Ep 3_Chapter 2

55 10 2
                                    

Unicode//

မနက်မိုးသောက်အလင်းရောက်လာလို့ ‌ေနရောင်ခြည်များမှာ ကမ္ဘာမြေကြီးပေါ်ဖြာကျလျက်ရှိသည်။ သဘာ၀တရားကြီးက အေးချမ်းသာယာနေသော်ငြား သဘာ၀အ‌ေလျာက်မဟုတ်တဲ့ကိစ္စတွေကြောင့် ကမ်းမလော့မြို့ကြီးမှာတော့ သာယာနာပျော်ဖွယ်ရှိမနေပါချေ။

ရဲတိုက်ရှေ့ရင်ပြင်တွင် အလောင်းများတစ်ရက်ထက်တစ်ရက်မရွေး တိုးများလာပြီး လူတွေလည်းထိတ်လန့်နေကြ၏။ ထိုမြင်ကွင်းကို ရေတွင်းမှတစ်ဆင့် ဖန်သားပြင်လို ကြည့်နေသော မိန်းကလေးတစ်ဦးသည်‌ေကျနပ်စွာရှိနေသည်ကိုလည်း မည်သူမှသိနိုင်မည်မဟုတ်‌‌ေသး‌ေပ။

..........

"မထိနဲ့..."

ဂိုင်းယက်စ်စကားကြောင့် စားပွဲပေါ်မှ ဖန်ပုလင်းလေးကို ကိုင်မလို့လုပ်နေသော အာသာ့လက်များတွန့်သွားရသည်။ ထိုလက်နှစ်လုံးစာ ဗျက်ပမာရှိသော ဖန်ပုလင်းလေးရှိရေထဲတွင်ပန်းလေးတစ်ခုနှစ်ထားပြီး ထိုပန်းလေးသည် နဂိုအရောင်ခရမ်းမှ အဖြူစွတ်စွတ်ဖြစ်နေပြီဖြစ်သည်။

"ဒီပန်းကိုရေထဲမှာ အကြာကြီးထားထားတာမဟုတ်ဘူး ခဏလေးနဲ့တင်ပြောင်းသွားတာ"

ဂိုင်းယက်စ်က ဖန်ပုလင်းက်ု‌်‌ိကြည့်ရင်းပြောလိုက်တာကြောင့် အာသာရော ဘုရင်ပါမျက်ခုံးတွန့်မိသွားသည်။ ရောဂါရဲ့အရင်းအမြစ်ကိုသိရတာနဲ့ ဂိုင်းယက်စ်က မနက်ကတည်းက ဘုရင်ကိုလာ‌ေလျှာက်ကြားခြင်းဖြစ်သည်။

"ဒီရေက ဘယ်ကလဲ" ဘုရင်ကမေးတော့..

"ပြည်သူတွေနေ့စဉ်သုံးနေတဲ့ရေကပါ"

"ဒါဆို ရေသုံးတာကိုရပ်မှဖြစ်မှာပေါ့" အာသာကစိတ်ပူဟန်နဲ့ပြောလိုက်သည်။

"ဒါပေမဲ့ ရေမရှိလို့လည်း မဖြစ်ဘူးလေ"

"အဲ့ဒီ မှော်ဆရာကိုအမြန်ရှာမှရတော့မယ်" စဉ်းစားနေဟန်ပေါ်သည့် ဘုရင်က စိုးရိမ်နေသောလေသံဖြင့်ပြောလိုက်တော့..

"မြို့ထဲမှာတော့ ဘယ်လိုမှရှိမှာမဟုတ်ဘူး အဖေ"

"ဒါဆို ရွာတွေကိုပတ်ရှာလေ"

"ကျွန်တော်တို့ စရှာနေပါပြီ...ဒါပေမဲ့ တစ်ပြည်လုံးကိုအချိန်တိုလေးနဲ့ ပိုက်စိတ်တိုက် ရှာဖို့ကမဖြစ်နိုင်ဘူး"

Merlin (Season 1| Myanmar Translation)Dove le storie prendono vita. Scoprilo ora