အပိုင်း ၁၅

2.7K 143 18
                                    

"ကလေး မောင်ရှင်းပြ.. "

"ကလေး"

ပြေးထွက်သွားသောကလေးနောက်ကိုသာ သူပြေးလိုက်လာခဲ့လိုက်သည်။ဓာတ်လှေကားနားရောက်တော့ ကလေးကရပ်နေတာကိုတွေ့လိုက်ရသည်။ကလေးစီကို အမြန်ပြေးသွားလိုက်ခါ...

"ကလေးရယ် ခဏနေပါအုံးမောင်ရှင်းပြတာနားထောင်ပါအုံးကလေးရယ်"

မောင်ကအနားကိုရောက်လာခါလက်ကိုဆွဲထားသည်။

"ဖယ်ပါ, ဟင့်,လွှတ်"

ပိုင်လေးလွှတ်လို့ပြောလိုက်ပေးမဲ့လည်းစိတ်ထဲမှာတော့ မလွှတ်ဖို့‌ဆုတောင်းနေမိသည်။ဟုတ်တယ်လေ သူမှဓာတ်လှေကားမစီးရဲတာ ပြီးတော့အိမ်လည်းသူမပြန်တက်ပေ။ထို့ကြောင့် ဟန်ကိုယ့်ဖို့လုပ်ခါ ငြင်းနေရသည်။မောင့်ကိုသူစိတ်လည်းဆိုးမိသည် မောင့်ကိုယုံပေမဲ့အမှန်တိုင်းမပြောတာကိုမကြိုက်ပေ။

"ကလေးရယ် မောင်ရှင်းပြတာ နားထောင်ပါအုံး"

"ဘာလဲပြော အကြောင်းပြချက်မခိုင်လုံရင် အပြက်ပဲ"

"ကလေးနော် ပြက်မယ်ဆိုတဲ့စကားမပြောနဲ့ မောင်မကြိုက်ဖူး "

မောင်လေးသံနဲနဲမာလာတာကြောင့် ကြောက်သော်လည်းကိုယ်ကဦးအောင် အနိုင်ယူထားမှဖြစ်မယ် ခုထဲကကြောက်ပြနေလို့ဘယ်ဖြစ်မလည်း ။

"ဒီမှာ အခုဘယ်လိုလေသံနဲ့ကျွန်တော့ကိုလာပြောနေတာလည်း ဦးရှင်းလွှမ်းမောင် ကျွန်တော့်ကိုအော်လိုက်တာလား"

သူနဲနဲခြောက်လိုက်တာကလေးကကျွန်တော်တွေ ဦးတွေတက်ခေါ်တဲ့အဆင့်ထိကိုရောက်လာသည်။

"အမ်, မဟုတ်ပါဘူး သည်းငယ်လေးရယ် မောင်က သည်းငယ်လေးကို မောင်ကအော်စရာလားလို့ ဟုတ်တယ်"

"ပြောပါအုံး အဲ့မိန်မနဲ့ပတ်သတ်တာ မကြိုက်ပါဘူးပြောထားတာကို ဘာဖြစ်ရပြန်တာလည်း"

"ကလေးကလည်းကွာ သူမောင့်ရုံးခန်းထဲကိုပန်‌းတွေလာထား ထားတာ အဲ့ဒါမောင်တကယ်မသိဘူး ကလေးမယုံရင် ဟိုနှစ်ယောက်ကိုမေးကြည့်"

"သေချာလား"

"သေချာပါတယ် ကလေးရယ် မောင်အရမ်းဖြူစင်တာကလေးအသိဆုံးပါ မောင့်ရဲ့လူပျိုဘဝလေးကိုတောင်မှ ကလေးနဲ့ပဲ ပထမဦးဆုံးဘူးတာပါ"

 🍯နွဲ့ဆိုးလေးမို့အချစ်ပိုမိသည်🍯(Complete)Where stories live. Discover now