Ep 4_Chapter 2

103 12 4
                                    

Unicode//

မာလင်လည်း ဘာမှလုပ်စရာမရှိတာကြောင့် ဧည့်ခံပွဲကိုသာရပ်လျက်ကြည့်နေမိသည်။ ၀တ်ရံုကိုလည်း ချွတ်ပစ်လိုက်ပြီး ကိုယ်ပေါ်မှာချည်သားအနီရောင်၀မ်းဆက်ပဲကျန်တော့မှသာ နေရထိုင်ရသက်သာသလို။

ဘေးရတ်ကတော့ ဧည့်ခံစားပွဲများကြားမှာ မတ်တပ်ရပ်လျက် မိန့်ခွန်းစကားတွေပြောနေပြီး ခန်းမတစ်ခုလုံးတိတ်ဆိတ်ကာ ဘေးရတ်၏စကားသံသာလွှမ်းမိုးလျက်ရှိနေသည်။

"နှစ်ပေါင်းများစွာ...ကျုပ်တို့တိုင်းပြည်နဲ့ ကမ်းမလော့တိုင်းပြည်ဟာ ရန်သူတွေဖြစ်ခဲ့ကြတယ်...နှစ်ဖက်တိုင်းသူပြည်သားတွေနဲ့ စစ်သည်တော်တွေရဲ့သွေးတွေ ကမ်း‌မလော့မြို့နံရံကနေ မာစီယာရဲ့ ဂိတ်တံခါး၀ထိစွန်းထင်းခဲ့ရတယ်...ကျဆုံးခဲ့ရတဲ့သူတွေရဲ့ ဆန္ဒအလျောက် နောက်ထပ်သွေးမြေကျမှုတွေမဖြစ်အောင် ထိန်းသိမ်းရတော့မှာဖြစ်တယ်..."

"ဒါကြောင့်...ကျုပ်ရဲ့စေတနာတစ်ဖြစ်လဲ ချစ်ကြည်ရေးမှတ်အသားအဖြစ် ဒီအောင်ပွဲခံဝိုင်ခွက်တွေကို အူသာနဲ့ သားဖြစ်သူ အာသာတို့ကို လက်ဆောင်အဖြစ်အပ်နှင်းပါတယ်"

ဘေးရတ်က အစေခံတစ်ယောက်ယူလာ‌ေပးတဲ့ ကျွန်းသေတ္တာထဲက ငွေရောင်‌ခွက်နှစ်ခုကိုထုတ်ယူလိုက်ပြီး အူသာနဲ့အာသာတို့ကိုတစ်ခွက်စီ ကမ်း‌ပေးလိုက်သည်။

"ကျုပ်တို့ရဲ့နှစ်ပြည်‌‌ေထာင်ငြိမ်းချမ်းရေး နှစ်ကြာရှည်တည်တံ့စေဖို့ ရည်ရွယ်ပါတယ်....."

ဘေးရတ်ရဲ့ ဘုရင်တို့ထုံးစံအတိုင်း မပြီးဆံုးနိုင်တဲ့မိန့်ခွန်းရှည်ကြီးကို မာလင်စိတ်မ၀င်စားသော်လည်း ဒီအတိုင်းသာရပ်နားထောင်နေမိသည်။ အာသာ့ကိုပြောခဲ့သလိုပဲ နန်းတွင်းအရှုပ်တော်ပုံတွေကို သူနားမလည်သလို စိတ်လည်းမ၀င်စားပါ။ သူ့အလုပ်က အာသာ့နားနေပြီး အာသာ့အလုပ်တွေကိုလုပ်ပေးဖို့ပင်။

"မာလင်..."

ရပ်နားထောင်နေရင်းရုတ်တရက်ဆိုသလို ဘေးနားရောက်လာတဲ့ကာရာကြောင့် မာလင်လည်း လှည့်ကြည့်မိသည်။ ကာရာ့မျက်နှာမှာတစ်ခုခုကို စိုးရိမ်ပြီး အလောတကြီးဖြစ်နေတာကိုလည်းတွေ့လိုက်ရသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Apr 05, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Merlin (Season 1| Myanmar Translation)Onde histórias criam vida. Descubra agora