အပိုင်း ၉

3.1K 155 31
                                    


"ခြံထဲလိုက်ခဲ့အုံး မောင်စောင့်နေမယ်"

"ဘာလို့လဲ"

"ချိုချဉ်ကျွေးမလို့"

"တော်ပြီ ကြိုက်ဖူး"

"အကောင်းစားနော် ကလေးမို့ကျွေးတာ မြန်မာနိုင်ငံမှာတောင်မရဘူး"

"တော်ပြီ အဲ့ဒီလောက်တန်ဖိုးကြီးတာ ပိုလို့တောင်မစားချင်သေး"

"စတာ မောင် ထန်းလျှက်ခဲကျွေးမလို့"

"ဘယ်ကရတာလဲ-"

"ရွှတ်"

မောင့်စကားကိုမယုံလို့‌မေးလိုက်တော့ ပိုင့်ကိုထက်နမ်းလာပြန်သောကြောင့် ရိုက်လိုက်မိသည်။အနေအထိုင်ဆင်ခြင်ပါဆိုကာမ မီးဖိုးထဲတောင်လာနမ်းနေတဲ့လူကြီးပါလေ။

"ဘုန်း!"

"အ! နာတယ်နော်"

"နာပလေ့စေ ဘယ်လိုတွေတောင်ဖြစ်နေလဲ အိမ်ကလူတွေမြင်ကုန်မယ်"

"မမြင်စေချင်လိုက်ခဲ့ မလိုက်ရင်တော့ ဟင်းဟင်း သိတယ်မို့လား"

မောင်က တတယ်ကိုဆိုးပါသည်။လိုချင်တာမရလို့မိခင်ကိုပူစာ‌နေတဲ့ကလေးလိုပင်ကိုယ်ကအငယ်လား သူကအငယ်လားတောင်မပြောတက်။ ခုလဲ မျက်စပစ်ခါ ခြိမ်းခြောက်နေပုံက မင်းရဲဆက်လိုလို နိုင်လူ လိုလိုစတိုင်နဲ့ လူကိုလာခြိမ်း‌ခြောက်နေသည်။

"ဒီမယ် မောင် လူကိုလာခြိမ်းခြောက်မနေနဲ့ ကလေးအထက်မှာ နားရွက်ပဲရှိတယ် မကြောက်ဘူး"

"ဘယ်ကလာ ကလေးအထက်က နားရွက်ရမှာလဲ ကလေးအထက်က မောင်ပါ"

"နှာဘူးကြီး ဘာတွေလာပြောနေလဲ အရှက်လဲမရှိဘူး "

"ဟောဗျာ မောင်ကဘာပြောနေလို့လဲ နှာဘူးလေး သူထင်တာလျှောက်တွေးနေတယ် မောင်ပြောတာရိုးရိုးပါနော် ခုတောင်ကလေးကမောင့်ကို မော့ကြည့်နေရတာမို့လား အဲ့ဒါကြောင့် မောင်က ကလေးအထက်ကလို့ကလေးကမောင့်အောက်က"

"🙄တော်ပါ စကားတက်တိုင်းလျှောက်ပြောမနေနဲ့"

"အဲ့ဒါဆို မောင့်စောင့်နေမယ်နော်လာခဲ့"

"အွန်းပါ"

ရင်တွေခုန်လိုက်ရတာလဲလွန်ပါရောဗျာ ခင်ဗျားတို့လို အပျိုကြီးလူပျိုကြီးတွေကိုယ်ခြင်းစာတက်မယ်မထင်ပါဘူး။ကိုယ်ချစ်ရသူလေးနဲ့ တစ်အိမ်ထဲအတူနေရပြီး ‌ခိုးချောင်ခိုးဝှက်တွေ့နေရတာလဲ တကယ်တော့ ရင်ခုန်ရတယ်ဗျ။လူမိသွားမှာကလဲကြောက်ရသေး ကလေးလေးကိုချစ်ရတာ နှလုံးရောဂါပါရနိုင်တယ်။ ရင်ခုန်ပြေအောင် သီချင်းဆိုတာပဲကောင်းတယ်။မောင်အိမ်ထဲမှဂစ်တာသွားပြန်ယူခါ ကလေးကိုစောင့်ရင်းသီချင်းဆိုနေလိုက်သည်။

 🍯နွဲ့ဆိုးလေးမို့အချစ်ပိုမိသည်🍯(Complete)Where stories live. Discover now