Part - 8

80 10 4
                                    

Unicode

"ရပြီ ဒီလောက်အထုံးနဲ့ဆိုရင်တော့ အောက်ကိုဆင်းလို့ရလောက်ပြီ"

မနက်ပိုင်းဆိုရင် Taeyong အမေက အလုပ်သွားရတာမို့လို့ အိမ်မှာ အစောင့်နှစ်ယောက် နဲ့ သူ စုစုပေါင်း သုံးယောက် တည်းသာ....။ Doyoung ဆီသွားနိုင်ဖို့အတွက် အခန်းထဲကထွက်နိုင်မှ ဖြစ်ပေမည်။ ဒါကြောင့်အခန်းထဲကထွက်နိုင်ရန် နည်းလမ်းမျိုးစုံစဉ်းစားပြီးချိန်တွင်တော့ အကောင်းဆုံးနည်းလမ်းတစ်ခုကိုရွေးချယ်လိုက်သည်။ အခန်းထဲမှာရှိသော လိုက်ကာတွေကိုပေါင်းစည်းပြီး အောက်ထပ်ကိုဆင်းရန် ကြိုးစားနေသည်သာ ဖြစ်သည်။

"Young နဲ့ မတွေ့ရလို့မဖြစ်ဘူး။ အဆုံးစွန် ဒီနေ့သေရမယ်ဆိုရင်တောင် Young ကိုတွေ့ပြီးမှပဲသေမယ်။ ငါ့ရဲ့နောက်ဆုံးအချိန်မှာတွေ့လိုက်ရတဲ့သူက Young ပဲဖြစ်ရမယ်"

Taeyong သည်အောက်ဘက်ခြံထဲကို ရောက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆိုသလို ထွက်နိုင်မည့်နေရာကိုစဉ်းစားသည်။ သေချာသည်တစ်ခုကတော့ ခြံအရှေ့ဘက်မှထွက်လျှင် သူခိုးထွက်သည်ကို သိမည်ကားအနှေးနှင့်အမြန်ပင် ဒါကြောင့် ခြံအနောက် ဘက်က လွတ်နေတဲ့ နေရာကိုအရင်ရှာရသည်။ သံဇကာများနှင့် ကာထားသော နေရာနားလေးတွင် သံဇကာများပြဲပေါက်နေသည်ကို မြင်လိုက်ရသည်။ ထိုအပေါက်ကိုအသုံးချကာ အပြင်ကိုရောက်အောင်ထွက်ရတော့သည်။ အပေါက်ကျင်းလွန်းသောကြောင့် ဘေးဘောင်ကသံဇကာ၏အချွန်တစ်ခုနှင့် တံတောင်ခြစ်မိပြီးဒဏ်ရာရသွားသေးသည် .... 

"အာ့.... ဘာကငြှိနေသေးတာတုန်း.... "

ငြှိနေသောအရာက ဘာမှန်းမသိဘဲ အမြန်ထွက်ချင်ဇောနှင့် အတင်းကုန်းထားလိုက်မိချိန်မှာတော့  ဘောင်းဘီအိပ်ကပ်မှာထည့်ထားတဲ့ Doyoung ရဲ့ ဓာတ်ပုံလေး အလယ်ကနေပြဲသွားတော့သည်။ 

"ဟာသွားပြီ။ Young ပုံလေးပြဲသွားပြီ။ တကယ်ပါပဲ ဒီတစ်ပုံပဲကျန်တော့တာကို"

ဘာလို့ပြဲသွားတာက Young ပုံလေးဖြစ်နေတာလဲ။ စိတ်ထဲမှာခိုးလုခိုးလုနဲ့ပါလား Young ရေအဆင်ကောပြေရဲ့လား။ ကိုယ်မင်းကိုအရမ်းသတိရနေပြီ Young.... နမိတ်မကောင်းဘူးဆိုတာသိတယ်။ ဒါပေမဲ့ နမိတ်မကောင်းဘူးလို့ မတွေးချင်ဘူး။ (Fate) ကံကြမ္မာရယ် ကျွန်တော်တို့နှစ်ယောက်ကို ညှာတာပေးပါ။ 

FATETempat cerita menjadi hidup. Temukan sekarang