အပိုင်း ၁၈

2.5K 124 0
                                    

မောင်ကကျွန်တော့်နှခမ်းလေးအားနမ်းရှိုက်ခါချစ်တဲ့အကြောင်းကိုဖော်ကြူးလေသည်။ကျွန်‌တော်လည်းမောင့်အချစ်များကိုခံယူနေမိသည်။

"မောင်"

"ဗျာ "

"အောက်ထပ်ကိုဆင်းရအုံးမယ်လေ မောင်ရဲ့"

"ဟုတ်သားပဲ မောင်မေ့သွားတယ်"

"တကယ်ပါပဲမောင်ကတော့ မောင်ရေးချိုးလိုက်တော့လေ ကလေးလည်းအခန်းကိုပြန်ပြီးရေချိုးလိုက်မယ် "

"ဘာလို့ အခန်းကိုပြန်နေမှာလည်းကလေးရဲ့ ကလေးရဲ့အဝတ်တွေလည်း မောင့်အခန်းထဲမှာရှိနေတာကို ဒီမှာပဲချိုးလိုက်ပေါ့"

"ဟို မောင် မရဘူးလေ"

"ဘာမရတာလည်း ကလေးရဲ့"

"တူတူမချိုးဘူးလို့မောင်"

"ကလေးနော် ဘာတွေကို ထိတ်လန့်နေတာလည်း မသိရင် မောင့်ကိုလူဆိုးကြီးကြလို့"

"တော်ပြီ မောင့်အကြောင်းသိပြီးသား မရဘူး မချိုးဘူး"

"ဟာ ကလေး"

"ဟားဟား"

ကလေးကပြော‌ပြောဆိုဆိုပင် အခန်းထဲမှပြေးထွက်သွားသောကြောင့် သဘောတကြအော်ရယ်မိလိုက်သည်။  ရှင်းလည်းရေချိုးခန်းထဲသို့သာဝင်ခဲ့လိုက်တော့သည်။

***
ရေချိုးပြီးတော့ ကလေးအားဝင်ခေါ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

"မေမေ"

"ဟော သားတို့ဆင်းလာပြီလား ညစာစားကြတော့မလား ရက်ကွပ်ထဲက လာဝိုင်းကူတဲ့သူတွေတောင်ပြန်သွားကြပြီ သားတို့ကလည်းကြာလိုက်တာ မေမေကအိပ်ရာများဝင်သွားပြီလားလို့"

"မဟုတ်ပါဘူးမေမေရယ် ရေပါတစ်ခါထဲချိုးနေလို့ပါ"

"အေးအေး  အော်သားငယ်"

"ဗျာ မေမေ"

"ခြံထဲမှာ သားသူငယ်ချင်း အထွန်းလေးရှိသေးတယ်နော် ဒီနေ့သားနဲ့ အိပ်မလို့တဲ့"

"မအိပ်ရပါဘူး!"

"အမ်"

"ဟော်တော် ရှင်းရယ် အိပ်ပါစေ တစ်ရက်တစ်လေပဲဟာ"

 🍯နွဲ့ဆိုးလေးမို့အချစ်ပိုမိသည်🍯(Complete)Where stories live. Discover now