Unicode
*calling.... calling*
Jungwoo ရယ် ဟျောင်းခေါ်တာကိုကိုင်ပါတော့ မြန်မြန်ကိုင်ပါတော့.... ကျွန်တော်ဘယ်လိုခေါ်ခေါ် woo လေးက ဖုန်းမကိုင်ဘူး။ ကျွန်တော့်ကြောင့်နဲ့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်ရပါ့မလဲ။
ဟျောင်းပြောလေ ဟျောင်းကျွန်တော့်ကိုအသေမုန်းခဲ့တယ်မလား ... ဟျောင်းကိုအမြဲလိုလို ငိုကြွေးရအောင်လုပ်တဲ့ ညဘက်တွေကိုအိပ်မရအောင်လုပ်တဲ့ ရပ်ကွက်ထဲမှာအရှက်တကွဲဖြစ်အောင်လုပ်တဲ့ အဲ့မိန်းမရဲ့သားကို အဲ့ဟျောင်းကိုချစ်ပါတယ်ဆိုပြီးလိမ်ညာပြောခဲ့တဲ့သူကိုအပြတ်ရှင်းလိုက်ရုံပဲလေ။
အကို့ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ Kim Jungwoo တစ်ယောက် မလုပ်ဖူးတာတွေလုပ်ဖို့အထိတောင်ကြံရွယ်နေမိပြီ။ Kim Jungwoo မှားတော့မယ် ... ဒါပေမဲ့မှားလားမှန်လားလို့ဝေခွဲနိုင်တဲ့အစွမ်းအစတောင် Kim Jungwoo ဆီမှာမရှိတော့။ အချစ်ကြီးလို့အမြတ်ကြီးတယ်ဆိုရမလားပဲ ...
"ရောက်ပြီ Taeyong Hyung ကားလမ်းတစ်ဖက်ခြမ်းကဆေးရုံ"
"အင်း"
"Hyung ကားလမ်းကြည့်...."
Taeyong Hyung က သူ့ကောင်လေးကိုတကယ်ချစ်ပုံရသည် အရမ်းကိုစိုးရိမ်နေတာ။ ကားလမ်းတဖက်ခြမ်းကဆေးရုံလို့ပြောလိုက်ရုံပဲရှိသေးပြေးထွက်သွားပြီ ကျွန်တော်ကားလမ်းကြည့်ကူးဦးလို့ပြောတာကိုတောင်ကြားသွားပုံမပေါ် ဟူး... ဘာပဲပြောပြောကျွန်တော့်တာဝန်က Taeyong Hyung ကို ဆေးရုံအထိခေါ်လာပေးဖို့ပဲဆိုတော့ ကားပြန်မောင်းထွက်လာမလို့...
"ဟိုမှာ သွားပြီ ..."
ကျွန်တော်ကားမောင်းပြီးပြန်ထွက်လာတုန်းဒုန်းဆိုတဲ့အသံနဲ့အတူ လူတွေဝိုင်းအုံသွားတဲ့ ဆေးရုံရှေ့တည့်တည့်ကလမ်းမကျယ်...
ကျွန်တော်သွားကြည့်တော့ ဟာာ Taeyong Hyung !!!
"ဟိုကားကတိုက်ပြေးသွားတာ ကောင်လေးကလမ်းကူးပြီး အပေါက်ကသူနာပြုကိုတစ်ခုခုမေးနေတုန်းရှိသေး"
"တမင်တိုက်တာဖြစ်မယ်"
"လုပ်ကြပါဦး လူနာကိုတစ်ခုခုလုပ်ပေးကြပါဦး"
