အပိုင်း ၆

3.4K 173 16
                                    

Boss ကားပေါ်‌ေရာက်လာထဲက ပါးစပ်ကိုမစိနိုင်အောင် ပြုံးနေမိသည်မှာ သူကိုယ်တိုင်တောင်သတိထားမိရဲ့လားမပြောတက် မြင်ရခဲ့လှတဲ့ Bossရဲ့အပြုံး အလုပ်နားတဲ့နှစ်ရက်အတွင်းလူစားများထိုးခံလိုက်ရလားမပြောတက်ပေ။

"ဟျောင့် မိုးထက်"

"ဗျာ Boss"

"မင်းလူတစ်ယောက်ကို ချစ်ဖူးလား"

"ဗျာ! ဟို မချစ်ဖူးပါဘူး Boss"

"အချစ်ကို မသိတဲ့လူရှေ့မှာ အချစ်အကြောင်းပြောပြလဲ ဘယ်ခံစားတက်ပါ့မလဲ ...ဟားးးး"

"ဗျာ ဟုတ်"

ဘာလဲဟ Boss က ငါ့လေးကိုနိမ်လိုက်တာလား။မချစ်တက်တာမဟုတ်ပါဘူးနော် အပူမရှာချင်လို့ပါ ဟွန်း။မိုးထက် စိတ်ထဲမှာသာပြန်ပြောရဲသည်။ အပြင်သာပြန်ပြောကြည့် ကားပေါ်က ကန်ချခံရမှာက ဗေဒင်မေးစရာပင်မလိုပေ။

"အော် မိုးထက် ဒီနေ့ ကလျာသိမ့်ဆိုတဲ့မိန်းကလေး အလုပ်သင်အနေနဲ့လာမယ် အဲ့အကြောင်းကြားစာ ဝင်ထားလား"

"ဝင်ထားတယ် Boss"

"အေး အဲ့တစ်ယောက်ကို ကြည့်သာ အပိုင်းကိုပို့ပေးလိုက်"

"ဟုတ် Boss"

"အော် Boss ဒီနေ့ထိုင်းကရှယ်ရာဝင် ဆရီမွန် Bossနဲ့တွေ့ဖို့လာမှာပါ"

"ဟုတ်ပီ ဘယ်ချိန်လဲမိုးထက် "

"11နာရီ Boss"

"Ok ထူးဆန်း ကိုလဲလှမ်းပြောထားလိုက်အုံး သူသိပီးပီလား"

"ကျနော် ပြောထားပြီးပါပြီ Boss"

"ဟုတ်ပီ"

မောင်တို့အလုပ်ကိစ္စပြောရင်းပင်
ကုမ္ပဏီသို့ရောက်လာခဲ့သည်။ကုမ္ပဏီထဲဝင်လိုက်တာနဲ့ ဝန်ထမ်းများကဦးညွှတ်အရိုအသေပြုကြသည်။မောင်လဲအသိအမှတ်ပြုပြုံးပြရင်း ရုံးခန်းရှိရာသို့‌ေလျှာက်လာလိုက်သည်။

"မဂ်လာပါ Boss"

"မဂ်လာပါ ကြယ်စင်"

အတွင်းရေးမှုးမလေးကြယ်စင်းအား နှုတ်ဆက်ရင်း မောင်ရုံးခန်းထဲဝင်လာလိုက်သည်။

"Boss ကျနော် ဘာလုပ်ပေးရမလဲ"

"ရတယ် မိုးထက် မင်းလုပ်စရာရှိတာသာ လုပ်လိုက် ချိန်းထားတာအချိန်နီးရင်သာ လာ‌ေခါ်လိုက်"

 🍯နွဲ့ဆိုးလေးမို့အချစ်ပိုမိသည်🍯(Complete)Where stories live. Discover now