အပိုင်း ၁၂

3.2K 142 54
                                    

"အရမ်းချစ်တယ် ကလေးလေး"

ကလေးရဲ့နှဖူးလေးအားနမ်းရှိုက်ခါ အိပ်စက်ချင်းစီသို့။

********
မနက်မိုးလင်ပါပြီဆိုကထဲက ဒေါ်ခင်ရှင်းမေ တစ်ယောက်အလုပ်ရှုပ်နေသည်။

"မိချောရေ"

"ရှင် တီမေ"

"ခရုဆန်ပြုတ်ကလေးလုပ်ပေးပါအုံး သားပြည့်စုံကိုရောလှမ်းခေါ်ထားရင်ကောင်းမလား"

"ဟုတ် တီမေ ဦးလေးနေမကောင်းလို့လားတီမေ"

"မဟုတ်ပါဘူးဟယ် "

"ဒါဆို တီမေနေမကောင်းဘူးလား"

"အမလေးမိချောရယ် တစ်အိမ်လုံးနေကောင်းပါတယ်အေ မေးခွန်းတွေများတာ ဆန်ပြုတ်တာပြုတ်ပေးစမ်းပါ"

"ဟီးးးဟုတ်တီမေ"

"မိန်းမရေ ဘာတွေအလုပ်ရှုပ်နေတာလဲကွာ"

"အော် ကို နိုးလာပြီလား လာအုံး မေပြောစရာရှိလို့"

"ဟုတ်ပါပြီဗျာ"

ဒေါ်ခင်ရှင်းမေတစ်ယောက် ယောကျာ်းဖြစ်သူအားလက်ဆွဲခါ ဧည့်ခန်းထဲသို့ခေါ်လာလိုက်သည်။

"မေ ပြောစရာရှိတယ်"

"ပြောလေ မေရဲ့"

"မေတို့ သားတစ်ယောက်ထက်ရတော့မယ်သိလား"

"ဟုတ်လား မေ့မှာကိုယ်ဝန်ရှိနေလို့လား"

"ဘုန်း!"

"အ နာတယ် မိန်းမရ ဘာလို့ရိုက်တာလဲ"

"ဘာတွေလျောက်ပြောနေတာလဲ ဒီအရွယ်ရောက်မှ ကိုယ်ဝန်ရှိစရာလား"

"မသိဘူးလေကွာ မေပဲသားထက်ရတော့မယ်ဆိုလို့"

"သားထက်ရမှာက ဟုတ်တယ်လေ ရ‌အောင်လုပ်ပေးတဲ့သူက သားလေ....."

"ဟင်း! သားကချစ်သူရှိနေတာလား သူကောင်မလေးက ဗိုက်ကြီးနေတာတဲ့လား"

"အ‌မလေး! ကိုလွှမ်းမိုးအောင်ရယ် ကျမ စကားလေးကို ဆုံးအောင်ပြောပါရစေအုံး"

"အေပါကွာ ပြောပါ"

"ဒီလို,ကိုရဲ့  ညကသားပိုင်လေးက သူ့အခန်းမှာပြန်မအိပ်ဖူး.."

 🍯နွဲ့ဆိုးလေးမို့အချစ်ပိုမိသည်🍯(Complete)Where stories live. Discover now