Ep 2_Chapter 3

69 14 0
                                    

Unicode//

အချိန်မှာတစ်ဖန် ညမှသည်မနက်မိုးသောက်အလင်းရောက်လာလို့ ကမ်းမလော့မြို့ကြီးတစ်ခွင်လုံး‌နေ‌ရောင်ခြည်‌နွေးနွေးမှာဖြာကျလျက်ရှိနေသည်။ လူတိုင်းအတွက် သာမန်နေ့သစ်တစ်နေ့ဖြစ်သော်ငြား အချို့သောသူအဖို့‌တော့ရဲတင်းစွာစွန့်စားထားရတဲ့ ကိစ္စတစ်ခုဖြစ်လာတော့လေမည်။အရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်‌နေတာကြောင့် အနည်းငယ်တော့စိတ်အေးနိုင်မည်ဟုတွေးမိသော်ငြား တကယ်တမ်းမှာ‌တော့အဘယ်သို့ဖြစ်လာမည်ဆိုတာကို မည်သူကကြိုသိနိုင်မည်နည်း။

ဂိုင်းယက်စ်၏ သမားတော်ပစ္စည်းများနှင့်စုံစီနေသော အိမ်ခန်းကျင်းလေးထဲတွင် သူရဲကောင်းအီဝမ်က ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ဘေးမှာတော့ ဂိုင်းယက်စ်ကအီဝမ်ကို ဂရုတစိုက်ကုသပေးနေသည်။ သိပ်မကြာခင်မှာပဲညကတည်းကကုသထားတဲ့ အဆိပ်ဖြေဆေးအစွမ်းကြောင့် အီဝမ်မှာသတိရလာ‌လေ‌တော့သည်။

"ပြန်လည်ကြိုဆိုပါတယ်" ဂိုင်းယက်စ်က သတိရလာသော သူရဲကောင်းကိုကြည့်ပြီးဝမ်းသာစွာနှုတ်ဆက်လိုက်‌လေ၏။ အီဝမ်က ဂိုင်းယက်စ်ကို‌တွေ့‌တော့သူသတိမမေ့ခင်ကဖြစ်ပျက်ခဲ့သောအရာများကို သေချာပြန်စဉ်းစားနေပြီး မှတ်မိသွားတဲ့နောက်မှာတော့ အီဝမ်ရဲ့မျက်နှာမှာစိုးရိမ်ခြင်းတို့ထင်ဟပ်လာလေသည်။

"သူ့ဒိုင်းထဲမှာမြွေတစ်ကောင်ရှိနေတယ်...အဲ့တာကအသက်ဝင်လာတာ" အီဝမ်ကထိတ်လန့်စိတ်ဖြင့်ပြောလိုက်၏။

"သိပ်မလှုပ်နဲ့ဦး...မြွေဆိပ်ကမင်းကိုယ်ထဲမှာ ကျန်နေသေးလို့ မင်းအားနည်းနေသေးတယ်"

"ကျွန်တော် အာသာ့ကိုသတိပေးရမယ်" ပြောရင်းအီဝမ်ကထဖို့ပြင်တဲ့အခါ ဂိုင်းယက်စ်ကညင်သာစွာ တားလိုက်သည်။

"ဒီကိစ္စကို အာသာသိပါတယ်...သူအခု ဘုရင်နဲ့ညီလာခံမှာ တောင်းဆိုဖို့လုပ်နေပြီ...အနားယူလိုက်ပါ မင်းပြောပြတာကိုလူတိုင်းကသိချင်ကြမှာ အဲ့အတွက်အားရှိနေဖို့လိုတယ်"

ဂိုင်းယက်စ်စကားကြောင့် အီဝမ်ကစိတ်သက်သာစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးပြန်လှဲနေလိုက်‌လေသည်။

Merlin (Season 1| Myanmar Translation)Where stories live. Discover now