Unicode
Taeyong's POV
"Jungwoo!!"
ရုတ်တရက်စူစူးရှရှအော်တဲ့အသံလေးကနားထဲကိုတိုးဝင်လာတယ်။ Jungwoo! ဟုတ်လား? Jungwoo Jungwoo....ဟုတ်တယ် အဲ့နေ့ကအကူအညီအော်ခေါ်နေတဲ့ကောင်လေးနာမည်။ ဟုတ်တယ် Kim Jungwoo! ကျွန်တော်လည်းစိတ်လှုပ်ရှားစွာနဲ့ချက်ချင်းအသံလာရာကိုလှည့်ကြည့်လိုက်မိတယ်......
"Kim Jungwoo!! မပြေးနဲ့လို့ အစ်ကိုမလိုက်နိုင်တာမင်းသိတယ်မလား ရပ်တော့မပြေးနဲ့လို့"
Taeyong - သူပဲ
ကျွန်တော့်ပါးစပ်ကလွှတ်ကနဲထွက်သွားတော့ဘေးကိုရောက်လာတဲ့ Jaehyun ကမေးတယ်။
Jaehyun - ဘယ်သူလဲ?
Taeyong - ဪ Jaehyun ခနနေဦးငါပြန်လာခဲ့မယ်
Jaehyun ကပြန်ရောက်လာပေမဲ့ကျွန်တော်သူ့ကိုရှင်းပြချိန်လေးတောင်မပေးနိုင်။ဒီတစ်ခါတော့လက်မလွှတ်တော့ဘူးဆိုပြီးချက်ချင်းအသံထွက်လာရာကောင်လေးဘက်ကိုပြေးသွားမိလိုက်တယ်။ အဲ့ကောင်လေးကမောနေတယ်ထင်တယ်အဲ့နားမှာပဲဒူးပေါ်လက်တင်ပြီးအမောဖြေနေတယ်။
Taeyong - ဒီမှာ!
Doyoung - ဗျာ? ကျွန်တော်လားဟင်? ကျွန်တော့်ကိုပြောတာလား။
ကျွန်တော်လှမ်းခေါ်လိုက်တော့သူကသူ့ကိုခေါ်တာလားဆိုပြီးဘေးဘီကိုတောင်လှည့်ပတ်ကြည့်လိုက်သေးတယ် ချစ်ဖို့ကောင်းလိုက်တာ။ သွားလေးတွေကယုန်သွားလေးတွေနဲ့အရပ်ကလည်းကျွန်တော့်ထက်တောင်ပိုရှည်သေးတယ်။ အမလေးကျွန်တော်ကမော့ကြည့်ရမဲ့အပေါက်။ သူပြားရင်တော့ပြားပါစေ အရပ်ကလေးပုတယ်ဆိုတာလေးနဲ့တော့ကျွန်တော်က... နိုး နိုး နိုး စဉ်းစားရင်းသွားတောင်ကြိမ်းတယ်.....
Taeyong - ဟုတ်တယ် မင်းကိုပြောတာ။
Doyoung - ဪဟုတ်။ ဘာပြောမလို့လဲဟင်။
Taeyong - မင်း....
"Doyoung Hyung!!"
အနောက်ကရုတ်တရက်လှမ်းအော်လိုက်တဲ့အသံကြောင့်ကျွန်တော်ပြောမယ့်စကားလမ်းကြောင်းပြတ်သွားတယ်။
Jungwoo - Doyoung Hyung ဘာလို့ကြာနေတာလဲ
Doyoung - ဒီမှာ လေ...