Unicode
Taeyong's POV
သူနဲ့မတွေ့တာနှစ်ပတ်ကျော်လောက်ရှိပြီဒီနေ့ဝောာ်တော်အလုပ်ရှုပ်နေတယ်။ဆေးရုံမှာလူနာတွေအရမ်းများပြီးတော့ မအားရအောင်ကျွန်တော်တို့ပြေးလွှားနေရတယ်။ ကုန်ကုန်ပြောရရင်ပေါ့ဗျာ အရင်နေ့တွေကလိုသူ့ကိုလွမ်းပြီးပြုံးချိန်တောင်မရ။ အခုမှကျွန်တော်နေ့လည်စာစားရတာ နေ့လည် ၃ နာရီတောင်ကျော်နေပြီ။
"밤이 오면 빛을 내는 별들도 노을만 남긴 채 지는 저 태양도 다 저마다 독특한 색을 가져Beautiful beautiful yeah"
ထူးထူးဆန်းဆန်း ဖုန်း call တစ်ခုဝင်လာတယ်။ ဟင်နာမည်လည်းမမှတ်ထားပါလား ဘယ်သူပါလိမ့်...
Taeyong - Hello.. ကျွန်တော် Dr. Lee Taeyong ပါ။
"Taeyong hyung!"
ဟိုဘက်ကခေါ်လိုက်တဲ့အသံကိုကျွန်တော်ကြားဖူးသလိုပဲဒါပေမဲ့ဘယ်သူလည်းကျွန်တော်မှန်းမရဖြစ်နေတာ...
"Taeyong Hyung! ကျွန်တော်ပါ Jungwoo"
Taeyong - ဪ Jungwoo လား။ ဘာကိစ္စရှိလို့လဲ။
Jungwoo - ဟုတ်ကဲ့ မနက်ဖြန်အားလားဗျ။
Taeyong - မနက်ဖြန်က အထွက်ရက်ဆိုတော့ အားတယ်။
Jungwoo - ကျွန်တော်အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ။
Taeyong - ပြောလေ Jungwoo အစ်ကိုအဆင်ပြေရင်ကူညီမှာပေါ့။
Jungwoo - ဟုတ်ကဲ့။ မနက်ဖြန် အစ်ကို Doyoung ရဲ့မွေးနေ့မို့လို့ကျွန်တော်က Surprise လုပ်ချင်လို့ပါ။ အဲ့တာကျွန်တော့်ကိုကူညီပေးပါဦး Hyung ... Jaehyun Hyung လည်းဝိုင်းကူမယ်တဲ့
Taeyong - မနက်ဖြန်က Doyoung မွေးနေ့လား။ ဟာ အစ်ကိုကူညီမှာပေါ့။ ဘာလုပ်ပေးရမှာလဲဟင်?
Jungwoo - Hyung ကတခြားတော့မဟုတ်ပါဘူး Doyoung Hyung အတွက်မွေးနေ့ကိတ်လေးမှာပေးရုံပါ။
Taeyong - မွေးနေ့ကိတ်လား? အဆင်ပြေတာပေါ့ Hyung ရဲ့အစ်ကိုဝမ်းကွဲတစ်ယောက်ကကိတ်မုန့်ဆိုင်ဖွင့်ထားတာလေ။ မနက်ဖြန်အတွက်ဆိုတော့အခုပဲသွားမှာလိုက်တော့မယ်။ မဟုတ်ရင်လုပ်ပြီးသားကိတ်တွေပဲရလိမ့်မယ် အဲ့တာဆိုကောင်းမှာမဟုတ်ဘူး။
Jungwoo - အခုအားလို့လား Taeyong hyung? မအားရင်လည်းနောက်မှ...
Taeyong - အားလားဆိုရင်တော့မအားဘူး။ ဒါပေမဲ့အခုပဲသွားတော့မယ်...