Ep 3_Chapter 1(The Mark of Nimueh)

60 11 1
                                    

Unicode//

ဒဏ္ဍာရီထဲကနယ်‌မြေတွေရဲ့ မှော်ဆန်တဲ့အချိန်ကာလတစ်ခုမှာ ခမ်းနားလှတဲ့တိုင်းပြည်ကြီးတစ်ပြည်ရဲ့ ကံကြမ္မာဟာ လူငယ်လေးတစ်ဦးရဲ့ပုခုံးပေါ်သို့ကျရောက်လာခဲ့ပါတယ်...

သူ့နာမည်က.....မာလင်။

.....................

အေးစက်နေတဲ့ လှိုဏ်ဂူကြီးတစ်ခုအတွင်းရေစက်များတစ်တောက်တောက် ကျ‌သံဟာ အဆက်မပြတ်ထွက်‌ေပါ်လျက်ရှိသည်။အလင်းရောင်မှိန်ပြပြသာ ရပေမယ့် လှိုဏ်ဂူအတွင်းတွင်‌ေတာ့ကောင်း‌စွ‌ာမြင်နေရ၏။ရေတွင်းငယ် တစ်ခု၏ အရှေ့တွင် ဝါ၀န်အနီကို၀တ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦးဟာ သူမ၏လက်ထဲတွင် အမည်မဖော်ပြနိုင်တဲ့အရုပ်ကလေးတစ်ခုကိုကိုင်ထားလျက် မန္တန်များကို ရွတ်ဆိုနေ‌ေလသည်။ ပြီးနောက်မှာတော့ အရုပ်ကို မှော်အတတ်တွေနဲ့စီရင်ထားတဲ့ ဥခွံထဲသို့ထည့်လိုက်သည့်အခါအလင်းရောင်တစ်ခုထွက်ပေါ်လာပြီး ထိုအလင်းရောင်ကြောင့် ဥအတွင်းကထည့်လုိက်သည့်အရုပ်ကိုကောင်းစွာမြင်လိုက်ရသည်။ ထိုအရုပ်မှာ သတ္တဝါတစ်ကောင်ကောင်၏ သန္ဓေသားလောင်းပုံစံငယ်အရုပ်ပင်ဖြစ်လေသည်။

ထိုမိန်းကလေးဟာ မန္တန်ကို အဆက်မပြတ်ရွတ်နေရင်းဥကို ရေတွင်းထဲသို့ချလိုက်တဲ့အခါမှာတော့ ထိုအဖြူ‌ေရာင်ဥဟာရေတွင်းထဲက လမ်းကြောင်းဖြင့်မျောပါသွားလေသည်။မြေအောက်‌ေရလမ်းကြောင်းက‌တစ်ဆင့်အ‌ေ၀းကြီးမျောပါသွားရင်း နောက်ဆုံးတွင် ‌လှိုဏ်ဂူကြီးတစ်ခုအတွင်းက ရေကန်ကြီးတစ်ခုမှာအဆုံးသတ်သွား‌ေတာ့သည်။ ထိုရေကန်ကြီး၏ ရေပေါ်တွင်ပေါလောပေါ်နေသောဥဟာ စီရင်ထားတဲ့မှော်အတတ်‌ရဲ့အစွမ်းကြောင့်ပေါက်ဖွားဖို့အတွက် ဥခွံကခွဲထွက်ရန်ကြိုးစားနေတော့သည်။

ထိုဥပေါ်ထွက်လာသော ရေကန်ကြီးမှာတခြားမဟုတ်။ ကမ်းမလော့မြို့၏ သာမန်လူတန်းစားများ အသုံးပြုရာသောက်သုံးရေအတွက် တစ်ခုတည်းသောရေအရင်းအမြစ်ရရှိသည့်ရေကန်ကြီးပင်ဖြစ်သည်။ ‌ထိုရေကန်ကြီးမှဆက်သွယ်ရရှိသော ရေဖြင့် ကမ်းမလော့မြို့အတွင်းရှိသာမန်လူတန်းစားများအားလုံးမှီဝဲအသက်ရှင်ရ‌‌ေလသည်။

Merlin (Season 1| Myanmar Translation)Where stories live. Discover now