Part-1(Z+U)

20 3 2
                                    

Zawgyi

သိင်္ခသရာဇ်ခေတ်၊ ဘုရင်မင်းကြီး သိင်္ခဓမ္မရာဇာ
အုပ်စိုးတဲ့တိုင်းပြည်ဖြစ်၍ သိင်္ခသရာဇ်ခေတ် ၊
သိင်္ခသရာဇ်တိုင်းပြည်ဟုအမည်တွင်သည်။
ရွှေငွေအထွက်ပေါများပြီး ၊
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့တိုင်းပြည်
ဖြစ်သည်။ တိုင်းပြည် တစ်တွင်းလုံးယခုအချိန်တွင်
အေးအေးချမ်းချမ်းနှင့် သာယာလျက်ရှိသည်။
သို့သော် မကြာခင် စစ်ရေးတစ်ခုဖြစ်တော့မည်ဟု
ကြေညာထားသည်။ ထုံးစံအတိုင်း ထိုစစ်ရေးကို
သိင်္ခသရာဇ်ပြည်၏အိမ်ရှေ့စံ သိင်္ခသုန္နရ ဦးဆောင်မည်ဖြစ်၍ တိုင်းသူပြည်သားအားလုံးက မိမိတို့အိမ်ရှေ့စံအားယုံကြည်အားကိုးကြသည်။
ထိုအိမ်ရှေ့စံကရော........

သိင်္ခသရာဇ်ပြည်၏ မြို့ထဲတွင်ဖြစ်သည်။
အဝတ်အထည်ရောင်းသူများ၊ ကျောက်မျက်ရတနာရောင်းသူများနှင့်စည်ကား
လှသည်။ မိန်းမပျိုတို့က ထဘီတောင်ရှည်နှင့်
ခါးထိရှည်သောရင်ဖုံး တို့အားဝတ်ဆင်ကြသည်။
ထိုမိန်းမပျိုတို့၏ ဝတ်ဆင်ပုံကိုကြည့်မည်ဆိုလျှင်
ယိုးဒယားဘက်ဝတ်စုံနှင့်ပင်အနည်းငယ်ဆင်တူ
သည်။ယောက်ျားသားများလည်းထိုနည်း
လည်းကောင်းပင် နက်မှောင်ရှည်လျားသော
ဆံကေသားတို့အား ယောင်ထုံးထုံးလျက်နှင့် တောင်ရှည်ပုဆိုးကိုဝတ်ဆင်လျက် ပိုးချည်၊ဖျင်ချည်၊အမျိုးမျိုးသောအစဖြင့်
ချုပ်လုပ်သော အင်းင်္ကျီလည်စိကိုသာ
ဝတ်ဆင်ကြသည်။မြို့ထဲအုန်းအုန်းကျက်ကျက်နှင့်
့်စည်ကားလှသည်။

မိန်းမပျိုတို့၏ မျက်ဝန်းအစုံတို့သည်
တစ်နေရာသို့အရောက် တွင်တော့ရှောင်လွဲရန်
ခဲဆွဲထားသလိုပင်ဖြစ်ကြရသည်။
ထို့သို့ဖြစ်ရသည်မှာလည်း
ကိုယ်ရံတော်နှစ်ယောက်၏အလည်မှနေ၍
မျက်ခုံးကောင်းကောင်းနှင့် နှုတ်ခမ်းတို့ကအပြုံးအရယ်မရှိ၊ သို့ပေမယ့်
နူးညံ့တဲ့မျက်ဝန်းတစ်စုံတို့က ကြင်နာတတ်တဲ့နှလုံးသားကို ဖော်ပြနေလေသည်။
ဖြောင့်စင်းတဲ့နှာတံနဲ့အတူ ရှည်လျားလှတဲ့အရပ်အမောင်း၊ ကျယ်ပြန့်လှတဲ့
ရင်အုပ်တို့က မိန်းမသားတို့ အားကိုးချင်စရာအတိ။

ထိုသူမှာ လူချမ်းသာတစ်ဦး,ဦးတို့၏ အိမ်တော်မှဖြစ်မည်။ ဝတ်ပုံစားပုံတို့က
သူဋ္ဌေးသားဆန်သည်ဟုယူဆရမည်။
သူဋ္ဌေးသားလေးသည် မြို့အတွင်းမှာလည်ပတ်နေရင်း
စာအုပ်ပေါင်းထောင်းချီရောင်းချသောဆိုင်ကြီး
ရှေ့သို့အရောက် ခြေလှမ်းတို့ရပ်တန့်လိုက်သည်။

Entering the 21st centuryWhere stories live. Discover now