Unicode
Doyoung's POV
ဒီနေ့ကျွန်တော့်မွေးနေ့...အရင်နှစ်တွေကလိုမျိုး Jungwoo က Surprise တိုက်ဦးမယ်ဆိုတာကျွန်တော်ကြိုသိပြီးသားမို့လို့ရင်မခုန်တော့တာအမှန် အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာလည်းစိတ်လှုပ်ရှားခြင်းအလျှင်းမရှိ အဲ့တာကျွန်တော်သေချာတယ်။ ဒါပေမဲ့ အိမ်နားရောက်တော့အိမ်ရှေ့မှာရပ်ထားတဲ့ကားအကောင်းစားနှစ်စီးနဲ့အတူဖိနပ်စင်မှာတွေ့လိုက်ရတဲ့ရှူးဖိနပ်အသစ်နှစ်ရံအရင်တစ်ခါက Surprise တွေနဲ့မတူထူးခြားနေတာကိုကျွန်တော်ခံစားမိတယ်။ ပြီးတော့လည်း ......အဲ့တာတွေကိုတွေ့တော့ ဒီနှစ်မွေးနေ့ရဲ့ ကဘယ်လိုများလဲလို့ကျွန်တော်စရင်ခုန်မိတယ်။ လူအသစ်ဆိုလို့လည်းလာစရာမရှိသလို ကျွန်တော်တို့သိတဲ့သူတွေထဲမှာလည်းအဲ့လိုဖိနပ်အသစ်တွေ ကားအကောင်းစားတွေစီးနိုင်မဲ့သူမျိုးတစ်ယောက်မရှိ ဒါဆိုဘယ်သူတွေများလဲ။
အိမ်ထဲကိုဝင်သွားတဲ့အထိဘာတစ်ခုမှထူးခြားမှုမရှိ အားလုံးကပုံမှန်လေး အဲ့တာနဲ့ပဲကျွန်တော့်အခန်းဘက်ကိုခြေဦးလှည့်ကာအပေါ်ထပ်ကျွန်တော့်အခန်းရှိရာကိုလျှောက်လာခဲ့တယ်။ အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ အပေါက်ကနေ Jungwoo ကပိတ်ကာပြီး ကျွန်တော့်လက်ကအိတ်ကိုဆွဲယူကာ Happy Birthday ဦးထုပ်အတင်းဆောင်းပေးတယ်။ ပုံမှန်ဆို Jungwoo က ကိတ်မုန့်ကိုကိုင်ပြီးစောင့်နေကြပါ ဘာလို့ဒီတစ်ခါကြတော့ ...... ကိတ်မဝယ်တာလား? ကိတ်ကိုတခြားတစ်ယောက်ကကိုင်စောင့်နေတာလား? ဒါဆိုဘယ်သူလဲ? အဲ့လိုအတွေးတွေနဲ့ကျွန်တော့်ရဲ့နှလုံးခုန်သံကိုဗလောက်ဆူစေခဲ့တယ်။
ခနအကြာ Happy Birthday To You~~~ ဆိုတဲ့သီချင်းသံနဲ့အတူ မီးဖွင့်လိုက်ချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော့်ရဲ့ရင်ခုန်သံတွေကဖုံးကွယ်မရအောင်အရမ်းကိုဆူညံနေမှာကျွန်တော်ဝန်ခံပါတယ်။ ဟုတ်တယ်ကျွန်တော်မြင်လိုက်ရတာက သူ ...... သူဆိုတဲ့ကျွန်တော်တောင်းတောင်းတတတွေ့ချင်ခဲ့တဲ့သူ ....... ကျွန်တော့်အသက်ကိုကယ်ခဲ့တဲ့လူ ကျွန်တော်မှတ်မိတာပေါ့ ကျွန်တော်အမောဖောက်တဲ့နေ့ကကျွန်တော့်ကိုပွေ့ဖက်ထားရင်ကြည့်နေတဲ့သူ့ရဲ့စူးစူးရှရှမျက်လုံးတွေကို တွေ့ချင်နေခဲ့တာ အဲ့ကတည်းက ဒါပေမဲ့ဘာလို့မှန်းမသိ နောက်တစ်ခါအဲ့နေရာမှာပြန်တွေ့တော့သူ့ကိုမမှတ်မိသလိုဟန်ဆောင်မိခဲ့တယ်။ တစ်ချိန်လုံးသူ့အကြောင်းတွေးနေမိပါရဲ့နဲ့ဘာလို့အဲ့လိုပြုမူမိခဲ့ပါလိမ့် ကိုယ့်ကိုကိုယ်တောင်စဉ်းစားမရခဲ့ဘူး........
