Unicode//
ရဲတိုက်ကြီးအတွင်းရှိ ဘုရင့်ညီလာခံခန်းမငယ်တွင် ဘုရင်နှင့်တကွ အခြားတော်၀င်အကြီးအကဲများ စုေ၀း၍အစည်းအဝေးထိုင်နေကြသည်။ အစည်းအဝေးရှိလူများမှာ အာသာနှင့် ဂိုင်းယက်စ်အပါအ၀င် အားလုံးဟာဘုရင်ယုံကြည်ရသော အတွင်းလူများသာဖြစ်သည်။ ဆွေးနွေးကြသည့်ကိစ္စမှာအခြားတော့မဟုတ်။ လက်ရှိပြန့်ပွားနေသော ရောဂါကိုထိန်းချုပ်နိုင်ဖို့အရေးပင်ဖြစ်သည်။
"အကယ်၍ အဲ့ကလေးမကို ကွက်မျက်လိုက်တာက ရောဂါကိုမရပ်တန့်နိုင်ဘူးဆိုရင်ကော..... တိုင်းပြည်ကိုဘယ်လိုကာကွယ်ရမလဲ" အူသာက စကားစလိုက်တော့..
"ကျွန်တော့်လူတွေလည်း ရေထွက်ပေါက်တွေထိသေချာ လိုက်ကြည့်ပြီးပါပြီ.. ဒါမဲ့ ဘာမှမတွေ့ကြဘူး" အာသာပြောတာကိုဘုရင်က သေချာနားထောင်နေပေမဲ့ ဘာမှတော့ပြန်မပြောချေ။ ထိုအခါ ဂိုင်းယက်စ်က၀င်ပြောသည်။
"အရေးပေါ်ရေထောက်ပံ့ပေးထားတဲ့ကိစ္စကလည်း အကြာကြီးတောင့်ခံနိုင်မှာမဟုတ်ပါဘူးအရှင်...ကျွန်တော်တို့ ရေသံုးစွဲတဲ့စနစ်တစ်ခုလုံးကို သန့်ရှင်းပစ်မှဖြစ်ပါလိမ့်မယ်"
"အဲ့တာကဟုတ်ပေမဲ့....ဘယ်လိုလုပ်မှာလဲ" ဘုရင်ကမေးတော့ ဂိုင်းယက်စ်လည်းသေချာရှင်းပြဖို့ ထိုင်ခုံမှထလိုက်ရင်း...
"အဲ့ဒါက-"
"ဂျလောက်!!"
ပြောဖို့စကားစရုံပဲရှိသေး ရုတ်တရက်ခန်းမတံခါးကုိအရှိန်နဲ့ ဖွင့်ပြီး၀င်လာတဲ့မာလင့်ကိုတွေ့လိုက်ရ၍ ဂိုင်းယက်စ်လည်းစကားစပြတ်သွားသည်။
အေမာတေကာ၀င်လာသည့် ကောင်လေးကြောင့်ခန်းမထဲရှိလူများမှာလည်း မာလင့်ထံအကုန်လံုးအာရုံရောက်သွားပြီး အနောက်ကအစောင့်နှစ်ယောက်ဆိုရုတ်တရက်မို့ လှံကုိပါကောက်ကိုင်မိသွားကြသည်။"အဲ့တာကျွန်တော်ပါ!!.....ဂွမ်ရဲ့အဖေကိုကုပေးဖို့မှော်သုံးလိုက်တာ ကျွန်တော်လုပ်လိုက်တာပါ!"
"ဂွမ်ကမှော်ဆရာမဟုတ်ပါဘူး...တကယ့်မှော်ဆရာကကျွန်တော်ပါ!!.."
မာလင်ရဲ့ ရုတ်တရက်ဆန်တဲ့ကဗြောကသောစကားများကြောင့် ခန်းမထဲရှိလူများအားလုံးငြိမ်သက်သွားရသည်။ အာသာလည်းရုတ်တရက်မို့ ဒီကောင်ဂေါက်သွားတာလား ဆိုသည့်အမူအရာမျိုးနှင့်ပင်။ ဂိုင်းယက်စ်ကတော့အကြောင်းသိသူမို့ မျက်လံုးအပြူးသားဖြင့်...
YOU ARE READING
Merlin (Season 1| Myanmar Translation)
Historical FictionUnicode ရှေးတုန်းကမှော်ပညာတွေထွန်းကားနေချိန်ကမ်းမလော့ဆိုတဲ့ တိုင်းပြည်ကြီးမှာတော့ ဆိုးဝါးတဲ့ဖြစ်ရပ်တွေရှိခဲ့တာကြောင့် ေမှာ်ပညာကုိပြင်းထန်စွာပိတ်ပင်ထားခဲ့ပါတယ်။ထိုတိုင်းပြည်ကြီးကို မွေးရာပါမှော်အတတ်ပါတဲ့ကောင်လေးတစ်ယောက်ရောက်ရှိသွားတဲ့ေနာက်မှာတော့...