆိတ်နေလေသည်။သူ့ကိုမြင်
တော့ မျက်ဝန်းညိုလေးကရိပ်ခတ်သွားပေမဲ့
မသိဟန်ပြုကာအနောက်သို့ပြန်လှည့်သွား
လေသည်။

သူ ခြောက်ကြေနေတဲ့ဂင်ဂိုရွက်တို့ပေါ်နင်းဖိ
ရင်းဝီလျံဘေးနားလာရပ်လိုက်မိသည်။သူတို့
ကို‌တိုက်ခတ်သွားတဲ့လေပြည်ကတောင်စိမ်း
သက်သက်ဖြစ်နေသယောင်။သူတို့နှစ်ဦးအ
တန်ကြာ၊စကားမပြောဖြစ်ကြဘဲတိတ်ဆိတ်
စွာရပ်နေမိကြသည်။သူ လေပြည်အရှိန်
ကြောင့်ဝီလျံထံမှ ပန်းနံ့သင်းတဲ့ကိုယ်သင်းနံ့
လေးကိုရနေမိသည်။သူဝီလျံဘက်တစ်ချက်
မသိမသာစောင်းငဲ့ကြည့်လိုက်မိသည်။ဖြူ
ဖျော့နေတဲ့အသားအရည်နုနုလေးကလရောင်
အောက်မှာထင်းနေလေသည်။ပါးလေးကနီရဲ
နေသည်။တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်
စုံကတုန်နေသယောင်။ သွေးကြောစိမ်းလေး
တွေ‌ယှက်ဖြာနေတဲ့နားအနောက်ကလည်ပင်း
စပ်နားလေးကိုသူစိုက်ကြည့်မိရင်းသူ့ရင်တွေ
တလှပ်လှပ်ဖြစ်လာမိပြီးစိတ်တွေလှုပ်ရှားလာ
မိသည်။သူကိုယ်ရှိန်သတ်ပြီးကိုယ့်ကိုယ်ကို
အသိပြန်ထိန်းကာဖျတ်ခနဲပြန်လှည့်လိုက်မိ
သည်။

ဝီလျံ၊သူသိသည်။သူ့ကိုမော်ရီကိုကြည့်နေ
မှန်းသိသည်။သို့သော် သူမော်ရီကို့ဘက်လှည့်
မကြည့်ဘဲရေလှိုင်းတို့လှုပ်ခပ်နေတဲ့ကန်ရေ
ပြင်ကိုသာငေးကြည့်နေခဲ့မိသည်။မော်ရီကိုထံ
မှ Lavender ပန်းရနံ့လေးကသူ့စိတ်ကိုယစ်
မူးသွားစေသည်။ထိုရနံ့လေးကသူ့ကိုတစ်
ဆင့်ချင့်ဆွဲဆောင်နေသလိုပင်။သူမော်ရီကို့
ကိုထွေးဖက်ထားချင်မိသည်။သို့သော်မဖြစ်
နိုင်ပါ။သူတို့ကလမ်းခွဲခဲ့ပြီးပြီမို့ယခုအချိန်
မှာသူတို့ကသူစိမ်းဖြစ်နေကြလေပြီ။ဝီလျံ
လက်သီးကိုသာကျစ်နေအောင်ဆုပ်ထားရင်း
သူ့အသိစိတ်ကိုထိန်းချုပ်ထားလိုက်မိသည်။

LEGEND OF THE GOLDEN BIRD ( Fan Fiction)(On Going)Where stories live. Discover now