အပိုင်း ၂၀

2.8K 120 17
                                    

"ဟားဟား မပိုပါဘူးကွာ မင်းနားလည်လာပါလိမ့်မယ်"

"ငါနားလည်နေပါပြီရှင်းရယ် အချစ်ဆိုတဲ့ခံစားချက်ကိုပေါ့"

"ဟားဟား ဂုဏ်ယူပါတယ်ကွာ"

"သွားကြမယ် နောက်ကြလို့ပွားခံနေရမယ်"

*******
နောက်ဆုံးပေါ်ကားကြီးနှစ်စီးက တက္ကသိုလ်ကျောင်းတော်ကြီးရှေ့သို့ စိုက်ရောက်လာခဲ့သည်။ကားကြီးပေါ်မှာလည်း အတွဲကိုယ်စီဆင်းလာခဲ့ကြသည်။ဒါကတော့ ကျောင်းတော်ကြီးရှေ့က မြင်နေကြမြင်ကွင်းတစ်ခုပင်ဖြစ်သည်။

"ကလေး မတည့်တာတွေမစားရဘူးနော် ခုတစ်လောခဏခဏ‌ဖျားနေတာ တစ်ခုခုဖြစ်ရင် မောင့်ကိုချက်ချင်းဖုန်းဆက်နော်ကလေး"

"အွန်းပါ မောင်ရယ် နေတိုင်းမှာနေတာ ကလေးသိပါတယ်"

"မောင်ကစိတ်ပူလို့ပါကလေးရဲ့"

"ဟုတ်ကဲ့ပါမောင်ရဲ့ ကလေးမောင်ပြောတဲ့အတိုင်းနေပါ့မယ်ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါဗျာ"

တစ်ဖက်တွင်လည်း...

"တောက်တောက်လေး အပြင်စားတွေမစားနဲ့နော် ကိုကိုယူလာပေးတာတွေပဲစား"

"အွန်းပါ ကိုကိုရ အလုပ်နောက်ကျနေမယ်သွားတော့"

"အလုပ်ကအရေးမကြီးပါဘူးကွာ တောက်တောက်လေးကအရေးကြီးဆုံးပဲ"

"ဟွန်း မတရားပိုတာပဲ"

"မပိုပါဘူးနော် အော် ပိုင်လေးကလွဲပြီး ကျန်တဲ့သူတွေနဲ့အရောတဝင်မနေနဲ့နော် သည်းငယ်လေး"

"ဟုတ်ပါပြီ သိပါပြီ နေတိုင်းဒါတွေပဲမှာနေကြတာ မောလည်းမမောကြဘူးလားမသိပါဘူး"

"ဟုတ်ပ လာအထွန်းသွားကြမယ်"

ရှေ့ကနေလက်ဆွဲကာထွက်သွားသောလုံးတုံးတုံးကောင်လေးနှစ်ယောက်ကိုကြည့်ကာသံယောဇဉ်မပျက်ထက်အော်လိုက်ကြသေးသည်။

"ကလေး မောင်မှာတာတွေမမေ့နဲ့နော်"

"သည်းငယ်လေး ကိုကို ပြောတဲ့တိုင်းနေနော်"

ထွက်သွားသောကလေးနှစ်ယောက်ကတော့ယောင်လို့တောင်လှည့်မကြည့်ပါ သူတို့နှစ်ယောက်အတွက်တော့ မထူးဆန်းတော့ပေ။ကျောင်းဝင်းထဲမှ အမျိုးသမီးများရဲ့အားကျသောအကြည့်များနဲ့ကြည့်နေချင်းကိုလည်းခံရပါသေးသည်။ကြည့်ရတာသူတို့လည်း ကလေးတွေလိုဂရုစိုက်မှုမျိုးကိုအားကျနေပုံပေါ်သည်။အားကျနေလည်းအားကုန်ရုံသာအဖက်တင်မည် သူတို့အတွက်ဖြစ်လာနိုင်မည်မထင် သူများတွေကြည်နူးနေတာများကြည့်နေလိုက်ကြတာ အပျိုးကြီးဖြစ်မဲ့ရုပ် ဘဲမရှိတဲ့ရုပ်တွေကများသည်။

 🍯နွဲ့ဆိုးလေးမို့အချစ်ပိုမိသည်🍯(Complete)Where stories live. Discover now