Unicode//
မနက်ခင်းေနရောင်ခြည်မှာ ကမ်းမလော့မြို့ေတာ်ကြီးတစ်ခွင်လုံးကိုလွှမ်းခြုံထွန်းလင်းလျက်ရှိေနသည်။လူတုိင်းမှာလည်း မိမိရဲ့နေ့စဉ်ကိစ္စရပ်များကိုအသီးသီးစတင်လုပ်ဆောင်နေကြ၏။ထိုစဥ်ေမြေအာက်အချုပ်ခန်းထဲမှာ မာလင်တစ်ေယာက်ခွေခွေလေး အိပ်ပျော်တုန်းသူ၏နာမည်ကိုမြေကြီးအောက်က အနီးကပ်ခေါ်သကဲ့သို့ ဟိန်းထွက်လာသည့်ခေါ်သံကိုကြားလိုက်ရသဖြင့် အလန့်တကြားထရပ်မိသည်။
"မာလင်....."
"မာလင်....."
သူ့နာမည်ကိုေခါ်သံမှာဟိန်းထွက်ေနေပမဲ့ပီပီပြင်ပြင်ကြားေနရသောေကြာင့် သေချာအောင် မြေကြီးပေါ်ခေါင်းချပြီး ကပ်၍ နားထောင်ကြည့်နေစဉ်မှာပဲ
"မာလင်!" ဟူသော အနောက်ဖက်ကထွက်လာသည့် ဂိုင်းယက်စ်အသံကိုကြားလိုက်ရသည်။ဂိုင်းယက်စ်ကအချုပ်ခန်းတံခါးကိုဖွင့်ကာ၀င်လာခဲ့ပြီး စိတ်ဆိုးေနဟန်ဖြင့်ေပြာလေသည်။
"မင်းက ငါ့ကိုအလန့်တကြားဖြစ်အောင်မလုပ်ရရင် မေနနိုင်တဲ့ကောင်ပဲ"
"မင်းတို့လိုကောင်တွေလုပ်ရမှာတစ်ခုပဲရှိတယ် လူတိုင်းကို ဦးညွတ်ထားဖို့ပဲကွ အခုမင်းဘာလုပ်လိုက်လဲ မင်းအရူးလိုလုပ်ချလိုက်တာပဲ"
"ကျွန်တော်တောင်းပန်ပါတယ်"
"မင်းကံကောင်းတယ်ေပြာရမယ် ငါမင်းထွက်လို့ရအောင် နည်းနည်းလှုပ်ရှားပေးခဲ့တယ်"
"အိုး...ကျေးဇူး ကျေးဇူးပါဗျာ ကျွန်တော်ဒါကိုမမေ့ပါဘူး" မာလင်မှာ၀မ်းသာအားရပြောလိုက်၏။
"အေးပါ ဒါပေမယ့် နည်းနည်းတော့ ပြန်ပေးဆပ်ရမှာပေါ့လေ"
ဂိုင်းယက်စ်စကားကိုမာလင်အခုနားမလည်သော်လည်း သိပ်မကြာခင်မှာပဲ သူကောင်းစွာနားလည်သွားတော့သည်။
"ပစ်ကြဟေး ပစ်ကြ"
"အို...နိုး"
ကလေးများမှာ ခေါင်းနှင့်လက်ကိုအချုပ်တန်းသစ်သားတုံးထဲထည့်ချုပ်ခံထားသော မာလင့်ကို သစ်သီးများ ကြက်ဥများဖြင့်ပစ်ပေါက်ဆော့ကစားနေကြခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို ဂိုင်းယက်စ်ကလည်း သဘောတကျရယ်ေမာရင်း ဘေးမှဖြတ်သွားလေသည်။ခြင်းတောင်းရှိသစ်သီးများ ပစ်ပေါက်လို့ကုန်တဲ့အခါကေလးများလည်းခဏလောက်ပြန်ေပျာက်သွားကြသည်။မာလင့်ေခါင်းတစ်ခုလံုးလည်း အသီးများနဲ့ပေါက်ခံထားရ၍ ပေကျံနေလေသည်။ထိုအချိန်တွင်မာလင့်အနားသို့ ဂါ၀န်အနီလေးကို၀တ်ဆင်ထားပြီး အသားညိုကာ ခမ်းခမ်းနားနား၀တ်ဆင်ထားတာမျိုးမဟုတ်ေပမဲ့ သာမန်အရပ်သားပုံစံသပ်သပ်ရပ်ရပ်ေလးရှိသောကောင်မလေးတစ်ယောက်ရောက််လာ၏။ထိုကောင်မလေးမှာ မာလင့်ကို ပြုံး၍ကြည့်နေရင်း အနားသို့ရောက်လာကာစကားစပြောလေသည်။
CZYTASZ
Merlin (Season 1| Myanmar Translation)
HistoryczneUnicode ရှေးတုန်းကမှော်ပညာတွေထွန်းကားနေချိန်ကမ်းမလော့ဆိုတဲ့ တိုင်းပြည်ကြီးမှာတော့ ဆိုးဝါးတဲ့ဖြစ်ရပ်တွေရှိခဲ့တာကြောင့် ေမှာ်ပညာကုိပြင်းထန်စွာပိတ်ပင်ထားခဲ့ပါတယ်။ထိုတိုင်းပြည်ကြီးကို မွေးရာပါမှော်အတတ်ပါတဲ့ကောင်လေးတစ်ယောက်ရောက်ရှိသွားတဲ့ေနာက်မှာတော့...