Part - 9

90 9 2
                                    

Unicode

"ဟဲလို"

"Jaehyun လား"

"ဟုတ်တယ် Doyoung ကျွန်တော် Jaehyun ပါ"

"ကျွန်တော် Jaehyun ကိုအကူအညီတောင်းစရာလေးရှိလို့"

"ဘာများလဲမသိဘူး"

"အခု Jaehyun ကဘယ်မှာလဲဟင်"

"ကျွန်တော်ကအိမ်မှာ Doyoung ရဲ့"

"ဪ ကောင်းတာပေါ့ ကျွန်တော့်အိမ်နဲ့ Jaehyun အိမ်ကသိပ်မဝေးဘူးဆိုတော့"

"ဗျာ ဘာကို?"

"Jaehyun ကျွန်တော့် အိမ်မှာ စာလေးတစ်စောင်ချန်ခဲ့မယ်နော် ... ကျွန်တော့်အိမ်ရောက် ရင် အဲ့စာလေးကို ယူပြီး Jungwoo လေးကိုပေးပေးပါနော်"

တုန်ရီနေတဲ့အသံနဲ့ စာတစ်စောင်ချန်ခဲ့မည်ဟုပြောသော Doyoung ကြောင့် Jaehyun မှာ ကြံရာမရနှင့် ဆိုလိုရင်းကို သဘောမပေါက်ဖြစ်ရလေသည်။ စာတစ်စောင်ချန်ခဲ့မည်ဆိုသောကြောင့် Doyoung မှာမည်သည့်နေရာသို့သွားမည်နည်းဟုတွေးမိပြန်သည်။ ပိုဆိုးသည်က မပြောစဖူး Jungwoo အကြောင်းကို ပြောနေသောကြောင့်ပင်...

"Doyoung စာချန်ထားတယ်ဆိုတော့ ဘယ်သွားမလို့လဲဟင်"

"ကျွန်တော်လား ကျွန်တော်က ဒီလောကကိုချန်ပြီး ထွက်သွားတော့မလို့"

"ဒီ... ဒီလောက? ဘာ Doyoung မဟုတ်မှလွဲရော.."

"Jaehyun က သိတာမြန်လိုက်တာ.. Jaehyun ပြောတာမှန်တယ်"

"ဟင်... Doyoung အခုဘယ်မှာလဲကျွန်တော်လာခဲ့မယ်"

"မလာပါနဲ့တော့ လာလည်းမမှီလောက်ပါဘူး.. ကျွန်တော့်ကိုလွတ်လပ်ခွင့်ပေးပါတော့ ကျွန်တော် Tae နောက်ပဲလိုက်သွားတော့မယ်"

*တီ... တီ*

ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ Doyoung ကြောင့် Jaehyun မှာ တစ်ခေါင်းလုံးပူထူသွားရတော့တယ်။ သူမရှိတော့တဲ့အချိန်မှာ Doyoung ကိုစောင့်ရှောက်ပေးဖို့  Taeyong ကသူ့ကိုမှာသွားခဲ့သည်မဟုတ်လား.... Doyoung ကိုတားဖို့သွားရင်မှီကောင်းလား ဆိုပြီးတော့ Doyoung ရှိလောက်မဲ့နေရာကို Jaehyun စဉ်းစားရတော့သည်။ Doyoung ဖုန်းပြောတုန်းက Doyoung ပြောသွားတဲ့ ထဲမှာ "ကျွန်တော့်အိမ်နဲ့ Jaehyun အိမ်ကသိပ်မဝေးဘူး" ဆိုတာပါသွားတယ်မဟုတ်လား... ဟုတ်တယ် Doyoung ကသူ့အိမ်မှာပဲရှိလောက်မယ်မလား  Doyoung ကိုတားဖို့မှီပါစေလို့သာဆုတောင်းနေရင်း Jaehyun တစ်ယောက် Doyoung အိမ်ကို အမြန်ကားမောင်း၍သွားရတော့သည်။

FATEWhere stories live. Discover now